တံခါးဖွင့်ဖွင့်ချင်းမှတင် ထိုင်ခုံမှာစောင့်ကြိုနေသော
ခါးနားနီးပါးရှိတယ့် luggage တစ်လုံး
ဘေးကဆိုဖာပေါ်မှာတော့
လွန်ခဲ့တယ့် ဆယ်စုနှစ်တစ်စုနီးပါးက သိခဲ့သည်ဆိုသော်ငြား မိမိမမှတ်မိပဲရှိနေသော အမျိုးသားငယ်" အင်း အာ့တော့ ငါကမင်းကိုထိန်းရမယ်ပေါ့ "
' ထိန်းရတယ်လို့တော့မဟုတ်ဘူးဗျ
နည်းနည်းပါးပါးပါးကြည့်ရှုစောင့်ရှောက်ပေးရုံပါပဲ
ကျနော့ကိုယ်ကျနော်ထိန်းနိုင်ပါတယ် 'ငူငူဆူဆူမဟုတ်ပဲ မဆိုသလောက်အပြုံးလေးနဲ့ခွန်းတုန့်ပြန်ပုံအရ သိပ်တော့မခေ ။
အသက်20 လို့တော့ Kim ကပြောပါသည်
ကြမ်းပေါ်ချထားတယ့်ဖိနပ်တွေရဲ့ခြေတံဆင်းနဲ့တင် ပုံမှန်ထက် အရပ်ပိုရှည်လောက်သည်လို့ နားလည်လိုက်သည်
Kim က ကျောင်းတက်တုန်းက Basketball အသင်းရဲ့ trainer
မိသားစုစီးပွားတောင့်တယ့်ကျနော်က အချိန်တန် company ဝင်ရမည်မို့ ဝါသနာပါသည့် Basketball ကို တစိုက်မတ်မတ်လုပ်ခဲ့သည်Kim နဲ့လည်းအရမ်းခင်ခဲ့သည်
မသိလျှင် ညီအကိုဝမ်းကွဲများဟုပင်ထင်ခဲ့ကြသည်အထိဒီကလေးနဲ့ ရင်းနှီးသလိုခံစားနေရလို့ထင် စကားပြောအဆင်ပြေသည်
ခက်တာက စိတ်ကခင်နေသော်ငြား လူကိုမမှတ်မိ
လုံးဝကိုမမှတ်မိတာမျိုး' အနည်းဆုံးတက္ကသိုလ်ပြီးလောက်အထိနေဖြစ်မှာမို့ ဦးနဲ့ အဆင်ပြေပြေနေချင်ပါတယ်
အမ်း ... ဦးလို့ခေါ်လို့အဆင်ပြေလားနော်
အကိုလို့ခေါ်ရတော့ တစ်မျိုးပဲ အသက်အရမ်းမကွာတော့လေ ...
နေတာကတော့ ကျနော်နဲ့၃လလောက်နေကြည့်ပါ အဆင်မပြေဘူး ဆိုရင် ၃လလောက်ဆို နေရအသားကျလောက်ပြီမို့ တခြားနေရာလည်းရှာနေလို့နိုင်ပါတယ် ...... '" အင်း နေကြည့်ကြတာပေါ့ ... မင်းကြည့်ရတာတော့ ငါနဲ့သိပ်ကီးမကိုက်မယ့်ပုံမပေါက်ပါဘူး
ငါ လည်းသည်းခံတတ်ပါတယ်ကွ "
ESTÁS LEYENDO
We Jus 2 [ Zawgyi , Unicode ]
Fanficotp - leader Im & Maknae kim Congratulations to JUS2 & Gift for my birthday