*Jungkook ya ဂရုစိုက်မောင်းနော်*
'Ar hyung ကလဲ ဒီပွဲနိုင်ရင် ကျွန်တော် soheeဆီကအဖြေရမှာ'
*အေးပါ*
'Nae...'
ပြိုင်ကားတွေတန်းဆီနေတဲ့နေရာမှာ yoongi ရှိနေခြင်းဖြစ်သည်။ ကောင်းမောင်းပြိုင်ရတာ အရမ်းသဘောကျတဲ့Jungkookကတော့ အလံကိုင်တဲ့ မိန်းမချော လေး soheeကိုအဖြေတောင်းထားလေရဲ့....
ညခင်းမှောင်မိုက်မိုက်ကြား ကားမီးရောင်တွေကိုအားပြုလျက်လင်းသယောင်ယောင်တော့ရှိ၏။
ပြိုင်မဲ့ထဲ yoongi မပါပါ။ သူနဲ့အတူ ကောင်မလေးတစ်ယောက်ကလဲရှိနေပြန်သည်။ကားမောင်းပြိုင်တော့မည့် jungkook သူနိုင်မည်ဟုသာကြွေးကျော်လျက်..'hyung ပွဲစတော့မယ် '
*အင်းအင်း*
ပြိုင်ပွဲစတော့မှာမို့ နောက်ပြန် ခြေလှမ်းတွေဆုတ်ပေးရင်း ဘေးပလပ်ဖောင်းပေါ်နေရာယူထားလိုက်တော့တယ်။အမှန်တိုင်းပြောရလျင် yoongi ကJungkookကိုsoheeနဲ့ရည်းစားမဖြစ်စေချင်ပါ။
Sohee ကရည်းစားရှုပ်သည်လေ....ပြိုင်ပွဲစတော့မှာမို့ အလံကိုင်တဲ့ sohee လိမ်ထားတဲ့ဆံပင်တွေနဲ့ ပြေပျစ်တဲ့မျက်နှာကို တောက်ပအောင်မိတ်ကပ်နဲ့ပြု ပြင်ထားသေးသည်။ ထင်ရှားလှတဲ့ခန္ဓာကိုယ်ကိုပိုထင်ရှားအောင် ကျပ်ရပ်တဲ့အင်္ကျီကိုဆင်မြန်ထားသည်။ ချက်ပေါ်အတိုအင်္ကျီနှင့် တိုလွန်းတဲ့ ဘောင်းဘီ... အပေါ်မှ ပါးလွှလွှအကုန်ဖောက်မြင်ရတဲ့ ပုဝါပါးကို စည်းထားသည်။ထို့အတူ ၆လက်မမြင့်သည့် brand ဒေါက်ကို စီးထားသည်။
သွေးသွယ်လှပပြီးမိန်းမပီသလှတဲ့ခန္ဓာကိုယ်ကြောင့် Jungkook ကြိုက်တာမဆန်းပါ။
ပြိုင်ကားတွေရှေ့ ၆လက်မဒေါက်ကို တဒေါက်ဒေါက်မြည်အောင်စီးရင်း သူမ ကားတွေဖြတ်ရင် လွတ်မဲ့နေရာကိုဝင်လိုက်သည်။
ပြိုင်ကားများကိုကျောပေးလျက်.. သူမခါးမှာပတ်ထားတဲ့ပုဝါပါးကို ဖြေလိုက်ရင်း... ထိုပုဝါပါးကိုလက်တစ်ပြန်မြှောက်ကာ ကျန်တစ်ဖက်က ခါးကိုထောက်လျက်... မော်ဒယ် တွေတောင်ထိုင်ငိုလောက်တဲ့ smart ကျ လှပလွန်းတဲ့သူမပုံစံ... ညခင်းရဲ့မှောင်မိုက်မှုက ပန်းချီကားနောက်ခံအဖြစ်တည်ရှိပေးနေသလို ကားမီးရောင်တွေကလဲစလိုက်မီးကဲ့သို့ အလင်းရောင်များ ပေးစွမ်းလျက်...
![](https://img.wattpad.com/cover/181403789-288-k527805.jpg)