ဘယ်တုန်းကမှ ရင်ဘတ်ထဲက အသံတွေ ဦးနှောက်ထဲက အတွေးတွေ ထုတ်အော်မပြောဖူးဘူး အခု ဒီနေရာလေးမှာ ထုတ်ပြောချင်မိတယ်
သေလောက်အောင် ချစ်တယ်ဆိုတဲ့စကားတွေအောက်မှာ အရှုံးပေးရလောက်အောင် သိပ်ချစ်တတ်တဲ့ မိန်းကလေး တစ်ယောက်မဟုတ်ခဲ့ဘူး
ချစ်လို့ပါဆိုတိုင်း လိုက်လျောလိုက်ဖို့လည်း စိတ်ပျော့တဲ့ မိန်းကလေးမဟုတ်ခဲ့ဘူး
ဘာမှ အနစ်နာခံပြမနေဘဲ လူဆိုးတစ်ယောက်လို ထားသွားသူဆိုတဲ့ နာမည်ကို ယူခဲ့တယ်
ဘယ်သူသိမလဲ သူ ချစ်တယ်ဆိုတာ ကိုယ်လား ကိုယ့်ခန္ဓာကိုယ်လားတောင် သဲကွဲအောင် တွေးလို့မရတော့တာရယ်
ကိုယ် နားလည်ပေးတတ်တယ်ဆိုပြီး ကိုယ့် ယုံကြည်ပေးမှုကို စော်ကားကြတာရယ်
ရိုးသားကြပါတယ် သူငယ်ချင်းတွေပါဆိုပြီး ကိုယ့်ကို သူများတွေ လာမေးရလောက်တဲ့အထိ အနေအထိုင်တွေ ဆင်ခြင်ခဲ့ကြတာတွေရယ်
ကိုယ်တစ်ခါမှ ပြသနာမရှာဖူးဘူး ကိုယ် သည်းခံနိုင်တဲ့အထိ လိုက်လျောနိုင်တဲ့အထိ ကိုယ်အနားမှာ နေခဲ့တယ်
ကိုယ် အနားက ထွက်သွားတော့မှ ရက်စက်တယ်တဲ့လား
လူတွေရှေ့ ကိုယ်လည်း ငိုပြချင်တယ် အသနားခံချင်တယ် ကိုယ့်အမေရင်းတောင် သနားအောင် နင် ခံစားပြနေတော့လည်း ဒီလူက ဘယ်လိုနေရမလဲတောင်မသိဘူး
အရင်က ၄ နှစ်ကြာ နေခဲ့ဖူးတဲ့ နင့်ဘေးက ကိုယ့်နေရာဆီ ပြန်မသွားဘူးဆိုပြီး ထွက်လာခဲ့တာလေ
ကဗျာဆရာကိုမှ ကုန်ကြမ်းတွေ ပေးခဲ့မိတဲ့ကိုယ် သူ့အသိုင်းဝိုင်းမှာရော ကိုယ့် မိသားစုထဲမှာရော မကောင်းတဲ့သူဖြစ်နေတဲ့ ကိုယ်
ကိုယ်အေးဆေးနေချင်တယ်လေ ထပ်ချစ်ချင်တယ်လေ
ကိုယ့်ကို အချစ်ဆိုတာ ရွံ့သွားအောင် မင်းပဲ သင်ပြနေသလို
ကိုယ်လိုမိန်းကလေးကို ဘယ်လိုကိုင်တွယ်ရမလဲ သိပေမယ့် ခေါင်းမာခဲ့တဲ့ မင်း
ကိုယ်အနိုင်ယူခဲ့တာတွေအများကြီးပါ နာကျင်စေခဲ့တာတွေရောပဲ
အဲ့အတွက်ကြောင့် အရင်ကရော အခုရော လူတွေရှေ့ တစ်ခါမှ ငိုမပြဖူးဘူး
အခုတော့ ပေါက်ကွဲပါရစေ ကိုယ် မခံစားနိုင်ဘူး လူတွေ မင်းကိုသနားနေတာ ကိုယ်က လူဆိုးဖြစ်နေတာ မခံစားချင်တော့ဘူး
ကိုယ် လွတ်လပ်ချင်ပြီကွာ
YOU ARE READING
My Weird Thoughts
AléatoireIt's so suffocating that I need to write down my feelings, insecurities and anxiety..... I am just weird one.....