Zawgyi
ဒီနေ့ကိုယ့်ရဲ့ ရှူးဂါးဒယ်ဒီက လာခေါ်မယ်ပြောထားသဖြင့် ရှိသမျှအဝတ်အစားလေးတွေကို ထုပ်ပိုးပြီး ဧည့်ခန်းဟုမဆိုသာသော နေရာကျဉ်းကျဉ်းလေး၌ ထိုင်စောင့်နေမိသည်...
ထိုင်စောင့်နေရင်း မနေ့က အကြောင်းစဉ်းစားမိတော့ မျက်နှာကပြုံးလာသလို ဒယ်ဒီဆိုသူကိုလည်း သတိရလာသည်...အချိန်ခဏလေးအတွင်းမှာ သူ့ဆီပျော်ဝင်သွားတဲ့ ကိုယ့်ကိုယ်ကိုယ်လည်း အံ့ဩမိပါရဲ့...မနေ့ကပေါ့...သူက ကိုယ့်ကို လိုက်ပို့ပြီး အိမ်ရှေ့ရောက်တော့ ကိုယ်ကသူ့ကိုနှုတ်ဆက်ပြီးဆင်းမလို့လုပ်တဲ့အချိန် သူက ကိုယ့်လက်ကို ပြန်ဆွဲကာ နှုတ်ခမ်းတွေကို အတင်းလိုက်နမ်းနေတယ်လေ...သိတယ်မလား ကိုယ်ကလည်း ဒီဂွင်စောင့်နေတဲ့သူလို့ပြောလို့ရတာမို့ ရလာတဲ့အခွင့်အရေးကို အမိအရအသုံးချပြီး သူ့ကိုကိုယ့်ပေါင်ပေါ်တင်ပြီး ပွတ်သတ်နမ်းလိုက်တာမို့ ဒါရိုင်ဘာမင်ဆိုသူခမျာမှာလည်း မျက်နှာကြီးနီပြီး ကားပေါ်ကနေပြေးဆင်းသွားပါရောလား...
*တီ တီ*
ဟော..တွေးရင်းတောရင်း သူရောက်လာတာမို့ ကိုယ့်အထုပ်လေးကို ဆွဲပြီး အိမ်တံခါးပိတ်ခါ..သူ့ကားပေါ်တက်ထိုင်လိုက်သည်...
ကားပေါ်ရောက်တော့ သူက laptopတစ်လုံးကို တစ်တောက်တောက်နဲ့ခေါက်ပြီး အလုပ်ရှုပ်နေတာမို့ ပထမဦးဆုံးအကြိမ်အနေနဲ့ လျစ်လျူရှုကာနေလိုက်သည်...တစ်လမ်းလုံးလည်း ဘာစကားမှမပြောမိသလို ကိုယ်ကလည်းအပြင်ဘဲကြည့်ကာလိုက်ငေးနေတာမို့ သူနဲ့ကိုယ့်ကြားက အနေခက်မှုကြီးသာကြီးစိုးနေတယ်...ဒယ်ဒီ ခင်များကျွန်တော့်ကို လျစ်လျူရှုတယ်ဗျာ...အိမ်ရောက်တော့သူက laptopပိတ်ပြီး ကိုယ့်ကိုလာဆွဲခေါ်တာမို့ အသာတကြည့်လိုက်သွားလိုက်တယ်...
"ကဲ အားလုံးပဲ ဂရုစိုက်နားထောင် ဒါကိုယ့်ရဲ့ သည်းငယ်ပဲ...မင်းတို့တွေအားလုံးရဲ့သခင်ဆိုလည်းမမှားဘူး အေး..ကိုယ့်သည်းငယ်ကို ထိခိုက်ပြီးပြောတာတို့ စောင်းမြောင်းပြီးပြောတာတို့ဆို မင်းတို့အားလုံးတစ်ယောက်မကျန်အလုပ်ဖြုတ်ပစ်မယ်ကြားလား...!!"
"ဟုတ်ကဲ့ပါ!!!"
အိမ်ထဲရောက်ရောက်ခြင်းကိုယ့်လက်ကို ဆုပ်ကိုင်ကာ သူ့အိမ်ရဲ့အလုပ်သမားတွေကို ကိုယ်နဲ့ပတ်သတ်ပြီးအထိခိုက်မခံနိုင်ကြောင်းတွေပြောနေတာမို့ ရင်ထဲမယ် လိပ်ပြာတွေများပျံနေသလားမှတ်ရအောင် တလှပ်လှပ်နဲ့....ခံစားချက်လေးကို ကြိုက်လိုက်တာ...ဒယ်ဒီ ကိုယ်ခင်များကို ရွေးချယ်ခဲ့တာမှန်တယ်ဆိုတာ ကိုယ်ယုံကြည်တယ်...
YOU ARE READING
𝚂𝚞𝚐𝚊𝚛𝙳𝚊𝚍𝚍𝚢(𝙲𝙷𝙰𝙽𝚂𝙾𝙾)
Romancesugar daddy လား..? လိုချင်တာပေါ့...ဒါမဲ့ အဲ့sugar daddy က ကျွန်တော့ကို မွေးစားမယ့် အချိန်ထိ စောင့်နေမှာမဟုတ်ဖူး...ကျွန်တော့်ကိုမွေးစားအောင်..ကျွန်တော်ကိုယ်တိုင်ပဲ ဖန်တီးမှာ....!