[Part-3]

445 40 21
                                    

"ဟိတ်‌!ချာတိတ်‌..!"

ရုတ်‌တရက်‌ သူမ‌ရှေ့မှာပိတ်‌ရပ်‌လာ‌သော စက်‌ဘီးအနီ‌လေး...သူမကို တိုက်‌မိလုဆဲဆဲဖြစ်‌သွားတာမို့ လူက‌ဒေါသအနည်းငယ်‌ထွက်‌သွားမိသည်‌...။ဘေးသို့ ရှောင်ပေးလိုက်ရသည် မဟုတ်ပါလား..။

ဟင်...ဒီအသံ....။

နားစည်ဝသို့တိုးဝင်လာသော ဆည်းလည်းသံလို ခပ်ချိုချိုလေသံက....။

ကြားလိုက်‌ရ‌သော စကားသံ‌ကြောင့်‌ ထိတ်‌ခနဲဖြစ်‌သွားကာ ‌မော့ကြည့်‌လိုက်‌‌တော့...

"ဟင်‌...!Mina Unnie..!"

နှုတ်‌ဖျားကလွှတ်‌ခနဲ ‌ခေါ်ဆိုလိုက်‌မိ‌သော အမည်‌နာမဟာလဲ တုန်‌ယင်‌ခြင်း‌တွေအပြည့်‌နဲ့ရယ်‌..
အဓိကအ‌ကြောင်းရင်းက‌တော့ သူမကိုပြုံးပြီးကြည့်‌‌နေတဲ့ ထိုUnnieရယ်‌‌ကြောင့်‌....

"အိုး..!မင်းတို့နာမည်‌ကို သိ‌နေတာလား..?"

အံသြသွားတဲ့ပုံစံနဲ့အနည်းငယ်‌ဟသွား‌သော နှုတ်‌ခမ်းဖျား‌တွေက‌နေ ‌လေသံချိုချို‌လေး ထွက်‌လာတယ်‌...ချိုလိုက်‌တာ..တစ်‌ခါနား‌ထောင်‌မိတိုင်း.ထပ်‌နား‌ထောင်‌ချင်‌မိ‌အောင်‌ပြုစားတတ်‌တဲ့ထို‌လေသံကို
စွဲလမ်းမိ‌နေပြီထင်‌တယ်‌...

ဘယ်‌လို‌တောင်‌‌မေးလိုက်‌တာလဲရှင်‌...ဒီက ရှင့်‌ကိုချစ်‌လွန်းလို့ရှင့်‌အ‌ကြောင်း‌တွေကို လိုက်‌စုံစမ်းထားတာပါ...!နာမည်‌‌လေးသိရုံနဲ့‌တောင်‌ အံ့သြ‌နေတယ်‌ဆို‌ရင်‌ တခြားအ‌ကြောင်းအရာ‌တွေကို သိရင်‌ဘယ်‌‌လောက်‌များအံ့သြသွားမလဲ...

အဲ..‌နေအုံး...ဘာ‌ကြောင့်‌သိတာလဲလို့‌မေးရင်‌ ငါဘယ်‌လို‌ဖြေရမလဲ...ကြံစမ်း...Chae...နင်‌ကြံစမ်း...?

‌အော်‌‌ဟော...အကြံရပြီ...!

‌ခေါင်းထဲမှာရုတ်‌တရက်‌‌ပေါ်လာ‌သောအကြံနဲ့အတူ သူမချက်‌ချင်းသွား‌တွေ‌ပေါ်‌အောင်‌ပြုံးပြလိုက်‌ရင်း...

"ဟို...ဟို...Unnieလည်‌ပင်းက၀န်‌ထမ်းကတ်‌မှာ‌
တွေ့လိုက်‌တာ...!"

စကားသံတို့ဟာလဲတုန်‌ယင်‌လျက်‌...လူကလဲ ခုန်‌နှုန်းမြင့်‌‌နေ‌သောရင်‌ခုန်‌နှုန်း‌ကြောင့်‌ ‌တောင့်‌‌တောင့်‌ကြီး ဖြစ်‌‌နေသည်‌...။ကျောပိုးအိတ်ကြိုးစကိုသာ ခပ်တင်းတင်း ဆုပ်ကိုင်ထားမိသည်...လက်တွေကတော့ တုန်ယင်နေဆဲ..။

<She,the one who ticketed on me>[Michaeng]Hikayelerin yaşadığı yer. Şimdi keşfedin