"ဖြန်း(ပါးရိုက်သံ)
"တောက်!!"
ပါးရိုက်သံနဲ့ အတူ ဒယ်ဒီဆီက တောက်ခေါက်သံ ဟိန်းထွက်လာသည်။
"ဒယ်..ဒယ်ဒီ"
အိမ့်မူးဝေ ဆီက တုန့်ခါသံနဲ့အတူ အခန်းထဲက မေမေကြီး၊မမ နဲ့ ကိုကိုတို့ပါ အသံတိတ်သွားသည်။
"ဒီနေ့ မင်း လုပ်ခဲ့တဲ့ လုပ်ရက်က ဘယ်လောက်တောင် ဆိုးရွားလိုက်လဲ? ဦးအောင်လွင်တို့ဆိုတာ ဒယ်ဒီတို့ရဲ့ မိတ်ဆွေအရင်းကြီးတွေ၊သူတ်ု့ ပွဲမှာ အခုလို ဖျက်စီးပီး ဒီမိသားစုသိက္ခာကိုချရတာ မင်းကျေနပ်လား?"
"ဒယ်ဒီ...ဒယ်ဒီ၊အဲ့ကိစ္စ..သမီး..."
"ဟုတ်ပါရဲ့၊ ကျွန်မဖြင့် ကိုအောင်လွင်တို့ကို ဘယ်လိုတောင်မျက်နှာပြရမလဲ မသိတော့ဘူး"
".....ဘာလဲ? မေမေကြီးရဲ့ မတော်ရသေးတဲ့ခမည်းခမက်တွေက ဒီကိစ္စလောက်ကို သဘောထားမသိမ့်သင်နိုင်တော့ဘူးလား? အဟင်း...မေမေကြီး ခမည်းခမက်တွေက တော်တော်သဘောထားသေးတာပဲ၊မေမေကြီးဒီလောက်ဖားဖားယားယားနဲ့ကပ်ထားတဲ့ဟာကို.."
"အိမ့်မူးဝေ!!"
"ဘာလဲ? ကျွန်မပြောတာမှားလို့လဲ? အဟား...မိသားစုဆို? မိသားစုဆိုတာ ဘာလုပ်လုပ်ခွင့်လွှတ်နားလည်ပေးရမှာ၊ ဖြေရှင်းပေးရမှာမဟုတ်ဘူးလား?"
"တိတ်စမ်း......သမီးအငယ်ဆုံးမို့ အိမ်က လူတွေက ဒီလောက်အလိုလိုက်၊ဖြည့်စည်းပေးတာကို ဒီလိုပုံစံမျိုးနဲ့ လူများအမြင်မှာ အရှက်လဲ ခွဲသေးတယ်၊ တစ်ခွန်းမကျန်ပြန်ပြောနေသေးတယ်၊မင်းဟာလေ..ကြာလေ မင်းအမေနဲ့ တစ်ပုံစံတည်းပဲ..အိမ့်မူးဝေ"
"ဒယ်ဒီ....မာမီကို ဒီကိစ္စမှာဆွဲမထည့်နဲ့၊ ဘာလဲ? သမီးကို ဆုံးမ ပြောဆိုမဲ့အချိန်ကြမှ မာမီကို သုံးတာလား? ဒယ်ီးပါးစပ်ကနေ မာမီနာမည်ကြားရတာ...."
"တော်ပီ....မနက်ဖြန် သွားပီးဒူးထောက်တောင်းပန်လာခဲ့"
"ဟင်အင်း....သမီးဘာအမှားမှမလုပ်ထားတာကိုဘာကို တောင်းပန်ရမှာလဲ?"
"အေး...အဲ့လိုဆို ငါလဲ မင်းကို ဒီအိမ်ရိပ်ကိုတောင်နင်းစေရမှာမဟုတ်ဘူး"
"ဘာ? ဒယ်ဒီ...ဒယ်ဒီဘာပြောလိုက်တယ်"
"ငါပြောတဲ့အတိုင်းပဲ၊ မင်းဒီမိသားစုရဲ့ စကားပြောတာကို နားမထောင်၊လုပ်ချင်ရာလုပ်မယ်ဆိုတာ ဒီအိမ်နဲ့ ဝေးချင်လို့ပဲ မဟုတ်ဘူးလား?"
"ဒယ်ဒီ!!"
"ငါနှစ်ခါမပြောချင်ဘူး..အိမ့်မူးဝေ။ မင်းရူပ်ထားတဲ့အလုပ်မင်းရှင်း။ ကလေးကလားအလုပ်တွေရပ်တန်းကရပ်တော့။ ဦးအောင်လွင်ဆိုတာ နောက်ကျရင် မိသားစုဝင်ဖစ်လာမဲ့သူတွေပဲ။ ဒီထက်ပိုပီးမိသားစုပုံရိပ်ကို ထိခိုက်အောင်လုပ်ဖို့ငါခွင့်မပြုတော့ဘူး"
"သမီး မနက်ဖြန် ဦးအောင်လွင်တို့အိမ်ကို ခေါ်သွားပေးပါ့မယ်။ ဒီနေ့ဖစ်ခဲ့တာ တွေက သမီးတို့အမှားလဲ ပါပါတယ်။ သူ့ကို အနားမှာ မနေခိုင်း...."
"သမီး...မေသော်ခက်!! ဝင်မပါနဲ့"
"ဟုတ်ပါတယ်။ဒယ်ဒီ...ညီမလေး က ကလေးဆိုတော့ အပျော်သာသာလုပ်လိုက်တာနေမှာပါ။ ကျွန်တော် မနက်ဖြန် သိမ့်ခက်တို့အိမ်သွားမှာပဲ။ အဲ့ကြရင် ညီမလေးကို ခေါ်သွားမယ်လေ"
"............" အိမ့်မူးဝေ စိတ်ပျက်တဲ့ အကြည့်တွေနဲ့ မမ ရော့ကိုကို ကို့ပါ ကြည့်လိုက်သည်။ အခုကြမှ လူ့ကိုဂရုစိုက်တဲ့ ပုံစံတွေနဲ့ အမကြီးအမိရာ အကိုကြီးအဖရာ လိုမျိုးပြောနေကြတယ်။ နှစ်ယောက်သား တော်တော်လေး သရုပ်ဆောင်ကောင်းတာကို တော့ချီးကျူးရမယ်။
"မလိုဘူး...သမီးလဲ သွားမှာမဟုတ်တဲ့အတွက် မမ ရော့ကိုကို ရော့ သရုပ်ဆောင်တာရပ်လိုက်ပါတော့"
"ကြည့်စမ်း...ကြည့်စမ်း။ ဒီကောင်မလေး...."
အိမ့်မူးဝေ အခန်းထဲက ထွက်လာခဲ့ကာ ကိုယ့်အခန်းထဲကိုသာဝင်လာခဲ့သည်။ တံခါးကို သော့ခတ်ကာ ပစ်ကျထိုင်မိလိုက်၏။
"..........."
သူမမတွေးမိပါ။ အဲ့ alarm က တကယ်မြည်မယ်ဆိုတာ ထင်ကို မထင်ထား။ ဟိုလူလဲ အဲ့ alarmကို တီးတာပဲ။ သူကြဘာလို့ မမြည်တာလဲ? အိပ်ယာပေါ်ပစ်လဲလိုက်ကာ နံရံကို ကြည့်နေကာ
"ငါ သွားပီးတောင်းပန်သင့်သလား? ငါအမှားမှ မဟုတ်တာ။ ပီးတော့ ပွဲပျက်သွားရတာက မီးစင်လဲ သွားလို့လေ။ ငါကြောင့် ဖစ်ရတာမှ မဟုတ်တာ။ ဟွန်း..ငါကရူးနေလို့ဒူးထောက်တောင်တောင်းပန်ရဦးမယ်။ တော်ပီ...အိပ်တာပဲကောင်းမယ်"
YOU ARE READING
သူဠေးသမီးနဲ့ Gangster ကိုကို
FanfictionSpoiled girlဖစ်တဲ့ အိမ့်မူးဝေ တစ်ယောက် barမှာမိမိ bffကို ပစ်သွားတဲ့ ယောကြ်ားအားတွေ့ရာမှ အခန်းထဲ ဝင် ပီးအရှက် ကွဲရာ အခန်းမှား သွားသောအခါ... အခန်းထဲ မှာ ရှိ နေ သောလူမှာသူမ ထင် သလို သာမန်လူတစ် ယောက်မဟုတ်ပဲ လူဆိုးဂိုဏ်းအဖွဲ အစည်းရဲ့ ခေါင်းဆောင်ဖစ်နေ လေ၏