အခန်း-၂

3.1K 46 0
                                    

"တီ...တီ....တီ...တီ"
"အား...ဆူညံ လိုက် တာ နော်"
သူမမျက် လုံးဖွင့်ကြည့် တော့ အဖြူ ရောင် မျက်နှာ ကြ က်နဲ့ ရွေ ရောင် မီးအိမ်။သေ ချာ တယ်..ဒါ သူမ အိမ် မဟုတ်။အိပ် ယာက ထ ကာ ပြ တင်းပေါက် ကို သွား၍ လိုက် ကာ ဆွဲ ဖွင့် လိုက် တာနဲ့ အပြင် က ရူခင်းတွေ ကို မြင် လိုက် ရ၏။သိပ် ကို ကျက် သ ရေ ရှိ တဲ့ မနက် ခင်းပါပဲ။ကောင် တာ ကို ဖုန်းခေါ် ပီး ကော်ဖီ တစ် ခွက် မှာ လိုက်သည်။ရေမိုးချိုးပီးပြန် ထွက် လာ တော့ ကောင်မ လေးက အခန်းထဲ မှာ ရောက် နေ ပီ။
"မမ လေး....ကော်ဖီ ပါ။အခြားဘာများမှာချင် သေးလဲ?"
"ဟင်အင်း...."
"ဟုတ် ကဲ့.."
သူမ က ဒီဟိုတယ်ရဲ့ Espresso ကို နှစ် သက် တာမို့အမြဲ မှာ သောက် သည်။ကော်ဖီ သောက် ပီးတာနဲ့ မနက် စာ စားဖို့ ဆင်းလာခဲ့သည်။သူ့အမြဲဒီအခန်း မှာ တည်းတာမို့ ကျောင်ဝတ်စုံကို ထည့် ထားလေ့ရှိ ၏။ကျောင်းဝတ် စုံကို ဝတ်၊နားကျပ် ကိုတပ် အခန်းထဲ က ထွက် ခဲ့သည်။
"တီ......"
ဓာတ် လှေကားတံခါးက ပြန် ဖွင့်လာတာမို့ သူမ ဝေ့ကနဲ့ ကြည့်လိုက် ရာ ဝင် လာတဲ့လူ နဲ့ အကြည့်ချင်းစုံမိ၏၊သူကလဲ တစ်ချက် ကြည့်ကာ ဘေးမှာ ဝင် ရပ် သည်။1 st floor မို့လို့ နှစ် ယောက် တည်း တည် ငြိမ် စွာနဲ့ပါလာ၏
သူဘေးက ကောင်မ လေးကို ကြည့် မိသည်၊အခု တော့ ကောင်မ လေးက တည် ငြိမ် လို့၊မ နေ့ညက သူမဟုတ် တဲ့ အတိုင်းပဲ။ကျောင်းသူပဲရှိ သေးတယ်..အရက်မူးပြဲ အောင် သောက် ပီးဟို တယ် မှာအိပ် တာ မိဘ တွေလဲ ဘာမှ မ ပြော ဘူးထင် ပါရဲ့။စိတ် ပျက် ဖို့ ကောင်းတယ်...။
ဘေးက နေ အကြည့်စိမ်းစိမ်းရသလို ရတာမို့ဖြတ်ကနဲ့ ကြည့်ရာ အဲ့လူက အ ရှေ့ကို သာကြည့် နေသည်။ပြောလို့ ပြောသာ မဟုတ်၊မဆိုးဘူးပဲဒီလူက၊ဘေးကပဲ ကြည့် ကြည့်..အ ရှေ့ကပဲ ကြည့်ကြည့်ချောရက်ကြီးကမိုက် လွန်းသည်။အမဲ ရောင် suitနဲ့အရပ်၆ ပေ လောက် ရှိမယ်။မျက်နှာ ခပ် တင်းတင်းနဲ့ ညဘက် မျက် လုံးအောက် တွင် မဲ့ရှိ နေ ပြန် ရော့လား။
"ဘာများပြော ချင် လို့လဲ?"
"ရှင်?"
"မင်းငါကို ကြည့် နေ တယ်လေ၊ပြောစရာရှိလား?"
"မရှိ ပါဘူး"
"....."
တံခါးဖွင့် တော့ သူထွက် လာကာ မ နေ့က ကိစ္စ အတွက် ဖုန်းခေါ်ကာ
"ဘယ်လိုလဲ?မ နေ့က ကိစ္စ၊ငါ မှန် တယ် မဟုတ် လား?အဲ့ ကောင် တွေကနှင်းဆီနက် ဂိုဏ်းက ဆိုတာ"
"ဟုတ် တယ်..ဆရာ၊အဲ့ ကောင် တွေက မ နေ့က လာကြည့်တယ် ဆို တာ ဆရာရဲ့ နေ ရာကို သိ သွားပုံပဲ။ကြည့်ရတာ နေရာ ပြန် ပြောင်း ရမယ် ထင်တယ်"
"မလိုဘူး...ငါ ဒီအခန်းပဲ ယူမယ်၊၁၀ နာရီ အစည်းအ ဝေးရှိ တယ်မဟုတ် လား?လူ တွေစု ထားလိုက်"
"ဟုတ်ကဲ့ဆရာ"
Dinner Roomမှာ တစ် ယောက် တည်း ထိုင် စားရတဲ့ အရသာက မိုက် သည်။အိမ် မှာ ဆို အရိပ် အကဲ တွေ၊စားပုံစားနည်း တွေနဲ့ မွန်းကြ ပ် လွန်း၏။စားသောက် ပီး ကျောင်းသွားရန် ထွက် လာတော့သည်။ကျောင်းချိန်က ၈နာရီ ဆိုတော့အခု၈နာရီဆို တော့မှီ ပါ သေးတယ်၊သူ လာ မ လာ ဂရုစိုက် ကြ တာလဲ မဟုတ် တာမို့ Taxiငှားပီး ကျောင်းစီ ထွက် လာခဲ့သည်။
"ဥက္ကဠ ကြီး.....အဆင့်သင့် ဖစ် နေ ပါ ပီ"
"အေး...,"
ဦးသော် ခ နေရာ မှာ ထိုင် တော့ အခြားသူ တွေလဲ ထိုင် ကြ သည်။သူ့ဇနီး က တော့ ဘေး မှာ ဟင်းတွေစီမံ ကာ စားရန် ပြင် နေပီ။အငယ်မ ကို မ တွေ့တာမို့
"အိမ့်မူးဝေရာ့?မ ထ သေးတာလား?"
"ဟိုလေ..ဥက္ကဠ ကြီး"
"ရှင့်သမီးက ည က ပြန် မ လာဘူး၊ကျွန်မ တော့ ဘာ မှ မ ပြော ချင် တော့ဘူး။မိန်းက လေးဖစ် ပီး ဒီလို ညဘက် အိပ် တာ မသင့် တော် တော့ဘူး"
"......."
"မာမီကလဲ မနက် စာ စားနေ တာကို၊ဒယ်ဒီ..စိတ် မပူနဲ့၊သူ အခု ကျောင်းမှာပါ။သမီး ဖုန်းခေါ် ပီးပီ"
"အေး...သူ့လဲ အရွယ် ရောက် နေ ပီ၊သူ့ဘာသူ သိ လာ လိမ့်မယ်။"
"ရှင် က အမြဲ အဲ့ လို ပြော တာပါပဲ။နောက်မှ ကျွန်မ ကပဲ မိ ထွေးဆိုးအ ဖစ် အ ပြော ခံရဦးမယ်။အဲ့ဟာမ လေးက တကယ် ဆိုးတာပါ။မျိုးရိုးကိုက ယုတ် နေ တာ"
"တော် တော့....ထမင်းစားနေ တယ်မဟုတ် လား?"
"ဟုတ်သားပဲမာမီကလဲ...ဒယ်ဒီ က ထမင်းပွဲ မှာ စကားများတာ မကြိုက် ဘူးလေ။ဒီနေ့ သမီး Companyကို လာရင် ရလား?"
"ဘာလုပ် ဖို့လဲ?"
"အစည်းအ ဝေး ရှိ တော့ သမီးလဲ သမီး Company ကိုယ်စားပြု ပေါ့"
"ရတယ်....အောင်မြတ်သော်လာပါ စေ၊နောက်မ ကြ စေ နဲ့..ကြားလားဟေ့ယောင်"
"ကျွန် တော်လား?ဟုတ်ကဲ့..."
"သမီးက Annual Meeting မှ လာ၊အဲ့မှာ တစ် ခါ တည်း Report တင် ပေါ့။"
မေ သော် ခက် အံကြွတ် မိ သည်။ဒယ်ဒီ က ကို ကို ကို ဦးစားပေးလွန်းတာမဆန်းတော့ ပေမဲ့ သူမ စိတ် ထဲ ကို ကို က တစ် နေ ရာ အမြဲ သာ နေ သည် လို့ သာ ခံစားနေရ တော့တယ်။အခု လဲ Companyအစည်းအ ဝေးကို သူမအားချန် ပီး ကို ကို သာ ခေါ် ရ တဲ့ အ ကြောင်းရင်းက ဘာ ကြောင့်မို့ လို့လဲ?သူမ က မိန်းက လေး ဖစ် နေ လို့ လား?အငယ် ဖစ် နေ လို့လား?စိတ် ထဲ မှာ ဒေါ သ တွေ ဖစ် နေ တာမို့ ထမင်းအကုန် မစားတော့ပဲ နေရာ မှ ထွက် ခဲ့ သည်။
"ဟဲ့..အိမ့်မူးဝေ...ဆရာမ က ရုံးခန်းကို လာ ခဲ့ ပါ တဲ့"
"ဘယ် ဆရာမလဲ?"
"အတန်းပိုင် ပေါ့၊ထထ...အိပ် မ နေနဲ့ တော့"
"ကျွတ်....ခေါင်းကိုက် နေ ပါ တယ် ဆို မှ ဆရာမ တွေကလဲ စားပြန် ပီ"
"ဆရာမ က အသစ် နော်၊ရော့ စာအုပ် တွေပါ တစ် ခါ တည်း သယ် သွား"
"အေးပါ...."
"ဒေါက်..ဒေါက်...ဒေါက်"(တံခါး ခေါက် သံ)
"ဝင်လာခဲ့"
"ဆရာမ.....ကျွန်မ ပါ....အိမ့်မူးဝေပါ"
"အော်...နာမည်ကြီး နေတဲ့ အိမ့်မူးဝေ ဆို တာ မင်းကိုး..လာပါဦး"
"...စာအုပ် လာထပ်ရင်း ဆရာမ..ခေါ် တယ် ဆိုလို့ပါ"
"ရော့....ကြည့်ကြည့်"
"ဒါက?"
"Attendance စရင်း.,,ရက် ပေါင်း(၃၀)၊ကျောင်းဖွင့်ရက် ၂၃ရက် နဲ့ Holiday Attendanceက အရမ်းနည်း နေ သလို မင်းရဲ့ performance ၊ class activities ကလဲ မရှိ သ လောက် ရှားတယ်၊မင်းကျောင်းတက်ရ တာ ဘာ များ အဆင်မ ပြေ ရှိလို့လဲ?"
"ရှင်?"
"မင်းအိမ် အ ခြေ အ နေ အရဆို မင်းက အိမ် မူကိစ္စ လုပ် နေရတာလဲ မဖစ် န်ုင်ဘူး။ဝင် ငွေ ရှာ နေ ရတာလဲ မဖစ် နိုင်ဘူး၊ဒါဆို နောက် ဆုံးက မင်းက ဒီအတိုင်း spoiled rich kidသာ သာပေါ့?မင်းအတွက် ကျောင်းတက်ရ တာ အ ပျော် သာ သာ ပေါ့"
"ဆရာမ သိရက် သားနဲ့ ဘာလို့ ပြော နေ ရ သေးတာလဲ?ဟုတ် တယ်...ကျွန်မ က spoiled rich kidပါပဲ၊ကျောင်းက အိမ် က လူ တွေ တက် ခိုင်းလို့ တက် ရတာပါ၊ဆရာမ ပြော သလို အ ပျော် ပေါ့"
"မင်းလို ကျောင်းသား မျိုး တွေက အနာဂတ် အတွက် ရင် လေးစရာပဲ၊ကဲ့ပါ..,ပြောရင် လဲ နား ထောင် မှာ မှ မဟုတ် တာ၊ဒီ တစ်လ အတွင်း Attendance ပုံမှန် မှနိပါ စေ၊မဟုတ် ရင် စာမေးပွဲ မ ဖြေရ ဘူး"
"သ ဘောပါပဲ...ကျွန်မ ဂရုမစိုက်ဘူး၊ဒါဆို..သွားလိုက် ပါ ဦးမယ်"
"သူဠေး ဦးသော်ခမှာ သားသမီး၃ ယောက်ရှိတယ်လို့ ကြားတယ်၊ငါသိ တဲ့ နှစ် ယောက် က တော့ တကယ့် ထိပ် ထိပ် ကြဲ၊အပြိုင် အဆိုင်များ တဲ့ မောင်နှမ နှစ် ယောက်ပဲ၊အဲ့ဒါ ကြောင့် စီးပွားရေး လောက မှာ အောင်မြင် ကြတာ။မင်းက ရော့?မင်းက ဒီအတိုင်း အိမ်အရူပ် ထုတ် လား?မင်းကိုမင်းအဲ့လို ခံယူရ ထားတာလား?"
"ဆရာမ ထင် ချင် သလို ထင် နိုင် ပါ တယ်"
"မင်းမှာ ရည်မှန်းချက်၊အိမ် မက် မရှိဘူးလား?အိမ့်မူးဝေ"
"မရှိဘူးဆရာမ.."
ဆရာမ ခင်ဦး သက် ပြင်း ခြ ကာ ဖတ် နေတဲ့ ဖိုင် တွေကို ပိတ် လိုက် သည်။ဒီက လေးမ လေးကို သူမ ဘယ်လို လုပ်ရ ပါ့မလဲ?အပြင်က နေ တံခါးခေါက် သံကြားရတာမို့
"ဝင်လာခဲ့ပါ"
"ဆရာမ.,,သမီးပါ"
"အော်အေး...ဘာကိစ္စ"
"ဆရာမ...ဒါက သမီးနဲ့ အိမ့်မူးဝေ အတူတူ လုပ် ထားတဲ့ Theme တွေနဲ့ Project တွေပါ။ဆရာမ လုပ် ခိုင်းတဲ့ Assignment တွေ ရော့ပါပဲ။ဆရာမထင် ထားသလို၊သူများ တွေ ပြောသလို Spoiled ဖစ်တယ် ဆိုးတယ် ဆို ပေမဲ့ စိတ် ရင်းကောင်းပီး သ ဘော ကောင်းတဲ့ သာမန် ကျောင်းသူပါပဲ"
"မင်းက သူရဲ့ best Friend ဆို တော့ သူ့ဘက် က ပြော ပေးတာ ငါ ကန့်ကွက် ပါဘူး၊ဒါ ပေမဲ့ မင်းအ နေနဲ့ သူလို ဆိုးရွားတဲ့ ကျောင်းသူ နဲ့ ဆက် မ ပေါင်းသင့်ဘူး၊သွားလို့ရပီ"
"ဟိုလေ...အိမ့်မူးဝေ မှာ အ မေ မရှိ တော့ပါဘူး"
"အဲ့ဒါက တ လောက လုံးသိ နေ တဲ့ အရာပဲလေ"
"အိမ့်မူးဝေရဲ့ အ မေက သူ့ငယ် ငယ် လေးတည်းကဆုံးပါးသွားတာပါ၊ငယ် ငယ် တုန်းကလဲ ပြန် ပေးဆွဲခံ ဖူးပါတယ်၊အိမ်က အ ခြေ အ နေ တွေ ကြောင့် တော်တ်ာဆိုးရွားတဲ့ စိတ် ဒဏ်ရာ တွေ ခံစားဖူးတာမို့ အဲ့လို ဖစ် နေတာပါ။ဆရာမကြည့်ရတာ ကျန် တဲ့ ဆရာ/ဆရာမ တွေထက် အိမ့်မူးဝေကို ဂရုစိုက် မိ တယ်လို့ ထင် လို့ ပြောပြရတာပါ။ဆရာမ စိတ် အ နှောက်ယှက် ဖစ် သွားရင် တောင်းပန် ပါတယ်"
"Okay....မင်းသွားလို့ရပီ"
"ဟုတ်ကဲ့....
ရတီ အပြင် ထွက် လာ တော့ အိမ့်မူးဝေက စောင့် နေကာ
"ဆရာမနဲ့ဘာ တွေ ပြော နေ တာလဲ?ငါ့မ ကောင်းတဲ့ အ ကြောင်းပြောတာ တော့ မဟုတ်ပါဘူးနော်"
"မဟုတ်ပါဘူး..လာ၊နေ့လည်စာသွားစားရ အောင်"
ကျောင်း cafeteria တစ်နေရာ...
"ဘာ?နင် အိမ် မပြန် တာ တစ် ပတ် လောက် ရှိ ပီ?"
ကြက် ကြော် စားပီး ခေါင်းတစ် ညိမ့်ညိမ့် လုပ် နေတဲ့ အိမ့်မူးဝေကို သူ ဘာ ပြော ရမလဲ မသိ တော့ ပေ။
"အထူးအဆန်းပုံစံနဲ့...ငါ အိမ် မပြန် တာက နင် အတွက် ထူးဆန်းနေ ပုံပဲ"
"ဒါဆို နင် ဘယ် မှာ သွားနေ တာလဲ?"
"ငါလား?ဟိုတယ်ရယ်..,ဂေဟာက အိမ် ရယ်"
"နင်အိမ်က ဘာ မှ ပြော ဘူးလား?စိတ် မပူကြဘူးလား?"
"သူတို့လားစိတ် ပူမှာ၊ငါ သေ ဖို့ စောင့် နေတဲ့ သူ တွေချည်းပဲ။အိမ်က အစားအစာ တွေလဲ ညီးငွေ့တယ်ဟ"
"ဒါပေမဲ့လဲဟယ်..အိမ်က ကိုယ့်အတွက်အလုံခြုံ ဆုံး၊အ နွေးထွေးဆုံးပဲလေ။နင် ကျောင်းလဲ ပုံ မှန် မလာဘူး။စာ မေးပွဲ ရှိ တယ်၊စာရော့ ကျက် ရဲ့လား?"
"ဟင်အင်း...ငါ မှာ စာ တောင် မရှိ ဘူး၊နင် က တော့စာ တော် သူ ကြီးဆို တော့ အေးဆေးပေါ့၊ငါ တော့ ဒီ တစ် ခေါက် ဖြေ တောင် ဖြေရ မလားမသိ ဘူး၊ထားလိုက် ပါ...ဒါနဲ့ ဒီည နေ အားလား?"
"ဘာလို့?စာ အတူတူ လုပ် မလို့လား?"
"ဟင်အင်း..,နင် အိမ် မှာ လာ နေ မလို့"
"ငါမအားဘူး..,ဟီး၊သူရနဲ့ ချိန်းထားတယ်"
"အဲ့ ကောင်နဲ့ မပြတ် သေးဘူးလား?အဲ့ ကောင် နည်းနည်း မှ ငါ ကြည့်လို့ မရဘူးနော်"
"နင် ကလဲ?သူရ က ငါ့အ ပေါ် ဘယ် လောက် ကောင်းလဲ?ငါလို ဆင်းရဲ့ တဲ့ ချစ်သူကိုရ ထားတာ၊နင့်သူကို အမြင် မကြည် တာ နဲ့နော်"
"အေးပါ..,,ဘာ မှ မ ပြော တော့ပါဘူး၊နင့်သ ဘောပါပဲ..ရော့..ငါ့အတွက် ကြက် ကြော် သွားယူ ပေးဦး"
"ငါ့က နင် အ စေခံလား?ဟွန်း"
"မ ယူ ပေးတာကြ နေ တာပဲ..."ထ ပီး သွားယူ တဲ့ရတီ ကို ကြည့် ပီးသူမ ပြုံးမိ တယ်၊ရတီက သူမရဲ့ တစ် ဦးတည်းသော ခင်ရတဲ့ သူငယ်ချင်းပင်။ညီအမ လို့ တောင် သတ် မှတ် လို့ရသည်။ထူးတော့ ထူးဆန်းသား..ရတီ လို scholarship နဲ့ ကျောင်းတက် နေရ တဲ့ ကျောင်းသူ၊အချိန် ပိုင်း အလုပ် နဲ့ အိမ် ငှားနေရ တဲ့ မိန်းက လေးနဲ့ သူမလို မိန်းက လေး ပေါင်းသင်း နေရ တာ ရယ် တော့ ရယ်ရသား။
"ခွမ်း(ပန်းကန် ခွဲ သံ)"
"နင်ဘာလုပ် တာလဲ?"
"Sorry ....ငါ မမြင် လို့၊အဲ့..စေ တနာ နဲ့ပါ ဟ..နင် သယ်ရ တာ မနိုင်မနမ်းဖစ် နေ လို့လေ"
"........."
"နင်ကြည့်ရတာလဲ အ စေခံ လိုပဲ၊အိမ့်မူးဝေ ဘာ ခိုင်း ခိုင်း လလုပ် တဲ့ အထာ နဲ့၊နင် မှာ မာန ရော့ မရှိဘူးလား?"
"ခစ်...ခစ်...သဲမူံရယ်..ကြည့်လိုက် တာ နဲ့ ပိုက် ဆံ မက် တဲ့သူ တွေက ဒီ အတိုင်းပါပဲ။ရိုးသား ချင် ယောင် ဆောင် ပီး နိုက် တဲ့ ပုံစံ ပေါ့"
"နင်တို့ နော်...များနေ ပီ၊ငါ ဆက် ပီး သည်းခံ နိုင် မှာ မဟုတ် တော့ဘူး"
"သည်းမခံ တော့ ဘာလုပ် ချင်လဲ?ဟင်..ဘာလုပ် ချင်လဲ?"
သဲမူံ ရှေ့တိုးကာ ရတီရဲ့ ပခုံးကို တိုက် ကာ လှောင် ရယ် ကာ မေး နေ သည်။ထိုစဥိ.....
"ဖောငိး(ရေဘူးပေါက် သံ)"
"ဟင်?ဟာ....."
"ဘယ်ဟာမ က လက် ယား ပီး ငါ ကို ပေါက် တာလဲ?"
"ငါပဲ!!ငါ ပေါက် လိုက် တာ"
"အော်...ဘယ်သူ များလဲ မှတ် တာ၊အိမ့်မူးဝေပဲ...ဘာလဲ?နင့် အခိုင်းအ စေကို ထိ လို့ နာ နေ တာလား?"
"ဘာ?ငါ့အခိုင်းအ စေ...ငါ့အခိုင်းအ စေ မရှိဘူး၊ရှိ ရငိ တောင် နင်တို့ ပဲ ဖစ် မှာ"
"ဘာပြောတယ်?"
"တော်..တော်ပါ တော့အိမ့်မူးဝေ...ငါ ဘာ မှ မဖစ် ပါဘူး"
"အသာ နေ စမ်းပါ၊နင်တို့ ဒီ လောက် အားယားနေရင် ကျောင်းကြီးအတွက် တစ် ခု ခု လုပ် ပေး ကြ ပါလား?ဥပမာ ငါနဲ့ အတူတူ သန့်ရှင်းရေး လုပ် တာတို့၊အိမ်သာ ဆေးတာ တို့ ပေါ့၊ငါ ကျောင်းပြေးထားလို့ pointတွေ လြော့ နေ တာ၊အတူ တူ လုပ်ကြ တာ ပေါ့။သူ့ကို ရန် စ နေ မဲ့အစား...,"
"ငါတို့ကဘယ် တုန်းက ရန် စလ်ု့လဲ?ဘယ်သူ မြငိ လဲ?Anybody?"
".........."
"ကြည့်ပါလား?ငါတို့ သူ့ကို ရန်စ တာ ဘယ်သူ မှ မမြင် ဘူးလေ"
"ငါ မြင် တယ်လေ..စောက်ရူးမ တွေရဲ့"
"ဘာ!!!"
"နင်တော့ ဒီအတိုင်းကြည့်နေ တာ အ ကောင်းမှတိ နေ တယ်၊အိမ့်မူးဝေ...နင် သေ ဖို့ သာ ပြင်"
TG Companyအစည်းအ ဝေးအပြင် ဘက်.....
"တီ....တီ....တီ....တီ"
"ဟုတ်ကဲ့....Secretary စကားပြော နေ ပါတယ်"
".........."
"ဟုတ်ကဲ့...ကျွန် တော် အခုပဲ လာခဲ့ပါ မယ်"
"ဘယ်သွားမလို့လဲ?အန်ကယ်...ဒယ်ဒီက အခု ထိ အစည်းအ ဝေး ခန်းထဲ မှာ ရှိ သေးတယ်လေ"
"အော်.,,မမ လေး ကျောင်းက ခေါ်လို့ပါ၊ကျွန် တော် သွားပီ ပြန် လာခဲ့ပါ မယ်"
"အိမ့်မူးဝေ..ဘာဖစ် လို့လဲ?"
"ထွေ ထွေ ထူးထူးတော့ မဟုတ် ပါဘူး၊ကြည့်ရတာ ရန် ဖစ် ကြ ပုံပဲ။ကျွန် တော် အမြန် ဆုံးဖြေ ရှင်းပီး ပြန် လာ ခဲ့ပါမယ်"
"ကျွန် တော် သွားလိုက် မယ်"
"အစည်းအ ဝေးက မပီးသေးဘူးမဟုတ် လား?"
"ပီးခံ နီးနေ ပါပီ၊ကျွန် တော် လဲ အဲ့ ဘက် သွားစရာရှိ တယ်၊အိမ့်မူးကို ကျွန် တော်ပဲ ခေါ် လာခဲ့ပါ့မယ်"
"ဟုတ်ကဲ့ပါ..."
အောင်မြတ် သော် သူရဲ့ Secretary ကို ခေါ် ပီး ထွက် လာခဲ့သည်။ဓာတ် လှေကားအဝင် အထဲကလူ နှစ်ယောက် ထွက် လာ၏။သူ ဖျက် ကနဲ့ လူတစ် ယောက် နဲ့ အကြည့်ချင်းဆုံမိပေမဲ့ ခပ် တည် တည်နဲ့သာ အထဲဝင် ခဲ့သည်။
"ခုဏကအဲ့လူတွေက?"
"ကြည့်ရတာ Meeting အတွက် လာတယ် ထင်တယ်"
"မင်းသူတို့ကို သိလား?"
"Dark Dragon ဂိုဏ်းချုပ်ရဲ့ ညာဘက် လက်ရုံးထင်တယ် ဆရာ"
"Dark Dragonဂိုဏ်းက...."
"ဆရာ..ဘာများသိ ချင် လို့လဲ?ကျွန် တောာ် စုံစမ်းရ မလား?"
"ရတယ်...မလိုဘူး"
ဓာတ် လှေကားထဲ ဝင် သွားတဲ့ လူကို သူမျက်မှန်းတန်းမိ တာမို့"အဲ့ တစ် ယောက် ကဦးသော် ခရဲ့ သားအကြီးမဟုတ် လား?"
"ဟုတ် တယ်...TG ရဲ့လက် အောက် က Company ခွဲ တစ် ခု မှာ CEO လုပ် နေ တယ်၊ကြည့်ရတာ Meeting ကို လာတာ ထင်တယ်"
"Meeting က အ ရေး မကြီးလို့ သူ စော စော ပြန် တာ နေ မယ်၊အ ရေးကြီးရင် ဆရာကြီးက ငါတို့ ကို လွှတ် မှာ မဟုတ် ဘူး။ဒီအတိုင်း အ ခြေ အ နေ စောင့်ကြည့်ရမယ်"
"ဟုတ် တယ်...ငါတို့ဘက် က လူပ်ရှားထားရမယ်၊လူ တွေ ကြည့်တာ နဲ့ ဘယ်သူ ဘက် က ဘယ်သူ ပါ တယ်ဆို တာ က အစ ပေါ့၊Annul Meeting က လာ တော့ မယ်ဆို တော့ သတိ တော့ ထားရမယ်"
"အေး...."
အ ပေါက် ဝ ရောက် သောအခါ ဝန် ထမ်းတွေက "အာ...ဒီက တစ် ချက် လောက် နာမည်စာရင်းနဲ့ position ကို ပြောပြ လို့ရမလား?"
"Dark Dragon က ဦးသိမ့်ခေါင်ရဲ့ ကိုယ်စားနှစ် ယောက် ပါ၊ဇင် ယော် နဲ့ ထိုက် အောင်...ကြို ပီးအ ကြောင်းကြားထားပီးပီ ထင်တယ်"
"ဟုတ် ကဲ့....ဝင်လို့ရပါ ပီ"

သူဠေးသမီးနဲ့ Gangster ကိုကိုWhere stories live. Discover now