Joon ကရိုးသားကြိုးစားကာ...ထက်မြတ်တဲ့လူတစ်ယောက်ဖြစ်သည်။ ဆောက်လုပ်ရေးလုပ်ငန်းမှာအလုပ်လုပ်ပြီး
မိခင်အိုကြီးကို လုပ်ကျွေးနေသူဖြစ်သည်။တစ်ရက် Joon ရဲ့လည်ပင်းကို Violent cell လာမှန်သည်။ Joon ကရည်းစားမရှိတဲ့သူမို့ ခပ်ပေါ့ပေါ့သာနေလိုက်သည်။သူ့လည်ပင်းကိုလာမှန်တာ violent cell ဖြစ်ချင်မှ
ဖြစ်မှာလေ...သူ့မှာရည်းစားမှမရှိတာ...
အခုမှာ violent cell ကနာမည်ကြီး
နေတာမို့...စိတ်ထင်တာလဲ ဖြစ်ကောင်းဖြစ်မည်လေ...Joon ကတော့ ပုံမှန်တိုင်းလည်ပတ်နေရင်း...အမေဖြစ်သူ
အတွက် စားစရာအချို့နှင့်ဟင်းသီးဟင်းရွက်တွေဝယ်လာတယ်။
Joon အိမ်ပြန်ရောက်တာနဲ့ သူ့အမေလာကြိုတဲ့အခါမှာ Joon စိတ်တွေ လေးလန်လာလေသည်။*Omma...ကျွန်တော်လေ Violent cell
ထိထားတယ်နဲ့တူတယ်*'ဟေ...TV ကကြော်ငြာထားတာလား...
သား...အဲ့ဒါဆို စခန်းကိုဖုန်းဆက်ထားမှထင်တယ် 'အမေက ဖုန်းကိုယူရင်း သက်ဆိုင်ရာရဲစခန်းကိုဖုန်းဆက်အကြောင်းကြားလေသည်။
'အင်း...ကျွန်မသားမှာချစ်သူရည်းစားတော့မရှိဘူး...အဲ့ဒါကတော့သေချာတယ်။ '
"အဲ့ဒါဆို...အကျိုးသက်ရောက်မှုမရှိလောက်ပါဘူး။အခုဟာကရည်းစားတွေပဲ ဖြစ်နေတာဆိုတော့လေ...စိတ်ချပါအန်တီ
မနက်ဖြန် ကျွန်တော်တို့လာခဲ့ပါ့မယ်။ "'အေးအေး...လူလေးဒါပဲနော်။ '
Omma ဟာဖုန်းဆက်ပြီး အနောက်လှည့်လိုက်တာနဲ့ Omma ကိုင်ထားတဲ့ဖုန်းလေးဟာအောက်သို့ကျသွားလေသည်။
'သား!!!
အို...ငါ့သားလေးမျက်နှာက...'ငိုသံတွေ စွတ်လာသလို Omma တဖြည်းဖြည်း အနောက်သို့ဆုတ်သွားခဲ့တယ်။
' သားရယ်...သတိထားပါအုန်း။
Ommaလေသားရဲ့သား...'အမေဖြစ်သူရဲ့ ခြေလှမ်းတွေ အနောက်ဆုတ်သွားသလို Joon ကလည်းOmmaဆီဓားကြီးကိုင်ကာ
ရှေ့တိုးလာသည်။
Omma ငိုယိုကာ...အခန်းထဲသို့အမြန်ပြေးဝင်ရင်း
တံခါးကို lock ချလိုက်သည်။
ပြီးတော့....' ဘောပင်...ဘောပင်ဘယ်မှာလဲ။
စာရွက်ကော...'သူမ မျက်ရည်တွေ ဝိုင်းနေတဲ့ကြားကအသည်းအသန်လိုက်ရှာသည်။