ကျန်းဟုန်းဆိုသောကောင်မလေးတစ်ယောက်သူငယ်ချင်းရဲ့ ဈာပနကိုဝမ်းနည်းစွာနဲ့သွားခဲ့တယ် သူငယ်ချင်းဆိုသည်မှာ သူမအားချစ်ခွင့်ပန်ဖူးသူ။ သူမသည်ကား ရုပ်ကရောမလှ။ ဝဝတုတ်တုတ်နဲ့ ရုပ်ဆိုးမလေးပေါ့။ သူမသည်ထိုဆုံးသွားသောသူငယ်ချင်းအားမချစ်၍မဟုတ်။ သို့သော်သူငယ်ချင်းအဖြစ်သာချစ်သည်။ သို့ပေမယ့် သူမသူငယ်ချင်းဆုံးတော့အရမ်းခံစားနေရလေသည်။ အခြားသူငယ်ချင်းများကလည်း သူမကြောင့်ဟု ထင်မြင်ယူဆကြသည်။ အဘယ်ကြောင့်ဆိုသော် သူမနဲ့ ဖုန်းဆက်အပြီး ဆုံးပါးသွားခြင်း။ အမှန်ကားထိုသို့မဟုတ်။ သူမသူငယ်ချင်းဆရာဝန်လောင်းလေးမှာစာတော်၍ ရန်သူများသည်။ ထိုရန်သူများက အခွင့်အရေးရကြ၍ ဝိုင်းသမလိုက်ကြခြင်း။ ထိုအဖွဲ့ မှာ အဖွဲ့ခေါင်းဆောင်၏အကိုဝမ်းကွဲမှာငွေကြေးချမ်းသာမှုကြောင့် အရေးယူခြင်းမခံရပေ။ ထိုအကိုဆိုသူအား သူမစုံစမ်းနေခဲ့သည်။ ထိုအမှန်တရားသိသူမှာ သူမနှင့် သူမအကိုဝမ်းကွဲကျားလော်တို့သာရှိသည်။
30,3,2019
ဤနေ့ကားသူမသူငယ်ချင်းရက်လည်နေ့ သူမသွားချင်ခဲ့သည်။ သို့သော် အခြားသူငယ်ချင်းများကြောင့် သူမမသွားတော့ရန်ဆုံးဖြတ်ကာ သူမအကိုဖြစ်သူကျားလော်အားအစားသွားစုံစမ်းရန်စေလွှတ်ခဲ့သည်။ ထိုနေ့ညမှာပင်သူမသည် လူတစ်ချို့ကြောင့်လက်ချက်ကြောင့် မေ့လဲသွားခဲ့သည်။ နောက်နေ့ရောက်တော့ သူမ နိုးလာခဲ့သည်။ သို့သော်အခြေမနေတွေပြောင်းနေချေသည်။ ကထမအချက်သူမသည် 2019၌ရှိနေခြင်းမဟုတ်။ ဒုတိယတစ်ချက် မှန်ထဲမှာမြင်နေရတာသူမမဟုတ်။ ကောင်ချောလေးတစ်ယောက်သာဖြစ်သည်။ တတိယတစ်ချက်သူမရောက်နေတာ သူမအိမ်မဟုတ်။ ဒါနဲ့ သူအိမ်အောက်ဆင်းလာတော့ဘယ်သူမှရှိမနေ။ သူဖိနပ်တရံအားကောက်လျိုကာထိုအိမ်မှထွက်လာမိသည်။ သို့နှင့် လမ်းမကြီးဘက်ရောက်တော့ထူးခြားစွာ ကားတွေရှုပ်နေလေသည်။ ထိုမှ ဤနေရာသည်သူမွေးရပ်မြေမဟုတ်မှန်းသိခဲ့ရသည်။ သူလမ်းလျှောက်ရင်းကားတစ်စီးလာနေသည်ကိုသတိမထားမိဘဲ
![](https://img.wattpad.com/cover/183158581-288-k401776.jpg)
YOU ARE READING
ထူးကဲချိုမြိန်သော
General Fictionကျော်ဇေယျာထွန်း စီးပွားရေးလုပ်ငန်းရှင်သူဌေးတစ်ဦး။ top 10စာရင်းဝင်သူဌေးတစ်ဦး။ အချစ်ရေးစိတ်မဝင်စားသူ။ လောကကြီးမှာအချစ်ရေးက ဘာမှမဟုတ်ဟုခံယူထားသူ။ ကျန်းဟုန် မိန်းကလေးဘဝကနေ မတရားယောက်ျားလေးဘဝကိုပြောင်းခြင်းခံရသူ။ အချ...