Unicode
KimTaeHyungတစ်ယောက် ကျောင်းခန်းထဲတွင် ထိုင်နေသော်လည်း စိတ်အာရုံကတော့ အိပ်မက်ကမ္ဘာတွင်သာ။
Tutorial ရှိသောကြောင့် ညက စာ ညဥ့်နက်တဲ့အထိလုပ်နေရာက အခုလိုအိပ်ငိုက်နေရတော့တာပါပဲ။"KimTaeHyung ssi"
နာမည်ခေါ်သံကြားသော်လည်းပြန်မထူးနိုင်သေး။
"KimTaeHyung ssi"
နောက်တခေါက်ခေါ်မှ မော့ကြည့်လိုက်ရာ Mathsဆရာဖြစ်နေသည်။
"စာသင်ချိန်မှာဒီလိုအိပ်နေလို့ဘယ်ဖြစ်မလဲ ကျောင်းဆင်းရင် အားကစားခန်းကိုသန့်ရှင်းရေးလုပ်ရမှာပေါ့ ဟုတ်တယ်မလား"
TaeHyung လည်း မချိုမချဥ်မျက်နှာလေးနှင့်ခေါင်းငြိမ့်လိုက်ရသည်။
သေပြီ။ အားကစားခန်းဆိုတာလေ ခင်ဗျားတို့က သေးသေးလေးထင်နေလား master bedroom 2ခန်းစာထက်ကြီးတယ်။KimTaeHyungဘဝတော့ သနားစရာပါပဲ။
စာသင်ချိန်ပြီးသည်နှင့် စာအုပ်များကိုသိမ်းကာ tutorial ဖြေဖို့ မြန်မြန်သွားရန် ပြင်ဆင်လိုက်သည်။
JeonJungKook ကတော့ Mathsချိန်ဆို အတန်းထဲဘယ်တော့မှကိုမရှိ၊ ထူးဆန်းတာက အဲ့ကောင်က အမြဲစာမေးပွဲအောင်တာပဲ ဘယ်အချိန်တွေစာလုပ်လဲတော့ TaeHyung လည်းမသိ။Corridor တွင် စာအုပ်များပိုက်ကာ မျက်မှန်တပ်ရင်း လမ်းလျှောက်နေသူကKimTaeHyung။
ပြွတ် ကနဲ ပါးကိုနမ်းလိုက်သော တစုံတယောက် ကြောင့် လန့်ကာတုန်တက်သွားသည်။
"ဘယ်သူ.."
လှည့်ကြည့်လိုက်တော့ အနက်ရောင် T shirtဖြင့် JeonJungKook က smirkလုပ်ကာ သူ့ကိုကြည့်နေသည်။
ရုပ်ကိုက ပြီတီတီနဲ့ ငါလုပ်လိုက်ရ။
လုပ်လိုက်ရလို့သာပြောတာ မလုပ်ရဲပါဘူး
ဟိုကလုပ်ရင် သူပဲသေမှာ။
ထိုးတာ ကြိတ်တာ ပြောပါတယ်။"သူများတကာတွေမြင်ကုန်ရင်ဘယ်လိုလုပ်မလဲ JeonByunTae"
စိတ်တိုတိုဖြင့် ပိတ်ဟောက်လိုက်သည်။ အမှန်တော့ corridorတွင် ဘယ်သူမှရှိမနေသောကြောင့် ဘယ်သူမှမြင်စရာအကြောင်းမရှိ။
"အရမ်းလွမ်းနေတာ Mathsကိုမသင်ချင်လို့သာ အတန်းလာမတက်တာ babeကိုတော့အရမ်းလွမ်းနေတာ ယုံတယ်မလား"
YOU ARE READING
Dirty Classmate
FanfictionNew update every *THURSDAY* Zawgyi/Unicode VKook/TaeKook JeonJungKookဆိုတဲ့ကောင်သိပ်ညစ်ပတ်တာ ညစ်ပတ်တယ်ဆိုလို့ ဟိုလို ရေမချိုးပဲညစ်ပတ်တာကိုပြောတာမဟုတ်ဘူးနော်.....အဲ့ကောင်က နှာဘူးကောင်။ JeonJungKook ဆိုတဲ့ကောင်သိပ်ညစ်ပတ်တာ ညစ်ပတ်တယ်...