Zawgyi
လူတွေကကိုယ့်ဘဝထဲကို မခေါ်ပဲနဲ့ဝင်လာကြပြီး
မနှင်ပဲနဲ့လည်း ထွက်သွားတတ်ကြတယ်....အခုလည်း သူမကမခေါ်ပဲနဲ့ သူမဘဝထဲကိုဝင်လာတဲ့
ကိုယ်က ဒီတစ်ခါတော့ သူမကမနှင်လွှတ်ပဲနဲ့ထွက်သွားရတော့မယ်ထင်ပါရဲ့..."Park Jimin!!! မင်းကိုအခုတွဲနေတဲ့ကောင်မလေးနဲ့ မမြင်ချင်တော့ဘူး"
"အဲ့တာ ကျနော့်ကိစ္စပါ အဖေ"
"မင်း ငါစီစဉ်ပေးတာကို လက်ခံရင်လက်ခံ ဒါမှမဟုတ်ရင် ဟိုကောင်မလေးရဲ့အသက်ကို အာမမခံနိုင်ဘူးနော်"
"အမြဲတမ်း အဖေ့စိတ်တိုင်းကျပဲလုပ်ပေးနေရမှာလား"
ဘာအဖြေစကားမှ ပြန်အဖြေမကြားရတဲ့နောက်...
"ကျနော် U.S က ရုံးခွဲကိုသွားပေးမယ်...ဟိုစေ့စပ်ပွဲကိစ္စကိုတော့ ဖျက်သိမ်းပေးပါ...Yoon ကိုလည်းမထိခိုက်ပါစေနဲ့...."
ကျလုနီးပါးမျက်ရည်တွေကိုရော တဆစ်ဆစ်အောင့်နေတဲ့ ရင်ဘတ်ကြီးကိုရော လျစ်လျူ ရှုပြီးထွက်လာခဲ့ရတဲ့ Jimin..
၅နှစ်ဆိုတဲ့ အချိန်ကာလတစ်ခုလုံး သူမရဲ့ဘေးနားမှာ အရာရာပေးဆပ်ဖို့အတွက်ရှိနေပေးခဲ့တာကို....
အခုချိန်မှဘယ်လိုစိတ်နဲ့ သူမဘေးကနေထွက်သွားနိုင်မှာလဲ...
"တီ..တီ..တီ..Hello Taehyung ငါ့တို့ဒီနေ့
တစ်ခွက်လောက်သောက်ရအောင်..."................................................................
"ဒေါက်..ဒေါက်"
"လာပြီ....."
"ဟင်...Taehyung oppa"
"Bin ရေ ..ဒီကိုခဏလာပါဦး"
Bin: ဘာဖြစ်လို့လဲChae..ဟင် ကို..သောက်ထား
တာလား...Jimin: အေ့..တစ်ခွက်တည်းပါ Yoonရယ်..အေ့
Chae: အိမ်ထဲကို အရင်ခေါ်လိုက်လေ...
မှင်သေသေနဲ့ရပ်ကြည့်နေတဲ့ Bin ကို Chae ကပဲဝင်
ပြောလိုက်တော့တယ်...
YOU ARE READING
Everything But You [Completed]
Fanfictionဘဝမှာအရာအားလုံးစွန့်လွှတ်ရမယ်ဆိုရင်တောင် မင်းတစ်ယောက်ပဲငါ့အနားမှာကျန်နေပေးခဲ့လို့မရဘူးလား... Casts-Park Jimin,Kim Taehyung Park Yoon Bin, Yoo Chaemin