အပိုင်း (၂ )

1.3K 97 9
                                    


" ဖူးလေး ဘာဖြစ်နေတာလဲ?  "

အရမ်းသောက်ချင်လွန်းလို့ မရမက ဂျီတိုက်ပြီး ဝယ်ခိုင်းခဲ့သည့် ဖျော်ရည် က သူမတောင် မသောက်လိုက်ရဘဲ အမည်မသိဟာမကြီးကြောင့်... ဟွန့်

သူမကြောင့် အင်္ကျီ ပေသွားတာ အားနာပေမယ့် ရှေ့မကြည့်နောက်မကြည့် လှည့်လိုက်တာအဲလူအပြစ်ကြောင့် ကိုယ့်အပြစ်ကိုယ့်ခံရတာ

ပွင့်ဖူးသစ် ဆိုတဲ့ သူမက အစားတလိုင်းပါ ဟုတ်ပါတယ် ချစ်ရမယ့်လူ မဟုတ်ဘူး မိဘတွေသဘောတူထားလူဆို ပိုမှန်လိမ့်မယ့်...

" ဖူး ကိုယ့် မေးနေတယ်လေ "

ပြည့်စုံ ဖူးဘက်ကိုလှည့်မေးလိုက်တော့မှာ အတွေးထဲက ထွက်လာတဲ့သူမ

" ဘာမှမဖြစ်ပါဘူး ကိုကို ဖူးကို အိမ်ဘဲ ပြန်လိုက်ပို့တော့နော် "

" ဖူးဘဲ ဝက်သားထုတ်ထိုးစားအုံးမှာဆို "

" စားချင်စိတ်မရှိတော့ဘူး အိမ်ဘဲ ပြန်မယ် "

ပြည့်စုံ ကားကို လမ်းရှင်းတဲ့ နေရာရှာက အရင်ရပ်လိုက်ပြီး ဖူးကို သေချာကြည့်ရင်း

" နေများမကောင်းတာလား?ဒါမှမဟုတ် စိတ်ကောက်နေတာလား?"

သူမ နဖူးပေါ် လာစမ်းတဲ့ ပြည့်စုံလက်ကို ဖယ်လိုက်ပြီး

" နေကောင်းတယ် ဘာမှမဖြစ်ဘူး ကိုကို ဖူးပြောတဲ့အတိုင်းသာ လုပ်ပေးပါ "

" ဟုတ်ပါပြီဗျာ "

ပွင့်ဖူးသစ် ဘာကြောင့်မှန်းမသိ စိတ်ထဲ တခုခုကို မကျေနပ်နိုင်ပါ သေချာတာက ပြည့်စုံကြောင့် မဟုတ်ပါ စိတ်ထဲကနေ အကြိမ်ကြိမ်သက်ပြင်းချလိုက်ရင်း

မိဘတွေ သဘောတူထားပေမယ့် ပြည့်စုံကို သူမ အကိုရင်းတယောက်လိုသာ ခင်မင်မိတယ် ပြည့်စုံဘက်က သူမအပေါ် ဘယ်လိုခံစားချက်ရှိလဲ ဆိုတာ သူမ မသိချင် စိတ်လဲ မဝင်စားခဲ့ပါ

သူမ အတွေးထဲနစ်နေတာ အိမ်ရှေ့ရောက်နေသည့်တောင် သတိမထားမိခဲ့

" ဖူး ဖူး "

ဖူး ပခုံးကို ကိုင်ကာ သတိပေးလာတဲ့ ပြည့်စုံကြောင့်

ကောင်မလေး မသိတဲ့ အချစ်Where stories live. Discover now