ZawGyi
'"ဒီဓာတ်ပုံတွေနဲ့ ပတ်သတ်ပြီးကိုယ့်ကို သည်းငယ်ရှင်းပြစရာမရှိဘူးလား?''
ရေချိုးခန်းထဲမှ တစ်ပတ်တစ်ထည်သာပတ်ရင်းထွက်လာတဲ့ ချန်းယောလ်ကို ဂယောင်ဆူး ဓာတ်ပုံတွေပြရင်း မေးမိသည်... သူအတတ်နိုင်ဆုံး ဒေါသထိန်းရင်းပြောနေသော်လည်း ချန်းယောလ်မျက်နှာမှာတော့ လှောင်ပြုံးတစ်ခုသာ ချိတ်ဆွဲလျက်~
''ဘာမှမဟုတ်ပါဘူး Daddyရယ်..အဟင်း သိတယ်မလား ဟိုအရင်တုန်းက အဆက်ဟောင်းတွေထဲက တစ်ယောက်.."
ချန်းယောလ်က ဘာမှမဖြစ်သလိုပြောနေပေမယ့် ဂယောင်ဆူးရင်ထဲမှာတော့ ပူလောင်လျက်~
''အင်းပါ..ကိုယ်သည်းငယ်ကိုပဲယုံမယ်နော်~''
ချန်းယောလ်ရဲ့ပြန်စကားကိုတောင်မစောင့်ဘဲ အခန်းထဲမှ အစောတလျင်ထွက်လာမိသည်..ခြံထဲကဒန်းလေးပေါ်မှာထိုင်ရင်း ဓာတ်ပုံထဲက ပုံရိပ်တစ်ချို့ကို ပြန်လည်မြင်ယောင်လာသည်...အဆိုးဆုံးပုံကတော့ သူကိုယ်တိုင် သည်းငယ်အတွက်ရွေးဝယ်ထားပေးတဲ့ အပြာရင့်ရောင်ကားထဲမှ မျက်နှာနှစ်ခုထပ်နေသောပုံပင်~
သည်းငယ်က အချိန်တိုအတွင်းမှာသူ့စိတ်ခံစားမှုနဲ့အတွေးတွေကို လွှမ်းမိုးထားနိုင်နေပြီ...သည်းငယ်ရဲ့ပါဝါကပဲကြီးတာလား သူကိုယ်တိုင်ကပဲ သည်းငယ်ဆိုရင်နေရာအပြည့်ပေးနေမိတာလား...? ဘာပဲဖစ်ဖြစ်သည်းငယ်ကိုယုံရမယ်..သည်းငယ်မင်းကို ကိုယ်ယုံကြည်မယ်နော် ကိုယ့်ယုံကြည်မှုကိုတော့ အလွဲသုံးစားမလုပ်ပါနဲ့ကွာ~
Ring~ Ring~
တွေးရင်းတောရင်းနဲ့ phဝင်လာတာမို့ contact nameကြည့်လိုက်တော့ သူ့ရဲ့စီးပွားရေးသူငယ်ချင်း အိုမီယာ
''အေးပြော မီယာ"
''ဟဲ့ နင်နဲ့ငါမနက်ဖြန်တွေ့ကြရအောင်''
''hol~ငါကနင်နဲ့လာတွေ့ရအောင် နင်ကငါ့ရည်းစားလား''
စီးပွားရေးကိစ္စနဲ့ပတ်သတ်ပြီးမှ ခင်မင်ရင်းနှီးခဲ့ရသော်လည်း မီယာက သွက်လက်ပေါ့ပါးပြီး ပေါင်းသင်းဆက်ဆံရေးကောင်းတဲ့ မိန်းကလေးဖြစ်တာကြောင့် တကယ့်ငယ်ပေါင်းကြီးဖော်တွေလိုပင်~
YOU ARE READING
𝚂𝚞𝚐𝚊𝚛𝙳𝚊𝚍𝚍𝚢(𝙲𝙷𝙰𝙽𝚂𝙾𝙾)
Romancesugar daddy လား..? လိုချင်တာပေါ့...ဒါမဲ့ အဲ့sugar daddy က ကျွန်တော့ကို မွေးစားမယ့် အချိန်ထိ စောင့်နေမှာမဟုတ်ဖူး...ကျွန်တော့်ကိုမွေးစားအောင်..ကျွန်တော်ကိုယ်တိုင်ပဲ ဖန်တီးမှာ....!