Zawgyi
ကျောင်းနောက်က ခွေးတိုးပေါက်က နေ ခိုးကြောင်ခိုးဝှက် ထွက်အပြီးမှာတော့ JungKookမှ TaeHyung လက်ကို ဆွဲကာ တွေ့တဲ့ Bus ပေါ်ပြေးတက်သည်။
"ဘာလုပ်တာလဲ JungKook"
JungKookက ပြန်မဖြေပဲ လူအရမ်းများသည့် Bus ပေါ်တွင် TaeHyungကို ရင်ခွင်ထဲ နစ်နေအောင်ဖက်ထားသည်။
Shit!သက်သက် အသားယူ နေတာ။
"JeonJungKook ရူးနေလား အသက်ရှုကျပ်တယ်ကွ"
သူများတွေလည်း မကြားစေချင်၍ တိုးတိုး ပြောသော်လည်း JungKookက စပ်ဖြီးဖြီး လုပ်နေသည်။
"ချစ်လို့.." ဟုပြောကာ ပါးကိုတောင် မထိတထိ နမ်းလိုက်သေး။
"JeonJungKook.. မင်းနဲ့ငါ ကားပေါ်ကဆင်းမှတွေ့မယ်"
Bus ကား ရပ်လို့ ကားပေါ်အဆင်းတွင်တော့ JungKookကို စိတ်တိုဖို့နေနေသာသာ အံ့သြမှုကြောင့် လှုပ်တောင် မလှုပ်နိုင်တော့။
အတော်လေးများသည့် အဖြူရောင်နှင်းဆီခင်းကြီး...။
"သဘောကျလား Babe..."
TaeHyung ခေါင်းကို တဆတ်ဆတ်ငြိမ့်ပြလိုက်သည်။
JungKookက သူ့ကို အနောက်ကနေသိုင်းဖက်ကာ ဆိုသည်။
"Babe့အတွက် ကိုယ့်အချစ်တွေက ဒီနှင်းဆီဖြူတွေလိုပဲ..ဖြူစင်တယ် နှင်းဆီကဆူးတွေလို Babeကို ထိခိုက်လာမယ့် သူတွေဆီက ကာကွယ်ပေးမယ်"
TaeHyung တဟီးဟီး ဖြင့် အော်ငိုလိုက်သည်။ Ro လိုက်တာ ယုန်နှာဘူးရယ်။
"ချစ်တယ် ဆိုတာ သိတယ်လို့..."
ငိုသံပါကြီးနှင့် JungKookကို ပြောလိုက်သည်။
"သိရုံပဲသိထားပေး babe.. အဖြေပေးစရာမလိုဘူး ဒီတိုင်း ကိုယ့်အချစ်တွေက အနှိုင်းမဲ့မလို့ babe က ကိုယ့်အချစ်တွေကို လက်ခံပေးနေရင်ရပြီ တုံ့ပြန်ဖို့ မလိုဘူး"
ခင်ဗျားတို့သိကြလား။ လက်ခုပ်ဆိုတာ နှစ်ဖက်တီးမှမြည်ပေမယ့် အချစ်ဆိုတာ တစ်ဖတ်သတ်ဖြစ်နေလည်း အချစ်ပဲ..။
YOU ARE READING
Dirty Classmate
FanfictieNew update every *THURSDAY* Zawgyi/Unicode VKook/TaeKook JeonJungKookဆိုတဲ့ကောင်သိပ်ညစ်ပတ်တာ ညစ်ပတ်တယ်ဆိုလို့ ဟိုလို ရေမချိုးပဲညစ်ပတ်တာကိုပြောတာမဟုတ်ဘူးနော်.....အဲ့ကောင်က နှာဘူးကောင်။ JeonJungKook ဆိုတဲ့ကောင်သိပ်ညစ်ပတ်တာ ညစ်ပတ်တယ်...