အပိုင်း-၃

1.3K 48 0
                                    

ကားထဲ မှာ တိတ် တဆိတ် စွာနဲ့ မောင်နှမ နှစ် ယောက် ထိုင် နေ ကြသည်။တစ် ယောက် နဲ့ တစ် ယောက် အကြည့် ချင်း လွဲကာ တစ် ယောက် က စာအုပ် ဖတ် နေ ကာ တစ် ယောက် က အပြင် ဘက် ကို ငေးနေ၏။
"ဘာလို့ အိမ် ပြန် မလာတာလဲ?"
"......."
"ဒီနေ့လို ကိစ္စ နောက်ထပ် မကြား ချင် ဘူး၊ကြားလား?"
".......,"
"ဒီနေ့ ငါနဲ့ အိမ် ပြန် လိုက် ခဲ့၊မနက် ကြရင် ဒဏ် ရာ တွေကို ဆေးခန်းသွားပြ..ငါ appointment လုပ် ပေးထားမယ်"
"ဘာလို့ ဒီနေ့ ကျောင်းကို လာတာလဲ?"
"ဘာ?"
"ဘာလို့ အဲ့ လောက် ကျွန်မ ကို အာရုံ စိုက် နေ ကြတာလဲ?အကို ရော့မမ ရော့..ကြည့်ရတာ Annual Meeting ရောက် ခံနီးပီ ထင်တယ်"
"မင်းထင် ချင် သလို ထင် နိုင် တယ်၊ငါက အကို တစ် ယောက် အ နေနဲ့ တာဝန် ကြေ အောင် လုပ် ပေးရုံပဲ"
"တာဝန်..,ဟုတ် တာပေါ့၊အကို အတွက် benefit ဖစ်မှာပဲလေ၊ညီမ လေးကို ဂရုစိုက် တယ် ဆိုပီးအမှတ် တွေရမှာကို ပေါ့၊မမ...က ခြေ တစ်လှမ်းနှေးသွားပီ ပေါ့၊ကြည့်ရတာ..ညီတူ ဖစ် အောင် နောက် ထပ် ရန် ဖစ်ရမယ် ထင်တယ်..ဟားဟား"
"မင်းသ ဘောပါပဲ..ငါ တော့ ငါ တာဝန် ကြေ ပီ မို့ ထပ် ပီးလဲ မစွက် ဖက် တော့သလိုပြော ဖို့လဲ စိတ် ကူးမရှိဘူး၊ဒါ ပေမဲ့ နောက် ထပ် ထပ် ပီး မိသားစု ဂုဏ် ကို ကြ ဆင်းအောင်မ လုပ် ရင် တော့ ပို ကောင်းမယ်"
"မိသားစု?ဘာလဲ.,အ ဖေ တူ အ မေကွဲ မောင်နှမ နဲ့ မိ ထွေးနဲ့ အတူ နေ တာလဲ မိသားစု ပဲလား?"
"ဒါ ပေါ့...မိသားစု ပဲလေ၊မင်းဆိုးသမျှ ကို ရှင်းရ..သည်းခံ ရ..ဖြေရှင်းပေးရ ရ..ခွင့်လွတ် ပေးနိုင် တာ တွေက မိသားစု ဝင် မို့လို့ပေါ့.."
"ဟား...ဟား...ဟား....ဟား...ဟား...."
"မမ လေး!!"
"အဟီး...Sorry...ရယ်ရလို့ပါ၊ခွင့် လွှတ် ပေးတာတဲ့လား?အဟား...."
"........."
"ဒါဆို..ညီမ လေး ဆက် ဆိုးလို့ရ တာ ပေါ့၊အကို တို့က ခွင့် လွှတ် ပေးမှာပဲလေမဟုတ် ဘူးလား?ဘာလို့လဲ?မိသားစု ဝင် ဖစ် နေလို့...အဟား..ဟား...ဟား"
သူ တစ် ချက် လှည့်ကြည့်ကာ"အေး...မိသားစု ဝင် မို့ လို့ ခွင့် လွှတ် မယ်..ဒါ ပေမဲ့ အတိုင်းအတာ အထိ ပဲ..အိမ့်မူးဝေ!!"
သူမ ပြုံးပီးပဲ ကြည့် နေ လိုက် တယ်။ထို့ နောက် ဘာ တစ် ခွန်းမှ မ ပြော ပဲ အိမ် အထိ ငြိမ် သက် စွာ ပါ လာခဲ့သည်။
အိမ် ရောက် တော့ အန် တီ ထားက အ ပေါက် ဝ မှာ စီးကြို နေ တာကာ"မမ လေး...မမ လေးရယ်၊အိမ် ကို ဘာလို့ ပြန် မလာတာလဲ?ညစာ ရော့ စားပီးပီလား?မျက် နှာ ကလဲ ဘာ ဖစ် ထားတာလဲ?နေ ရော့ ကောင်းရဲ့လား?"
"ဘာမှ မ ဖစ်ပါဘူး...သမီးအခန်းထဲ ကို ဝိုင် တစ် ခွက် လာ ပို့ ပေး၊ရေ မချိုး ခင် သောက် ချင် လို့"
"အင်း...အန် တီ.."
"မပို့ ပေးနဲ့အန် တီထား၊ရေ မြန် မြန် ချိုးပီး ညစာ စားဖို့ပဲ ဆင်းလာခဲ့"
"ဟုတ် ကဲ့...အကိုလေး.,,"
"တကယ် စိတ် ပျက် ဖို့ ကောင်းတယ်!!"
"ဘာပြောတယ်?"
"စိတ် ပျက် ဖို့ ကောင်းတယ်လို့၊ရေ မြန် မြန် ချိုးပီး ဆင်းလာခဲ့ ပါ မယ်...okay?
ဒီ ကောင်မ လေးကို သူ ဘယ် လို လုပ် ရမလဲ မသိ တော့ ဘူး။သူ ရေ မိုးချိုးပီး dinnerစားဖို့ ထွက် လာ တော့ မာမီ နဲ့ ညီမ လေးက ရောက် နှင့်နေ ပီ။
"အော်...သား၊ပီးပီလား,,,လာ..ထိုင်"
"ဟုတ်ကဲ့...ဒယ်ဒီ ရော့?"
"ရောက်ပီ....ဆင်းလာလိမ့်မယ်"
"အိမ့်မူးဝေ ကော့?အခု ထိ ဆင်းမလာ သေးဘူးလား?"
"ဘာလဲ?အဲ့ ကောင်မ လေးအိမ် ကို ပြန် လာတာလား?နောက် ဆုံးတော့ အိမ် ကို ပြန် လာသေးတာပဲ"
"အကို..သူ့ကို ကျောင်းမှာ သွားကြို လာတာဆို့..."
"အော်...ဟုတ် တယ်၊ကျောင်းမှာ ကိစ္စ နည်းနည်းရှိ လို့"
"ကျွန်မလဲ သူ့အမပါပဲ၊သူ့ ကျောင်းက ဘာက်စ္စ ကြောင့် ကျွန်မ ကို မ ခေါ် တာပါလိမ့်?"
"အဲ့ဒါ တော့ ငါ မသိ ဘူးလေ၊နင် သူ့ကို ဂရုစိုက် ရင် တော့ သိရမှာ ပေါ့"
"အကို..ဘာကို ဆိုလို ချင်တာလဲ!!"
"နင် သူကို ပစ် ထားတာပဲလေမဟုတ်ဘူးလား၊နင် သူ ကျောင်းကို ရော့ သွားကော့ သွားဖူးလား?မင်းအ နေ နဲ့ဂရုစိုက် ရင် မသိ စရာ အ ကြောင်းမရှိ ပါဘူး"
"အကိုက ရော့ ဘာ တွေဂရုစိုက် ပေး နေ လို့လား?Annual Meeting နားရောက်မှ ဂရုစိုက် တတ် တာ အကို အကျင့်ပဲလေ"
"ဘာ?"
"မဟုတ် လို့လား?အကို သိ တတ် သလို ဂရုစိုက် တဲ့ ဟန် ဆောင်မူ တွေ က အရမ်းသိ သာ လွန်းနေတယ်"
"တိတ်ကြစမ်း...နှစိ ယောက် လုံး၊ထမင်းစားပွဲ မှာ ရန် လာဖစ် နေ ကြတယ်၊အခြားလူ တွေကြားရင် ဘယ် လောက် ရှက် ဖို့ ကောင်းလိုက်လဲ?"
"........"
"က လေး တွေ မဟုတ် တော့ဘူး၊သိက္ခာ ရှိ ကြ စမ်း!!"
"အိမ် မှာ ရန် ဖစ် တာပဲ၊ဘယ်သူမှ မြင် တာလဲ မဟုတ် ပဲနဲ့၊သိက္ခာ တွေ ဘာ တွေ ပြော နေ သေးတယ်..မေ မေကြီးကလဲ"
အိမ့်မူးဝေ ဝိုင် ခွက် ကို ကိုင် ပီး စားပွဲ ဝိုင်းမှာ ထိုင် လိုက် သည်။မမ က တော့ ထမင်းကို ဆက် စားနေ ၏။ကိုကို က တော့ဒေါ သ ထွက် တုန်းမို့ ထင်တယ်၊ရေ သာ စွတ် သောက် နေ သည်။
"ဒီနေ့ တော့ အိမ် ပြန် လာ သေးတယ် ပေါ့၊မသိ ပါဘူး..ငါက နင့်အဝတ် အစားတွေအကုန် လုံးအပြင် မှာထားပေးရ တော့ မယ် ထင် နေ တာ။ပြန် လာရင်လဲ ပြသာနာက ရှာလာ သေးတယ် နော်"
"မေ မေကြီးစိတ် ပူ အောင် လုပ် မိ တဲ့ အတွက် တောင်းပန် ပါတယ်၊အဲ့ အဝတ် အစားတွေက မလို တော့လို့ ကြိုက် တာ လုပ် လို့ရတယ်၊ဟီး...မမ...သမီးတို့ Shopping ထွက်ရ အောင်၊မေ မေ ကြီးရော့ပဲ"
"ငါမှာ နင် လို အားတဲ့ အချိန် မရှိ ဘူး၊အဲ့ ဝိုင် ခွက် က ဘာ လုပ် တာလဲ?ထမင်းစားနေ တယ် လေ.."
"ဝိုင် ခွက် မဟုတ် ပါဘူး၊အ အေးပါ..,သောက်ကြည့်မလား? Alcohol လက် တစ် ဆိတ် စာပဲ ပါတယ်၊စြေး ကြီးကြီးပေးရ တော့ အရ သာ ကောင်းဖို့လဲ လိုတယ် လေ၊အာကြောင့် ထမင်းစားတုန်းသောက် ကြည့်တာ"
"အေး...ကြိုက် တာသာလုပ်..."
"ဆူညံ နေ ကြတာပဲ၊ထမင်းစားတာ ရော့ ဟုတ် ရဲ့လား.."
"ဒယ်ဒီ!!"
"အိမ့်မူးဝေ...ထမင်းအေးဆေးစား၊အိမ် ပြန် လာပီးအိမ် ပူ အောင် လုပ် မ နေနဲ့။မျက်နှာက ဘာဖစ် ထားတာလဲ?မြင်ရတာ ကြည့်ပျော်ရူဖို့ကို မရှိဘူး"
".....တောင်းပန်ပါတယ်၊သမီး..ကျောင်းမှာ ရန် ဖစ် လာလို့ ဒီလို မျက်နှာ ဖစ် နေ တာပါ..နောက် ခါ မဖစ် တော့ပါဘူး..,"
".........."
"အဲ့လို ပြောမယ် လို့ ထင် နေကြတာလား?ဟီး..ဟီး...Sorryပဲ ဒယ်ဒီ၊ဒယ်ဒီလဲ သမီးစိတ် သိ တာပဲ၊အနိုင် ကျင့်တာခံရတာ အိမ် မှာပဲ လုံ လောက် ပီလေ၊ကျောင်းမှာ ပါ ခံရရင် တော့ မဟုတ် သေးဘူးလေ"
"အိမ့်မူးဝေ...တိတ် စမ်း၊မင်းအခုရှိ နေ တာ မိသားစု ထမင်းစားပွဲဆိုတာ မေ့ နေ ပီလား?Table Minnerရှိစမ်း..,"
"အကိုကြီးကလဲ.,အော် လိုက် တာနားအူ တော့ မယ်။ဟုတ် ကဲ့ပါ...တောင်းပန်ပါတယ်၊မှားပါတယ်"
"မနက် ဖြန် ပွဲ ရှိ တယ်၊အကုန် လုံးတက်ရမယ်၊အဓိက အိမ့်မူးဝေ..ပြသာနာရှာ ဖို့ မစဉ်းစားနဲ့"
"ဟုတ်ကဲ့ပါ...."
"ဟို နှစ် ယောက် Companyရဲ့ Report ကို ပီးရင် အခန်းထဲ လာပြ။နောက် လ ထုတ် မဲ့ productအစီအစဉ် တွေ ကော့ပဲ။ကြားလား?"
"ဟုတ်ကဲ့..ဒယ်ဒီ"
"ဟုတ်ကဲ့!!"
"အိမ့်မူးဝေ....မနက် ဖြန် က စပီး Guideလာလိမ့်မယ်၊ဒီလ အတွင်းအဆင့်မတက်ရင် မုန့်ဖိုးဖြတ်မယ်"
"ဒယ်ဒီ!!"
"ဒါပဲ...ပါးစပ် ပိတ် ပီး ထမင်းစားတော့"
ထမင်းစားပွဲ တစ်ခု လုံးငြိမ် ကြ ကာ တိတ် ဆိတ် ၍ထမင်းသာ ဆက်စားနေ တော့၏။
"ဟား..ဟား...အဲ့ဒါဆို နင် တော့ စာလုပ်ရ တော့ မှာ ပေါ့"
"ဆု တောင်းလေ..စိတ် မပူပါဘူး၊အဲ့ Guideလဲ ဘယ် နှစ်ရက် ခံ မလဲ ကြည့်ရ တာ ပေါ့"
"နင်ဒဏ် ခံရမဲ့ Guideကို တော့ သနားမိသား၊အာ..ဒါပဲ နော်..ငါ အလုပ် မှာဟ။လူကြ နေ တော့မအားဘူးဟ၊နောက်မှ ပြောကြ တာ ပေါ့"
"ရတီ...."
"ဟုတ်ကဲ့...လာပီ။ဟဲ့...ဒါပဲနော်"
"........"ရတီ ဖုန်း ပိတ် ကာ ဆိုင် ထဲ အမြန် ဝင်ရသည်။မန် နေဂျာက ဆွဲ ခေါ်ပီး"ဒီ လောက် အလုပ် ရူပ် နေ တာ ဘယ် ရောက် နေတာလ?"
"တောင်းပန် ပါတယ်၊အိမ်က အ ရေးတကြီးဖုန်းလာ လို့ပါ"
"ရော့...ဒီ order တွေကို VVIPအခန်းကို သွားပို့"
"VVIP?ကျွန်မ သွားလို့ ရပါ့မလား?အဲ့အခန်း တွေက Senior တွေပဲ သွားလို့ရတာမဟုတ် ဘူးလား?"
"လူ မအားလို့ဟ။သေ သေ ချာ ချာ သူတို့ လို အပ် တာ ဖြည်းပေး။ပြသာနာဂမတက် စေနဲ့.,ကြားလား?"
"ဟုတ် ကဲ့..."
မန် နေ ဂျာ ပေးတဲ့ စာရွက်အတိုင်း order တွေ ဖြည့်ကာ သူ VVIPကို ထွက် လာခဲ့သည်။Barမှာက VIP နဲ့ VVIPဆို ပီး နှစ် မျိုးခွဲ ထားတာကိုမှ VVIPက ဂိုဏ်းက လူ တွေ ၊တကယ့် အထက် တန်းစားတွေ အခန်းမို့ သူ သတိ ထားရမည်။အမှားတစ်ခု လုပ် မိ၊ကြားမိရင် အသက် ပါ ပျောက် နိုင် တာမို့ မကြားချင် ယောင်၊မသိ ချင် ယောင် ဆောင် တာ အ ကောင်းဆုံးပဲ။သူမ လေ ပူတစ် ချက် မူတ် ထုတ် ပီးတံခါးကို ခေါက် လိုက် သည်။
"ဒေါက်..ဒေါက်..ဒေါက်"
"ဘာကိစ္စ?"
"Orderတွေလာပို့တာပါ"
"ဝင်လာခဲ့!!"
"ဟုတ်ကဲ့"အခန်းထဲ မှာ ယောကြ်ား တွေ ချည်းပင်။အကြည့်တွေနဲ့ပင် ဖျားသွားနိုင် တယ်။ကြမ်းပြင် ပေါ် မှာ လဲ ကြ နေ တဲ့ သွေးတွေနဲ့ လဲ ကြ နေ တဲ့ လူကို တွေ့ ပေမဲ့ သူမ မမြင် ချင် ယောင် ဆောင် ပီးထည့်စရာ ရှိ တဲ့ orderတွေကို သာ စွတ် ထည့်နေ သည်။ကြောက်ရွံမူကြောင့် လက် တွေ တုန်ကာ ပန်းကန် တစ် ချပ် ကြမ်းပြင် ပေါ် ခြ သွားရာ
"ဂွမ်း"
".........."
"တောင်း..တောင်းပန်ပါတယ်၊အသစ် ပြန် ယူလာခဲ့ပါ့မယ်"
"ထားလိုက်၊ပီးပီ မဟုတ် လား?ပီးရင် ထွက် တော့"
"ဟုတ်...ဟုတ်ကဲ့"
"ရော့...Tip၊ဒါအကုန် ပဲမဟုတ်လား..."
"ဟုတ်...ဟုတ်ကဲ့"
"ဒါဆိုရင် သွားတော့၊ငါတို့ လိုရင် ထပ် မှာမယ်"
"ဟုတ်..ဟုတ်ကဲ့"
သူမ ပန်းကန် ကောက်ရင်းခေါင်းဆောင် ဆ်ု တဲ့ သူက်ု ဖြတ် ကနဲ့ ကြည့်မ်ရာ သူကလဲ စိုက် ကြည့်တာမို့ အကြည့်ကို ရုတ် သိမ်းကာ သိမ်းစရာ ရှိ တာ သိမ်းနေ မိစဉ်
"မင်း..နာမည်၊ဘယ် လို ခေါ်လဲ?"
"ရှင်?"
"....ရတီတဲ့လား?မင်းအခု ဘာ မြင် လဲ?"
"ရှင်...ရှင်..ဘာကို..ဘာကိုဆိုလို"
"ဂွမ်း..."(ခွက် လွတ် ခြ သံ)
"အ မေ့...ဟင်အင်း၊ကျွန်မ..ကျွန်မ ဘာမှ မမြင် ပါဘူး"
".....သွားတော့"
"ဟုတ်..ဟုတ်ကဲ့"
"......."
ကောင်မ လေးထွက် သွားတာနဲ့ သူ တို့ ဆက် လုပ် စရာ ရှိ တာကို ဆက် လုပ် နေ ကြသည်။ဘယ် လောက် မေး မေး မ ဖြေ တဲ့ အဲ့ ကောင် ကိုဇင် ယော် စိတ် မရှည် တော့ ပေ။
"အဲ့ ကောင် ကို မတ် တပ် ရပ် ခိုင်းလိုက်"
"ဟုတ် ကဲ့..."
"နောက် ဆုံးအ နေနဲ့ ထပ် မေးမယ်၊ဘယ် သူလဲ?"
"ကျွန် တော်...ကျွန် တော် တကယ် မသိ ဘူး"
"မင်း...ထပ် မေးမယ်၊ဘယ်သူလဲ?"
"ကျွန် တော် တကယ် မသိ တာပါ..."
".......ဟေ့ ယောင်၊ငါ ဖုန်းပေးစမ်း"
"...."
"ဒီပုံထဲ က ကောင်မ လေးကို သိ လား?ငါ့ကို ဒီပုံ တွေ လာပို့ပေးတယ်"
"ဟင်?"
"မင်း ကောင်မ လေး တဲ့!!မင်းက မဆိုးဘူးပဲ၊ရှာ တတ် တာပဲ"
"ဟင်အင်း...ကျွန် တော် မသိ ဘူး!!"
"သေ ချာကြည့်ပါဦး...တကယ် မင်းမသိ ဘူးလား?"
"..မသိ ဘူး.."
"မင်း ကောင် မ လေး မဟုတ် ရင် လဲ ပီးတာပါပဲ၊ဒါဆို ငါ့ ကောင်မ လေး လုပ် လို့ရတာ ပေါ့၊ဟေ့ ယောင်,,အဲ့ ကောင်မ လေးကို သွားခေါ် လာခဲ့၊ဒီ ည ဒီမှာ ပွဲ လုပ် ကြ တာ ပေါ့"
"ဟုတ် ကဲ့..."
"မဟုတ် ဘူး၊မဟုတ် ဘူးလို့ ပြော နေ တယ် လေ...အား"
"ဖြောငိး(နရင်းအုပ် သံ)"
"အ....ထွေီး..."
"မဟုတ် ရင် ပီးပီ လေ၊ဘာလို့ ဒီ လောက် အော် နေ တာလဲ?မင်းတကယ်ပဲ ငါ့ကို ဒေါ သ ထွက် အောင် လုပ် နေ တာပဲ"
"ကျွန် တော်...ကျွန် တော် ပြောပြ မှာ မို့ ရပ် လိုက် ပါ..."
"ဘာ?"
"ကျွန် တော် ပြောပြ မှာမို့..ကြေးဇူးပြု ပီး သူမ ကို မထိ ပါနဲ့"
"........"
ရတီ အခန်းထဲ က ထွက် လာပီး က တည်းက ရင် တွေ တုန် နေ သေးတုန်း။ကြောက် စာရာကြီး...သူမ မြင် ခဲ့ တာ ကို ရဲ တိုင်ရ မလား?ဟင်အင်း...အဲ့လူ က သူမ နာ မည် ကို သိ ထားတယ်။သူမ လို့ လူက သူတို့ အတွက်အ သေးစားပင်။ပီး တော့ သူမ အလုပ် လဲ ပြု တ် မှာ။ဒီ အတိုင်းမသိ ချင် ယောင် ပဲ ဆောင် ရ အောင်။တွေးရင်း နဲ့ အဲ့ လူ တွေ ဆင်းလာကြသည်။သူမ ခေါင်းငုံပီး ခါးကုံးကာ နူတ် ဆက် လိုက် သည်။အကုန် လုံးထွက် သွားပီးမှ သက်ပြင်းခြ ပီး မတ် တပ် ရပ် လိုက်သည်။
"အဲ့ waitress ကို ဘယ် လို လုပ် ရမလဲ?"
"ဘာကိုလဲ?"
"အခု န တုံးက ဝင် လာတဲ့ ကောင်မ လေး၊ကြည့်ရတာ အသစ် ထင် တယ်"
"နူတ် မလုံရင် ရှင်းလိုက် ပေါ့"
"ဟုတ်ကဲ့..."
"......တကယ်ပဲ၊မိန်းက လေး တွေက စိတ် ရူပ် ဖို့ ကောင်းတယ်၊ထူးအောင်...စောက် ရူးကောင်"
"မင်းမသိ သေးလို့ပါ၊မိန်းက လေး တွေက ဘယ် လောက် စွဲ ဆောင်မူရှိ လိုက်လဲ?"
"ငါ့အတွက် တော့ အမိုက် ထုတ် တွေပဲ၊ဘာမဟုတ် တဲ့ မိန်းမ အတွက် နဲ့များ..အဲ့ ကောင်..တောက်!!"
"........."
ဇင် ယော် နားမလည် ပါ။သူ မိန်းမ တွေကို မုန်းတယ် လို့လဲ မဟုတ် ပေမဲ့ စိတ် ရူပ် သည်။သူ လုပ် နေတဲ့ အလုပ် က သံယောဇဉ် ထားလို့ မဖစ်၊သူ ကကြမ်းကြမ်းတန်းတန်းသမားမို့ ဘယ် ကောင်မ လေးမှ ကြာကြာ မတွဲ ပေ။သူ့ကလဲ ကောင်မ လေးတွေကို Sexကိစ္စနဲ့ အပန်းဖြေ ဖို့ လောက်ပဲ တွဲသည်။ကောင်မ လေးတွေကို သူ့ဘဝ ထဲ ဝင် ခွင့် လဲ မ ပေးသလို တွေးလဲ မ တွေးထားပေ။အဲ့ဒါ ကြောင့်ထူးအောင် လို့ ကောင်မ လေးကြောင့်ပျော့ညံ သွားတဲ့ ကောင် တွေကို စိတ် အကြီးအကျယ် ပျက်တာ မဆန်းပါ။
"ထူးအောင်..ပြောအရ ဆို မနက် ဖြန် သူတို့ ပွဲ ရှိ တာပဲ"
"ငွေအမဲ နဲ့ ဆေးက သူတို့ ကြားက အလှယ် အလဲ ပဲ။ငါတို့ ကုန် ကြမ်းတွေကို သူတို့ ဖြတ် လု ထားတော့ ငါတို့လဲ သူတို့ ကုန် ကြမ်းကိုပြန် ယူတာ ပေါ့"
"ဒါ ပေါ့....ဟား:.ဟား"
"ဒီကိစ္စ ကို ဆရာကြီးကို အ ကြောင်းကြားထားလိုက်၊မနက် ဖြန် လူစုထား၊နေ ရာ ကို ကြိုရှင်းထား"
"ဟုတ်ကဲ့...."
ဇင် ယော် သောက် နေတဲ့ ဆေးလိပ် ကို အပြင် ဘက် သို့ လွှတ်ပစ် လိုက် သည်။ဆေးလိပ် အ ငွေ့ တွေက ကားထဲ မှာ ကန်ြရစ် နေ ပေမဲ့ တစ်ဖြည်းဖြည်းနဲ့ ပျောက် ကွယ် သွားမည်...

သူဠေးသမီးနဲ့ Gangster ကိုကိုWhere stories live. Discover now