အပိုင်း (၁)

3.2K 103 15
                                    


အချစ်... .....?

အက္ခရာ အတွက်တော့ အချစ်ဆိုတာ ဘာမှ အရေးမပါတဲ့အရာတခုလိုပါဘဲ တခါမှာလဲ အချစ်မခံရသလို တခါမှာလဲ ကိုယ့်ဘက်က ချစ်ခဲ့တယ်ဆိုတာ မရှိခဲ့ပါ

" ရာရာရေ သွားရအောင် "

အောက်ထပ်ကနေ အော်ခေါ်နေတဲ့ ငယ်ပေါင်းကြီးဖော် သူငယ်ချင်းမလေး

မိဘတွေ မရှိတော့ကတည်းက အက္ခရာက အဘွားတို့နဲ့ အတူနေခဲ့ရသည်။ အနေအေးတာလား?  ဘာမှကိုစိတ်ထဲမထည့်တတ်တဲ့ အက္ခရာ ဆိုတဲ့သူမ အတွက်တော့ အဘိုးအဘွား စကား တခွန်းဆို တခွန်းပင်..

စီးပွားဖတ်တွေဖြစ်သလို အဘွားတို့နဲ့လဲ ခင်မင်ရင်းနှီးတဲ့ မိတ်ဆွေတွေဖြစ်နေတာမို့ အိမ်ထဲ အော်ချင်တိုင်း အော်ခေါ်လို့ ရနေတဲ့ သူငယ်ချင်းလေးကို သူမ တခုခုတော့ လုပ်ရအုံးမည် ။

အက္ခရာ ဆင်းလာတော့မှာ အော်နေတာ ရပ်ပြီး သွားဖြီးပြနေတဲ့ ဒင်းကြောင့်

" မြေးလေး ရာရာ နောက်ဆို ချက်ချင်းဆင်းလာပါကွယ် မဟုတ်ရင် ဘွားဘွား နားစည်ကွဲလိမ့်မယ်ကွယ် "

" ဟုတ် ဘွားဘွား "

အဘွားဖြစ်သူကို ရာရာ ခေါင်းငုံပြက မနက်လင်းတာနဲ့ ကောင်းကျိုးမပေးတဲ့ ဟာလေးကို အပြင်ခြံထဲသို့ ခေါ်ထုပ်သွားလိုက်ရ၏။

" ပြောပါအုံး ဘာကိစ္စလဲ နွေမခ "

" ရာရာကလဲ ခခက ဒီနေ့ ကျောင်းအတွက်လိုအပ်တာတွေ သွားဝယ်မလို့ လာခေါ်တာပါ ပြီးတော့ ရာလဲ အပြင်သွားချင်တယ်ဆို "

အဲတာတော့ ဟုတ်သည့် အက္ခရာ အပြင်ထွက်ချင်သည့် ဘွားဘွားတို့က နွေမခပါမှာ ထွက်ခွင့်ပေးသောကြောင့် အက္ခရာ အတွက် စိတ်ကျဉ်းကျပ်ရတယ်

" အပြင်တော့သွားချင်တယ် ဒါပေမယ့် ခ "

" ဟင့် " .

" အိမ်လာရင်လေ ခုနှစ်အိမ်ကြား ရှစ်အိမ်ကြားလောက်ကို မအော်ပါနဲ့လား "

အက္ခရာအပြောကြောင့် နွေမခ သူပါးစပ်သူပိတ်လိုက်ပြီး

" အဲဒီလောက်ကျယ်လို့လား?  "

ကောင်မလေး မသိတဲ့ အချစ်Where stories live. Discover now