the end

27 1 0
                                    

RS တစ်ခုကို ရပ်ဆဲလိုက်တယ်
ထားသွားတဲ့သူကိုပဲ လူတွေမြင်ကြတာလေ
အဲ့ဒီ "သူ" ဆိုတဲ့ လူသား
ခံစားရတိုင်း တိတ်ဆိတ်နေခဲ့တာကို သတိထားမိလို့လား
ဘယ်အရာမဆို လွယ်လွယ်ခွင့်လွှတ်ပေးတတ်တာကို တန်ဖိုးမထားတာကို မြင်လို့လား
"သူ"က သက်ဆိုင်သူပါလို့ တရားဝင် ဖော်ပြထားတာတောင်
လေးစားမှုမရှိတဲ့ ပတ်သတ်မှုတွေကို တွေ့မိရဲ့လား

ကိုယ့်အတွက်က ရှင်းပါတယ်
ဘာကြောင့်တွဲလဲဆို "ချစ်လို့"
ဘာကြောင့်ပြတ်လဲဆို "မချစ်တော့လို့"

"နှစ်ဦးသဘောတူ လက်တွဲပြီးမှ ထားသွားရတာ ပျော်လား"
အင်း ပျော်တယ် မပျော်ဘူးဆိုတာထက် ကိုယ်သက်သာသွားတယ် ပေါ့ပါးသွားတယ် ကိုယ် ခံစားရတာတွေ ထုတ်မပြောတတ်ခဲ့တဲ့အခါ ကိုယ် သေလောက်အောင် မွန်းကျပ်ခဲ့တာ

မဖောက်ပြားပါဘဲနဲ့ ကိုယ့်ကိုပဲ ချစ်တဲ့သူကို ထားသွားခဲ့တာ
ကိုယ်ရက်စက်တာဆိုတာ ကိုယ်သိပါတယ်
အဲ့ဒီ "မသက်ဆိုင်တော့သော ရင်းနှီးခဲ့တဲ့ လူသား" ကိုပြောချင်တာ အနားမှာနေရင်း တိတ်ဆိတ်လာတဲ့ ကိုယ့်ကို သတိထားမိခဲ့လား ကိုယ်သဝန်မတိုတတ်ပေမယ့် ခံစားတတ်တဲ့ လူသားဆိုတာ သိရောသိရဲ့လား ချစ်လို့ လက်ခံခဲ့တာလေ ချစ်တယ်ဆိုတာ ခံစားတတ်တဲ့ မိန်းကလေးတစ်ယောက်ဆိုတာ သိရောသိရဲ့လား

ကိုယ့်အကြောင်း သိတယ်မဟုတ်လား သည်းခံနိုင်တဲ့အထိ အနားမှာနေခဲ့တာ ကိုယ်ထွက်သွားတယ်ဆိုတာ ကိုယ့် limit ကျော်သွားလို့ ဘာလို့ warning မပေးတာလည်းရော စွပ်စွဲဦးမလား warning ပေးခဲ့တာပေါ့ ၄ နှစ်မြောက်ဖြစ်တဲ့ 2018 မှာ  "ငါပင်ပန်းနေပြီ ငါထွက်သွားချင်ပြီ" ဆိုတာ အဆင်မပြေ ကတောက်ကဆဖြစ်တိုင်းပြောတယ်

၎ နှစ်အတောအတွင်း ဂရုစိုက်ပေးခဲ့တာ ချစ်ပေးခဲ့တာ အားလုံးကျေးဇူးတင်တယ် အဲ့အချိန်တွေက အမှန်တရားတွေ အလိမ်အညာမဟုတ်ဘူး တကယ်ချစ်ခဲ့တာ ကိုယ်ဆက်မချစ်နိုင်တာ sorry ပါကွယ်

ဆက်တွဲရင် 5th anni ဖြစ်မယ့်နေ့က ဖြစ်ပေါ်ခဲ့တဲ့ စိတ်ခံစားချက်ကို ဒီနေ့မှ ထုတ်ရေးနိုင်တယ် hkhk

6/6/2019

My Weird ThoughtsWhere stories live. Discover now