Zawgyi version
"ဒီမှာ Park Chan Yeol! ငါပြောတာသေချာနားထောင် ငါ့ကို Park BaekHyunလို့ မခေါ်နဲ့"
ဆရာကြီးလေသံနဲ့ ကျနော့်ကိုလာလုပ်နေတာ
"မင်း နာမည် Park Baekhyun ပဲလေ အဲ့လိုမခေါ်လို့ ငါက ဘယ်လိုခေါ်ရမှာလဲ"
"ဒီတိုင်း Baekhyun လို့ပဲခေါ် အဲ့Parkဆိုတာကြီးကို မုန်းလို့"
"အဲ့တာ ငါ့မျိုးရိုးနာမည်နော် 😒"
"သိတယ်😌"
ဂရုမစိုက်သလိုမျက်နှာဘေးလုပ်ပြနေသော Baekhyun ကို အမြင်ကပ်လာတာကြောင့် အသံလေးကို မဆိုသလောက် တမင်ကျယ်လိုက်ကာ အော်ပေးလိုက်သည်..
"Ya... ငြိမ်ငြိမ်ထိုင်ပြီး စားစရာရှိတာစားး "
"သူကျွေးတာ စားရတယ်ဆိုပြီး အဲ့လိုအော်တယ်ပေါ့ ရတယ်လေ"
"ဘာလဲ မစားတော့ဘူးလား"
"စားမှာ 😡"
ရွဲ့နေတာလားတော့ မသိဘူး ပလုပ်ပလောင်းတွေ လာစားပြနေတယ် .. စားရင်းနဲ့လည်း ကျနော့်ကို မကျေနပ်တဲ့ အကြည့်ကြီးနဲ့ ကြည့်လိုက်သေးတယ်။။
"ရော့ ရေသောက် နင်ပြီး သေနေရင် ငါသရဲကြောက်တယ်..."
"Hmm.."
Chanyeol လည်း ထမင်းစားလို့ပြီးသွားတော့ အလုပ်သွားဖို့ လက်ဆွဲအိတ်လေးကောက်ကိုင်ကာ baekhyun ကို ၀တ်ကျေတန်းကျေ နှုတ်ဆက်လိုက်သည်..
"ငါ အလုပ်သွားတော့မယ် ကောင်းကောင်းနေခဲ့နော်"
"ကောင်းကောင်းမနေလို့ ငါက.."
တစ်ခုပြောရင် တစ်ခု အထွန့်တက်လွန်းတဲ့ Park Baekhyun လေးကို ခိုင်းခဲ့ရဦးမယ် ဟွင်းဟွင်းး
Chanyeol Devil smileလေးဖြင့် Baekhyun ကိုကြည့်လိုက်ပြီး လေသံလေးအနည်းငယ်ဖျော့လိုက်ကာ..
"အော်.. အပေါ်ထပ်က ပြတင်းပေါက်မှာ ဖုန်တွေချည်းပဲ ပြီးတော့ ကြမ်းတွေလည်းတိုက်ရ.."
"ငါလည်း အလုပ်ရှိတယ်နော် မင်းမေ့နေမှာစိုးလို့ အဲ့ဟာတွေလုပ်ချင်ရင် ပြန်လာမှ ကိုယ့်ဟာကို အေးအေးဆေးဆေးလုပ် 😊"
"😒😒"
"သွားသွား တံခါးလိုက်ပိတ်ပေးမယ်"
YOU ARE READING
VITAL
Fanfictionတဖြည်းဖြည်းနဲ့ပိုတိုးလာတဲ့ သံယောဇဉ်ကြိုးတွေကြောင့် ငါမင်းကို လွှတ်ပေးလိုက်ဖို့ဘယ်လိုမှမဖြစ်နိုင်တော့ဘူး။ ကံကြမ္မာကတောင် ငါတို့ကိုဘယ်လိုမှ မခွဲနိုင်စေရဘူး.. တဖြည်းဖြည်းနဲ့ပိုတိုးလာတဲ့ သံယောဇဉ်ကြိုးတွေကြောင့် ငါမင်းကို လွှတ်ပေးလိုက်ဖို့ဘယ်လိုမှမဖြစ်နိုင...