၈နာရီလောက်လာခဲ့လို့ lineမှာပြောလိုက်တာကြောင့် ပျင်းရိရိနဲ့seokiတစ်ယောက် အပေါ်ဆုံးထပ်ကွင်းပြင်မှာရပ်စောင့်နေသည်။ နေဝင်ချိန်မှောင်စဖြစ်တာကြောင့် အပေါ်ကကြည့်ရသည့်မြင်ကွင်းမှာလဲ ပန်းချီကားတစ်ချပ်လိုလှနေပေသည်။
°ဝါး လှလိုက်တာ...... ငါဒီနေ့ကံကောင်းတယ်နဲ့တူတယ် အဟိ°
တစ်ယောက်ထဲ ဟိုကြည့်ဒီကြည့်နဲ့သာ......
၈နာရီခွဲခါနီးမှyoongiရောက်လာသည်။
*Sorry နောက်ကျသွားတယ်*
°ဒါနဲ့ jung...kook.....°
ခေါင်းလေးငိုက်စိုက်ကာသူမနှုတ်မှထွက်လာတဲ့အမည်နာမ်စားလေးတစ်ခု......
*မေ့လိုက်*
°အသုဘတော့လိုက်ပို့လိုရတယ်မလား°
*မသွားနဲ့ အရမ်းရုပ်ပျက်နေပြီမို့*
Yoongi က သူမကြောက်နေမည်စိုးတာကြောင့်မသွားခိုင်းသော်လဲ......
သိမ်သိမ်မွေ့မွေ့မဟုတ်တဲ့seokiကတော့ ငါလဲမြင်ဖူးချင်တာပေါ့.... ဆိုတဲ့စကားလေးကိုလွှတ်ခနဲထွက်သွားသေးသည်။
*မြင်တော့ကောဘာလုပ်မို့လဲ*
°ဟင်....°
မရတော့ဘူး......
ကြောင်တောင်တောင်လေးနဲ့ကြည့်နေတဲ့သူမကို အူတွေယားလာပြီ။
ဒီလောက်ဆို ချစ်တယ်လို့ တစ်ခွန်းလောက်ဖွင့်ပြောလို့ ရမလား။
သူများတွေဆိုပြောလို့ရပင်မဲ့ ငါကဘယ်သူ့ကိုမှချစ်လို့မဖြစ်ဘူး.....*Ji...seoki...*
°seokiလို့ခေါ်ပါ....Jiဆိုတာမျိုးရိုးနာမည်ကြီး°
ပြုံးဖီးဖီးနဲ့ပြောလာတဲ့သူမ.....
ကြည့်ရတာခံစားချက်တစ်ခုကိုကြာကြာမထားတတ်ပုံပဲ....အကြောက်အလန့်လဲမရှိ..*မင်း...ငါ့ကိုကြိုက်နေတာမလား*
အူကြောင်ကြောင်နဲ့ လိုက်တုန်းကလိုက်ပြီးအခုမှ..
°အဲ့..အဲ့ဒါက...jungkook....ကအောင်..သွယ်....°တလုံးချင်းပြောလာတဲ့သူမစကားကိုyoongiဖြတ်ပြောလိုက်တယ်။
*aww အာ့ဆိုငါ့ကိုမကြိုက်ဘူးပေါ့*
°မဟုတ်ဘူးချစ်တာ°
