(Part-2)

789 67 20
                                    

လွန်‌ခဲ့‌သော တစ်‌နာရီခန့်‌က~~

Seoulမြို့တစ်‌‌နေရာ၌~~

ည‌နေခင်းရဲ့‌လေ‌ပြေက ‌အေးမြလှသည်‌...
ပြိုင်‌ဘီးအနီ‌ရောင်‌‌လေးရဲ့ဘီးနှစ်‌ဘီးက ကတ္တရာလမ်းမ‌ပေါ်တွင်‌ တရိပ်‌ရိပ်‌လည်‌ပတ်‌‌နေလျက်‌ရှိသည်‌......

ပြိုင်‌ဘီးလေးကို ကျွမ်းကျင်‌စွာ စီးနင်း‌နေ‌သော
သူမရဲ့နီညို‌ရောင်‌ဆံနွယ်‌‌တွေက ‌လေထဲမှာ တလွင့်‌လွင့်‌.....

ဖြူနု‌သောအသားအ‌ရေသည်‌နေ‌ရောင်‌အနည်းငယ်‌ထိုးကျ‌နေတာ‌ကြောင့်‌ နီရဲလျက်‌ရှိသည်‌....
ခပ်‌စူးစူးမျက်‌၀န်းတစ်‌စုံက ပတ်‌၀န်းကျင်‌သို့ တစ်‌ချက်‌တစ်‌ချက်‌‌ဝေ့ကြည့်‌‌နေရင်း အန္တရာယ်‌ကင်းကင်းဖြင့်‌ စိတ်‌ချစွာသွားနိုင်‌မယ့်‌လမ်းကို ရှာ‌ဖွေ‌နေလျက်‌....

အတန်‌ကြာ‌အောင်‌ လမ်းမ‌ပေါ်တွင်‌
‌ရွေ့လျား‌နေ‌သော စက်‌ဘီး‌လေးက
တစ်‌‌နေရာတွင်‌ ရပ်‌တန့်‌သွားခဲ့သည်‌......

စက်‌ဘီး‌လေးရဲ့ ရပ်‌တန့်‌ရာ‌နေရာက‌တော့ Coffeeဆိုင်‌‌လေးတစ်‌ဆိုင်‌ရဲ့‌ရှေ့မှာ....

သူမစက်‌ဘီး‌ပေါ်မှဆင်းကာ စက်‌ဘီးကို‌သော့ခတ်‌ခဲ့ရင်း ဆိုင်‌ထဲသို့ဝင်‌လာခဲ့သည်‌....မျက်‌၀န်း‌တွေက တစ်‌စုံတစ်‌‌ယောက်‌ကို ရှာ‌ဖွေ‌နေသလိုမျိုး....

"Sharon!ငါတို့ဒီမှာ...!"

အသံ‌ကြောင့်‌ သူမလှည့်‌ကြည့်‌လိုက်‌မိ‌တော့ Coffeeဆိုင်‌ရဲ့ ‌ထောင့်‌ဆုံးခုံမှာထိုင်‌လျက်‌ သူမကိုလက်‌ပြ‌နေတဲ့ Sana....

သူမထိုထိုင်‌ခုံဆီသို့‌လျှောက်‌သွားရင်း ၀င်‌ထိုင်‌လိုက်‌ကာ ‌ကျောပိုးအိတ်‌ကို စားပွဲ‌ပေါ်တင်‌လိုက်‌သည်‌....

"Momo!ငါ့‌တောင်‌မ‌စောင့်‌ဘဲ စား‌သောက်‌‌နေတယ်‌‌ပေါ့ဟုတ်‌လား..!"

‌ဘေးမှ သူမကိုပင်‌‌မော့မကြည့်‌နိုင်‌ဘဲ ဘာဂါကို ပါးစပ်‌ထဲအတင်းသွပ်‌ထည့်‌‌နေတဲ့ momo‌ကျောကို တစ်‌ချက်‌ပုတ်‌လိုက်‌ပြီး သူမ‌ပြောလိုက်‌‌တော့...

"၀ါဝန်‌....၀ါ....၀ူး....၀ူး...၀ါး..၀ါး....!"

ပလုပ်‌ပ‌လောင်း‌လေသံနှင့်‌ အလျင်‌အမြန်‌
‌ဖြေရှင်းချက်‌‌ပေး‌နေ‌သော momoကို သူမလက်‌ကာပြရင်း....

<She,the one who ticketed on me>[Michaeng]Donde viven las historias. Descúbrelo ahora