အင်္ဂလိပ်​စာတတ်​လို​သော်​-၁

238 13 2
                                    

အင်္ဂလိပ်စာတတ်လိုသော် - ၁
(Self study လုပ်ချင်သူများအတွက် ရည်ရွယ်ပါတယ်။)

ကိုယ်က စာဖတ်ဝါသနာပါလို့ ကိုယ်ဖတ်တဲ့စာအုပ်လေးတွေ(အထူးသဖြင့် အင်္ဂလိပ်စာအုပ်တွေ)ကို ဖေ့ဘွတ်ပေါ်တင်မိတယ်။ ဒါကြောင့်ထင်ပါရဲ့။ မနေ့တနေ့က ဖေ့ဘွတ်ပေါ်က ညီမငယ်တစ်ယောက်က အင်္ဂလိပ်စာလေ့လာချင်လို့ ဘယ်ကစလေ့လာရမလဲပြောပါဆိုတာနဲ့ အင်္ဂလိပ်စာလေ့လာတာက ကျယ်ပြန့်ပါတယ်။ သေချာရေးပေးပါ့မယ်ဆိုပြီး မအားတာနဲ့ လက်မရောက်ဖြစ်ဘူး။ ခုတော့ ဒီကနေတဆင့်ပဲ ကိုယ်လေ့လာခဲ့တာကို ရေးပြတာပေါ့။ လိုချင်သူတွေယူကြ၊ မလိုသူတွေကျော်သွားပေါ့။ ကိုယ်ကိုတိုင်က self study လုပ်ခဲ့ရတော့ ကိုယ်လုပ်ခဲ့တဲ့လမ်းကြောင်းကိုပဲ ပြန်ပြောရတာပေါ့။ မှန်တာတွေကိုအတုယူ မှားခဲ့တာတွေလည်း သင်ခန်းစာပေါ့။
အဲဒီညီမငယ်မေးတာနဲ့ဆက်စပ်ပြီး လွန်ခဲ့တဲ့တနှစ်ကျော်က ကိုယ်နဲ့အတူတွဲသွားတွဲလာလုပ်ခဲ့တဲ့ ညီငယ်လေးတစ်ယောက်မေးတာကို ပြန်အမှတ်ရတယ်။ ကိုယ်က ဘယ်နေရာသွားသွား လက်ထဲမှာ အင်္ဂလိပ်စာအုပ်တစ်အုပ်အမြဲပါတယ်။ နေ့တိုင်းအလုပ်သွားလည်း ဒီအတိုင်းပဲ။ အိတ်ထဲမှာ စာအုပ်တစ်အုပ်အမြဲပါတယ်။ ကားစောင့်ရင်းဖတ်၊ ရထားစီး ကားစီးရင်းဖတ်ပေါ့။ အလုပ်သွား အလုပ်ပြန် ဖတ်ဖြစ်ပါတယ်။ ကိုယ်ကအဲလို အင်္ဂလိပ်စာအုပ်တွေဖတ်နေတာမြင်တော့ သူကမေးပါတယ်။ " အကိုလေး..ကျွန်တော်လည်း အကိုလေးလို အင်္ဂလိပ်စာတတ်ချင်တယ်။ ဘယ်လိုလေ့လာရမလဲ" တဲ့။ ကိုယ်ကလည်း လွှတ်ကနဲ အားမနာလျှာမကျိုးပြောမိပါတယ်။ "အင်္ဂလိပ် အဘိဓာန်ကနေ နမူနာစာကြောင်း လေးငါးထောင်လောက် ကူးရေးပြီး အထပ်ထပ်ဖတ်။ မကျက်နဲ့။ ကျက်တယ်ဆိုရင် ရတော့ပစ်ထား နောက်တော့မေ့ကောလို့။ အဲလို ၂ နှစ်လောက်လုပ်ရင် အသေအချာတတ်တယ်" လို့ပြောမိတယ်။ အဲတော့ သူက "ဟာ အကိုလေးကလည်းဗျာ...တဲ့။ မတတ်လို့သင်ချင်တာ မနောက်ပါနဲ့...တဲ့။ Dictionary ကစာကြောင်းတွေ ဘယ်လို နားလည်မှာလဲတဲ့။ တကယ်တော့ ကိုယ်ကနောက်တာ မဟုတ်ပါဘူး။ ကိုယ်တွေတုန်းက ဒီလိုလုပ်ပြီးတတ်ခဲ့တော့ တကယ်တတ်စေချင်လို့ လောကြီးပြီး သူ့တို့အင်္ဂလိပ်စာ အဆင့်အတန်းကို မေ့ပြီးပြောမိတယ်။

အင်္ဂလိပ်​စာနှင့်​ပတ်​သက်​သမျှWhere stories live. Discover now