Episode 9

1.5K 205 3
                                    

Zawgyi

ကိုယ့်​ကို​ခေါ်လာ​တော့ ဘာ​ကြောင့်​များလဲမှတ်​တာ
ဒီလို​တွေလုပ်​​နေတာကိုး...မဟုတ်​​တောင်​ဟိုတစ်​​နေ့က ဖုန်းနံပါတ်​​တောင်းထားလို့ မျက်​နှာ​တောင်​ဘယ်​နားထားရမလဲမသိတာကို

Chae: ရှင်​ သွားချင်​တဲ့​နေရာကိုသွားလို့ရတယ်​​နော်
            ကျမကိုအားမနာနဲ့

Tae: ကိုယ်​က မင်းနဲ့သွားချင်​တာဆိုရင်​​ရော

အဲ့ဒီ "ကိုယ်​"ဆိုတဲ့ အသုံးအနှုန်းကအူယားစရာ​ကောင်းလိုက်​တာ...

Chae: ကျမကဘယ်​မှသွားမှာမဟုတ်​ဘူး...အိမ်​ပြန်
            မလားလို့

Tae: မပြန်​ရပါဘူး...သွားကစားကြမယ်​​လေ

ဟော...ပိုင်​စိုးပိုင်​နင်းနဲ့ ဟို​နေ့က​တော့စွာ​နေလိုက်​တာ သူမဟုတ်​သလိုနဲ့

Chae: မကစားချင်​ဘူး

Tae: လာ...မရဘူးသွားမယ်

လက်​ကိုလာဆွဲပြီး လတ်​မှတ်​သွားဝယ်​ဖို့လုပ်​​နေပြန်​ပါပြီ

Chae: လက်​ကြီးမဆွဲထားပါနဲ့လားဟင်

Tae: ​အော်​...sorry

နေကလည်း​ပူရတဲ့အထဲမှာ rollercoaster စီးဖို့ကလည်းတန်းစီရ​သေးတယ်​....

ချွေးကလည်းထွက်​ ​ဘောင်းဘီတိုနဲ့ ​နေရထိုင်​ရတာ တကယ့်​ကို အဆင်​မ​ပြေဘူး

Tae: အရမ်းပူ​နေလား

Chae: နည်းနည်းပါးပါး​ပေါ့

တကယ်​​တော့ ပူတာမှ အရည်​​ပျော်​​တော့မယ်
ခဏကြာ​တော့ ကိုယ့်​​ခေါင်း​ပေါ်​ရောက်​လာတဲ့ အရာတစ်​ခု....ဟင်​ ငါ့ကိုသူ့ဦးထုပ်​​ဆောင်း​ပေးတာလား

Chae: ရပါတယ်​ ရှင်​ပူ​နေမှာ​ပေါ့ ​ရော့ ပြန်​ယ

Tae: ​ဆောင်းထား...အပူရှပ်​မှာစိုးလို့

ဦးထုပ်​ကိုပြန်​​ဆောင်း​ပေးလာတဲ့သူ...
သေချာကြည့်​​တော့မှ ​နေ​ရောင်​ထဲမှာ ​​တော်​​တော်​ glow ဖြစ်​​နေတဲ့သူ

Tae: လာ...ကိုယ်​တို့အလှည့်​​ရောက်​ပြီ

တကယ်​စီးရမယ်​လည်းဆို​ရော လူက​တောင့်​​တောင့်ကြီး
ဖြစ်​​နေပါ​လေ​ရော...​ခြေဖျားလက်​ဖျား​တွေလည်း​အေးစက်​​နေပြန်​ပြီ။

Everything But You [Completed]Where stories live. Discover now