သည်းငယ်​ ( Unicode)

46 3 0
                                    

တံခါးဖွင့်ဖွင့်ချင်းမှတင် ထိုင်ခုံမှာစောင့်ကြိုနေသော
ခါးနားနီးပါးရှိတယ့် luggage တစ်လုံး
ဘေးကဆိုဖာပေါ်မှာတော့
လွန်ခဲ့တယ့် ဆယ်စုနှစ်တစ်စုနီးပါးက သိခဲ့သည်ဆိုသော်ငြား မိမိမမှတ်မိပဲရှိနေသော အမျိုးသားငယ်

" အင်း အာ့တော့ ငါကမင်းကိုထိန်းရမယ်ပေါ့ "

' ထိန်းရတယ်လို့တော့မဟုတ်ဘူးဗျ
နည်းနည်းပါးပါးပါးကြည့်ရှုစောင့်ရှောက်ပေးရုံပါပဲ
ကျနော့ကိုယ်ကျနော်ထိန်းနိုင်ပါတယ် '

ငူငူဆူဆူမဟုတ်ပဲ မဆိုသလောက်အပြုံးလေးနဲ့ခွန်းတုန့်ပြန်ပုံအရ သိပ်တော့မခေ ။

အသက်20 လို့တော့ Kim ကပြောပါသည်

ကြမ်းပေါ်ချထားတယ့်ဖိနပ်တွေရဲ့ခြေတံဆင်းနဲ့တင် ပုံမှန်ထက် အရပ်ပိုရှည်လောက်သည်လို့ နားလည်လိုက်သည်

Kim က ကျောင်းတက်တုန်းက Basketball အသင်းရဲ့ trainer
မိသားစုစီးပွားတောင့်တယ့်ကျနော်က အချိန်တန် company ဝင်ရမည်မို့ ဝါသနာပါသည့် Basketball ကို တစိုက်မတ်မတ်လုပ်ခဲ့သည်

Kim နဲ့လည်းအရမ်းခင်ခဲ့သည်
မသိလျှင် ညီအကိုဝမ်းကွဲများဟုပင်ထင်ခဲ့ကြသည်အထိ

ဒီကလေးနဲ့ ရင်းနှီးသလိုခံစားနေရလို့ထင် စကားပြောအဆင်ပြေသည်
ခက်တာက စိတ်ကခင်နေသော်ငြား လူကိုမမှတ်မိ
လုံးဝကိုမမှတ်မိတာမျိုး

' အနည်းဆုံးတက္ကသိုလ်ပြီးလောက်အထိနေဖြစ်မှာမို့ ဦးနဲ့ အဆင်ပြေပြေနေချင်ပါတယ်
အမ်း ... ဦးလို့ခေါ်လို့အဆင်ပြေလားနော်
အကိုလို့ခေါ်ရတော့ တစ်မျိုးပဲ အသက်အရမ်းမကွာတော့လေ ...
နေတာကတော့ ကျနော်နဲ့၃လလောက်နေကြည့်ပါ အဆင်မပြေဘူး ဆိုရင် ၃လလောက်ဆို နေရအသားကျလောက်ပြီမို့ တခြားနေရာလည်းရှာနေလို့နိုင်ပါတယ် ...... '

" အင်း နေကြည့်ကြတာပေါ့ ... မင်းကြည့်ရတာတော့ ငါနဲ့သိပ်ကီးမကိုက်မယ့်ပုံမပေါက်ပါဘူး
ငါ လည်းသည်းခံတတ်ပါတယ်ကွ "

Vous avez atteint le dernier des chapitres publiés.

⏰ Dernière mise à jour : Oct 10, 2020 ⏰

Ajoutez cette histoire à votre Bibliothèque pour être informé des nouveaux chapitres !

We Jus 2 [ Zawgyi , Unicode ]Où les histoires vivent. Découvrez maintenant