Zawgyi
မနေ့ညက တညလုံးစာလုပ်နေ၍ မနက်ဘက်မှာတော့ TaeHyung အိပ်ငိုက်ငိုက်ဖြင့် အတန်းလာတက်သည်။ အိပ်စုံမှုန်မွှားဖြင့် မျက်မှန်ခပ်ဝိုင်းဝိုင်းကို ပင့်တင်ကာ တဝါးဝါး သန်းရင်းဝင်လာသည်။
အတန်းထဲတွင် လူအနည်းငယ်တော့ရောက်နေပြီဖြစ်သည်။သို့သော် အနှီ နှာဘူးကောင်ကို ခြေရာ ပင်မတွေ့ရ။
Shit!KimTaeHyung..မင်းသူ့ကိုရှာနေတာလား။
ထိုစဉ် အာပြဲကြီးဖြင့် အော်ဟစ်ကာ ပြေးဝင်လာသော HoSeok။
"TaeHyungieeeeeeeeeeee"
မနက်စောစောစီးစီး ကျက်သရေကင်းမဲ့အောင်လုပ်နေသော သူ့တဝမ်းကွဲအကိုကို စိတ်ပျက်စွာကြည့်လိုက်သည်။
"ဘာလာလုပ်တာလဲ Hyung"
သူ့အကိုက တော့ သူ့ကိုယ်သူ သိပ်ချစ်ဖို့ကောင်းသည်ဟုထင်နေသလားမသိ။ နှုတ်ခမ်းကြီးထော်ကာ
"Hyungieလေးကလည်း Hyung က လွမ်းလို့လာတာလေ "
"အပိုမပြောနဲ့...ဒီနေ့ရော ဂိမ်းဆိုင်သွားမလို့မလား သူငယ်ချင်းအိမ်မှာ စာသွားလုပ်တယ်လို့ Ommaကို ပြောပေးရမှာမလား..သိတယ်"
အမြဲတမ်း ဂိမ်းဆိုင်သွားလေ့ရှိသောကြောင့် ထိုအကြောင်းပဲဟုထင်ကာပြောလိုက်သည်ယ
"မဟုတ်ပါဘူး YoonGiကပြောတယ် JungKookက မင်းကိုကြိုက်နေတာဆို.~ဟိဟိ"
သူ့အကို စကားအဆုံးမှာ TaeHyungဘစိတ်ပျက်စွာ စုတ်သတ်မိသည်။
"အဲ့တာဘာဖြစ်လဲ?"
"JungKookက ချမ်းသာတယ်နော်..တကယ်လို့ ရည်းစားဖစ်သွားရင် ငါ့ကိုပြောဦး..ငါ့ဂိမ်းဖိုးတွေမင်းကောင်လေးကိုပေးခိုင်းရမယ် ဟဲဟဲ"
သြော်..ဒင်းကအကြံနဲ့ကိုး။ စိတ်တိုတိုနှင့်TaeHyung ပိတ်ဟောက်လိုက်သည်။
"ရည်းစားဖြစ်ခဲ့ရင်တောင် မပေးဘူး!!!"
အားရှ်! JeonJungKook သူ့ကိုကြိုက်နေသည့်ကိစ္စက ဘာလို့ တကျောင်းလုံးသိနေရတာလဲ။
YOU ARE READING
Dirty Classmate
FanfictionNew update every *THURSDAY* Zawgyi/Unicode VKook/TaeKook JeonJungKookဆိုတဲ့ကောင်သိပ်ညစ်ပတ်တာ ညစ်ပတ်တယ်ဆိုလို့ ဟိုလို ရေမချိုးပဲညစ်ပတ်တာကိုပြောတာမဟုတ်ဘူးနော်.....အဲ့ကောင်က နှာဘူးကောင်။ JeonJungKook ဆိုတဲ့ကောင်သိပ်ညစ်ပတ်တာ ညစ်ပတ်တယ်...