Episode 14

1.5K 180 2
                                    

Zawgyi

"ဖြန်း"

အ​တွေး​တွေနဲ့ကွဲပြားစွာ သူ့ကိုရိုက်​လိုက်​မိသည်​။ ဒါ​ပေမဲ့
သူ့ကို အလွယ်​​လေးပြုမူ​နေတာ​တွေအတွက်​​တော့ ခံသင့်​တယ်​မလား.....

"Yoon.....ကိုယ်​.."

"အပြုအမူ​တွေဆင်​ခြင်​ပါ Park Jimin shi~ အရင်​လိုမှမဟုတ်​​တော့တာ..."

ခပ်​ရွဲ့ရွဲ့​ပြုံးကာ သူမထွက်​သွားလိုက်​သည်​။ ကျန်​ခဲ့တဲ့သူက​တော့မယုံကြည်​မှု​ပေါင်းများစွာနဲ့.....

ကိုယ့်​ကို ရှင်းပြခွင့်​​လေး​တောင်​မ​ပေးနိုင်​​တော့တာလား....

~

~

သူမ​မေ့ပစ်​မှဖြစ်​မည်​။မ​မေ့နိုင်​​သေးဘူးဆိုရင်​​တောင်
စိတ်​နာနာနဲ့​မေ့ပစ်​ချင်​ပါရဲ့.....

အိမ်​ပြန်​တဲ့လမ်းတစ်​​လျှောက်​လုံးလည်း မျက်​ရည်​​တွေနဲ့သာအ​ဖော်​ပြုခဲ့ရပြန်​သည်​။

ဘာမှလုပ်​ချင်​ကိုင်​ချင်​စိတ်​လည်းမရှိ အိပ်​ရာထဲသာတိုးဝင်​မိ
ပြန်​သည်​။ ထို့​နောက်​ သူမမျက်​စိကျသွားမိသည်​က စားပွဲ​ပေါ်က ကတ္တီပါဘူးအပြာ​ရောင်​​လေး.....

သူ​ပေးထားတဲ့ဆွဲကြိုး​လေး.....
ကိုယ်​ အရမ်းမြတ်​နိုးတန်​ဖိုးထားခဲ့ရတဲ့အရာ​လေး.....

သူထွက်​သွားတဲ့​နေ့ကစလို့ သူမဆွဲကြိုး​လေးကိုသိမ်းထားခဲ့တာ....ဘာရယ်​​တော့မဟုတ်​ ​ပြောင်းလဲသွားတဲ့သူ့​ကြောင့်
သူမဆက်​မဆွဲထားသင့်​ဘူးဟု ထင်​မိသည့်​အတွက်​ပင်​ဖြစ်​သည်​။

တကယ်​​တော့ရှင်းပြတာ​တွေကိုလည်း နား​ထောင်​ချင်​ရဲ့သားရဲ့ ကိုယ့်​မာနကသာအရာအားလုံးကိုဆွဲထားတာမလား.....

"ဂျိမ်း....."

မိုးခြိမ်းသံ​ကြောင့်​သူမတစ်​ချက်​တွန့်​သွားသည်​။ပုံမှန်​ဆို သူမကဒါ​တွေ​ကြောက်​တတ်​သူ​တော့မဟုတ်​ ဒီ​နေ့​မှ
နည်းနည်းလန့်​မိတာ​တော့အမှန်​ပင်​...Chaemin လည်း duty ​ကြောင့်​အိမ်​မှာမရှိ​တော့ပိုဆိုးသည်​။

"​ဝေါ...​ဝေါ..."

လေတိုက်​သံ​တွေပြင်းလာလို့ လိုက်​ကာကိုအသာဆွဲဖွင့်
ကြည့်​​တော့ ​မှောင်​မဲ​နေတဲ့​ကောင်းကင်​ကြီး....လျှပ်​စီး​တွေလည်းလက်​လို့ မြင်​​ယောင်​မိလာသည်​က က​လေးဘဝကအတိတ်​ဆိုးတစ်​ခု.....

Everything But You [Completed]Where stories live. Discover now