[Part-4]

597 46 9
                                    

"Youngie...''

ရင်းနှီးနေတဲ့လေသံ ခပ်စူးစူးကြောင့် Chae မျက်ဝန်းတွေ ပြူးကျယ်ဝိုင်းစက်သွားတယ်...။သူမကို နောက်ကျောကနေ ဖက်ထားတဲ့ လူကို ရိပ်စားမိသွားခဲ့ပြီ....။

"Jeong Unnie...''

ရင်ထဲက အပျော်တွေက လှိုက်တက်လာတာမို့လို့ ချက်ချင်း အနောက်လှည့်ပြီး သူ့ကို အားရပါးရ ဖက်လိုက်တယ်..။ထင်မထားတဲ့လူမို့ အပျော်လွန်ကာ ဘာမှမပြောနိုင်ဘဲ သူ့ကိုဖက်ရင်း အရူးတစ်ယောက်လို ပြုံးနေမိတယ်...။

"Aigoo...ငါတို့Youngieတောင် လူကြီးလုံးလုံး ဖြစ်နေပြီပဲ...''

ဖက်ထားရာကနေ ခွာလိုက်တော့ Jeong Unnieက သူမပုခုံးနှစ်ဖက်ကို ခပ်ဖွဖွပုတ်ရင်း သူမကို ကြည့်ပြီး အားရပါးရရယ်ရင်း ပြောလာတယ်...။

"Chaeက အစကတည်းက လူကြီး ဖြစ်နေတာပါနော်..''

"ဒါပေမဲ့ Unnieအတွက်တော့ မင်းက ကလေးပဲ..''

သူမနဖူးကို လက်ချောင်းတွေနဲ့ စနောက်ပြီး တောက်ရင်း ပြောလာတဲ့ Jeongyeonကြောင့် Chaeyoung ပါးချိုင့်သေးသေးလေးတွေ ​ပေါ်လာတဲ့အထိ အားရပါးရ
ပြုံးလိုက်တယ်...။

_________________________________________

"ဆိုးလ်ကို ပြန်လာတာ အလည်သက်သက်ပဲလား?''

ကြက်ကြော်ကို တစ်ကိုက်ကိုက်ရင်း Chaeမေးလိုက်တော့ သူက ဘီယာတစ်ဘူးကို ဖွင့်လိုက်ရင်း မျက်ခုံးတစ်ဖက် ပင့်ပြတယ်...။ခန့်မှန်းကြည့်ဆိုတဲ့သဘော..။

"ဘယ်လိုထင်လဲ?''

"အလည်ပဲ ဖြစ်မှာပါ..ဟုတ်တယ်မလား..Unnieကတော့ USလို ​နေရာမျိုးကိုရောက်နေပြီပဲကို..''

Chae သူ့ကို မကြည့်ဘဲ စားပွဲကိုသာ ငေးကြည့်ရင်း ပြောလိုက်မိတယ်..။တကယ်ဆိုရင် Jeong Unnieက သူမထက် သုံးနှစ်သာကြီးပေမဲ့ အရမ်းတော်ပြီး ထက်မြက်လွန်းတယ်..။ရည်မှန်းချက်ကြီးပြီး အနေတည်တဲ့ Jeong Unnieလိုလူမျိုးက ကိုရီးယားလိုနေရာကို ပြန်လာပါ့မလား..။

နှစ်ယောက်ကြားက အခြေအနေက တိတ်ဆိတ်သွားတယ်။
ဒါပေမဲ့ ရုတ်တရက် Jeongဆီက  ရယ်သံခပ်သဲ့သဲ့..။

"ဘာလို့ရယ်နေတာလဲ?''

Chaeသူ့ကို မကျေနပ်သလို ကြည့်ရင်း မေးလိုက်တယ်။ နှစ်ပေါင်းများစွာ ကွဲကွာနေတဲ့ ညီမကို ပြန်တွေ့တာကို ခံစားရမယ်မရှိဘဲ လှောင်တောင်လှောင်နေသေး..။

Kamu telah mencapai bab terakhir yang dipublikasikan.

⏰ Terakhir diperbarui: Jul 06, 2020 ⏰

Tambahkan cerita ini ke Perpustakaan untuk mendapatkan notifikasi saat ada bab baru!

<She,the one who ticketed on me>[Michaeng]Tempat cerita menjadi hidup. Temukan sekarang