#Zawgyi Version#
ညက မိုးများစွာ ရွာသွန်းခဲ့သောကြောင့် မနက်အစောရာသီဥတုက ပုံမှန်ထက်ပိုပြီး အေးစိမ့်နေသည်
Chanyeol နိုးနိုးချင်း နာရီကြည့်ရန် ကုတင်ဘေးက စားပွဲဆီသို့ လက်လှမ်းလိုက်သော်လည်း ညာဖက်လက်မောင်းပေါ်ရှိ အရာတစ်ခုကြောင့် လှုပ်လို့မရဘဲဖြစ်နေသည်...
Chanyeol လည်း မျက်လုံးကို ဖြည်းဖြည်းချင်း ဖွင့်ပြီးကြည့်လိုက်သည်
Baekhyun တစ်ယောက် ညကအတိုင်းလေးပဲ ငြိမ်သက်စွာအိပ်ပျော်နေဆဲ... Chanyeol ရင်ဖက်က အင်္ကျီစလေးကိုတောင် လက်နဲ့ဆွဲထားသေးတယ်...
ဒီလောက် အအိပ်ဆော့တဲ့ကောင်က အခုကျတော့ ငြိမ်ကုပ်လို့ပါလားး မိုးရွာတာကို တော်တော်ကြောက်တယ်ထင်တယ်....
Baekhyun ဆံပင်ပျော့ပျော့လေးတွေကို Chanyeol လက်ဖြင့်သပ်ပေးနေမိသည်....
ခဏနေတော့ Chanyeol လည်း Baekhyun ခေါင်းလေးကို ဖြည်းဖြည်းလေးမကာ ခေါင်းအုံးပေါ်တင်ပေးခဲ့လိုက်သည်...#############
Chanyeol မနက်စာစားပြီး ရုံးသွားခါနီးကာမှ အပေါ်ထပ်ကနေ ဆံပင်စုတ်ဖွားနဲ့ Baekhyun ဆင်းလာသည်
Chanyeolကို ခေါင်းအစခြေအဆုံး ကြည့်ပြီးနောက် အနားကပ်လာကာ"Necktie ကြီးကလည်း လျော့လျော့ကြီးရယ်..."
Necktieကို သေချာပြန်ကျပ်ပေးရင်း အိပ်ချင်မူးတူးနှင့် သူ့မျက်လုံးသူပွတ်နေသေးသော Baekhyun ကို Chanyeol ဒီတိုင်း ကြည့်နေမိသည်...
"ရပြီ လှသွားပြီ..."
"ဘာလို့ထလာတာလဲ.. အိပ်ရေးက မဝသေးပဲနဲ့.. ဘာလဲ ရုံးမသွားခင် popo လိုချင်လို့လား"
Baekhyun က Chanyeol ကိုမော့ကြည့်ကာ..
"Popo လိုချင်ရအောင် မင်းက ငါ့အမေမို့လို့လားး.. သွားတော့ ရုံးနောက်ကျနေမယ်"
"အွန်းးး "
"ဒါနဲ့ မင်း မနေ့က ကားပျက်တာလားးး ကားပြန်မပါလာဘူးမလား"
"အွန်း ဟုတ်တယ် Workshop မှာထားခဲ့ရတယ်.. အခုက Busကားနဲ့ဖြစ်ဖြစ် Taxiနဲ့ဖြစ်ဖြစ်သွားမှာ"
"Arasor..."
Chanyeol Baekhyun လက်ကိုဆွဲကာ သူ့အနားကိုတိုးစေပြီး နဖူးလေးအား နမ်းလိုက်သည်
YOU ARE READING
VITAL
Fanfictionတဖြည်းဖြည်းနဲ့ပိုတိုးလာတဲ့ သံယောဇဉ်ကြိုးတွေကြောင့် ငါမင်းကို လွှတ်ပေးလိုက်ဖို့ဘယ်လိုမှမဖြစ်နိုင်တော့ဘူး။ ကံကြမ္မာကတောင် ငါတို့ကိုဘယ်လိုမှ မခွဲနိုင်စေရဘူး.. တဖြည်းဖြည်းနဲ့ပိုတိုးလာတဲ့ သံယောဇဉ်ကြိုးတွေကြောင့် ငါမင်းကို လွှတ်ပေးလိုက်ဖို့ဘယ်လိုမှမဖြစ်နိုင...