#Zawgyi Version#
ရုံးပိတ်ရက် နေ့လည်ခင်းတစ်ခု၌ဖြစ်သည်။
"Baekhyunee..."
Baekhyun အိမ်ရှေ့ဒန်းစင်လေးမှာ ထိုင်နေတုန်း အိမ်ထဲမှထွက်လာတဲ့ နူးညံ့လှသော ခေါ်သံလေးး
ဒီအသံက ပုံမှန်မဟုတ်ဘူး.. Park Chanyeol ငါ့ကို တစ်ခုခုခိုင်းတော့မယ်ထင်တယ်.... မကြားချင်ယောင် ဆောင်နေတာ အကောင်းဆုံးပဲ.. ဟူးး... အပြင်ခဏသွားသင့်လား
ပြန်ထူးသံမကြားရလေတော့ Chanyeol တစ်ယောက် အိမ်ထဲကနေ ထွက်လာတယ်.. မျက်နှာမှာလည်း အပြုံးနုနုလေးနဲ့.. သေသေချာချာ သတိထားကြည့်ရင်တော့ လုပ်ပြုံးကြီးမှန်း သိနိုင်သည်..
"Baekhyunne.. ဘာလို့ ပြန်မထူးတာလဲကွာ.. ငါက အပြင်များထွက်သွားတာလားလို့.. "
"ဟင်.. အော်အေး ကြားလိုက်သလိုလိုတော့ရှိတယ် ဟီးး"
"အပြင်မှာမပူဘူးလား ကော်ဖီအေး ဖျော်ပေးရမလားး"
"Ya... Park Chanyeol ပြောစရာရှိတာသာပြော.."
စိတ်မရှည်တဲ့ ရုပ်နဲ့ Chanyeol ကိုကြည့်ပေးလိုက်တော့ လန့်သလို မျက်လုံးလေးဝိုင်းသွားသည်.. ပြီးမှ အသာရယ်ပြီးး
"ဟားဟားး မင်းကလည်းး.... ဒီလိုကွာ.. ငါတို့ Companyကကွာ.. တချို့နေရာတွေမှာ အခုအချိန်ထိ manual documentတွေနဲ့ လုပ်နေတာတွေရှိတယ်လေ.. အဲ့တာတွေကို အကုန်လုံးကို Computerized System ပြောင်းပစ်ဖို့ စီစဉ်ထားတယ်.. အဲ့ဒါ ငါ့ကို Programming Language လေးတွေ သင်ပေးထားဖို့..."
"တိတိကျကျပြောလေကွာ Programming Language တွေက အများကြီးရှိတာကို... မင်းကိုယ်တိုင် software ရေးရမှာတော့ မဟုတ်ဘူးမလား "
"ဟင့်အင်းး ဒီတိုင်းး သိထားသင့်တယ် ထင်လို့"
Baekhyun က Chanyeol ပုခုံးလေးအား ပုတ်ကာ
"အွန်းး အဲ့လို သိချင်စိတ်လေးရှိတော့ ကောင်းတာပေါ့.. "
"Ok.. အာ့ဆို နောက်နေ့ညက စပြီးသင်ပေးး"
"အွန်းးး... ငါတော့ အိပ်ရေးပျက်တော့မယ်ထင်တယ်.."
"မပျက်ဘူး မပျက်ဘူးးး.. မနက်အစော မထနဲ့တော့ ငါနဲ့မနက်စာ ထ မစားလည်းဖြစ်တယ်.. "

ESTÁS LEYENDO
VITAL
Fanficတဖြည်းဖြည်းနဲ့ပိုတိုးလာတဲ့ သံယောဇဉ်ကြိုးတွေကြောင့် ငါမင်းကို လွှတ်ပေးလိုက်ဖို့ဘယ်လိုမှမဖြစ်နိုင်တော့ဘူး။ ကံကြမ္မာကတောင် ငါတို့ကိုဘယ်လိုမှ မခွဲနိုင်စေရဘူး.. တဖြည်းဖြည်းနဲ့ပိုတိုးလာတဲ့ သံယောဇဉ်ကြိုးတွေကြောင့် ငါမင်းကို လွှတ်ပေးလိုက်ဖို့ဘယ်လိုမှမဖြစ်နိုင...