The Starless Sky

1.8K 183 32
                                    

~The Starless Sky~

ပြတင်းပေါက်မှ ပြူကျလာသည့် နေရောင်ခြည်
ဖျော့ဖျော့သည် အခန်းတွင်းရှိအညိုရောင်
ကြမ်းပြင်သို့ ထင်ဟပ်နေသော်လည်း
တစ်ခန်းလုံး အလင်းဆောင်ဖို့ရာမစွမ်းနိုင်။

အခန်းတွင်း ဆွဲလက်စ ပန်းချီကားက
ကင်းဘတ်စပေါ်တွင် ပုံရယ်လို့ပင် မပေါ်သေး။

အခန်းထောင့်တစ်နေရာမှာ ရောင်းရန်ဟု စာကပ်ထား
သည့် ပန်းချီကားတွေထောင်ထားတယ်။...

ကြမ်းပြင်ပေါ်တွင် အရောင်စွန်း အဝတ်စတွေရယ်
စုတ်တံခွက်ထဲမှ စုတ်တံတချို့က ပြုတ်ကျလျက်
ကောက်မည့်သူလည်း ရှိပုံမပေါ်...

ပန်းချီဆရာကိုယ်တိုင်လည်း သတိတရ
ကောက်ယူမည့်ပုံမပေါ်...

ပန်းချီဆရာဟာ
အခန်းပြတင်းပေါက်ဘောင်မှာ
လျော့ရဲရဲ မှီကာ လက်ထဲက ဆေးလိပ်ကို
အဆက်မပြတ်ဖွာတယ်...

စားပွဲပေါ်မှ ကော်ဖီခွက်သည်လည်း
အငွေ့မထွက်တော့။....

ပန်းချီဆရာ အပြင်ကိုငေးမောနေတာ
အနည်းငယ်တော့ကြာနေပြီ...

ဇင်ယော်တောင်ပံ မျက်ခုံးနက်နက်တို့က
တွန့်ချိုးထားသည်ကို ကြည့်ခြင်းဖြင့်
ပန်းချီဆရာသည် တစ်ခုခုကို အလိုမကျ သို့မဟုတ်
တစ်ခုခုကို ပြီးပြတ်အောင်ရှင်းချင်ပုံရတယ်ဆိုတာ
သိသာနေတယ်။....

"အစ်ကို!!"

ခေါ်သံနဲ့အတူ သူ့ ပန်းချီခန်းထဲဝင်လာတဲ့
ကောင်လေးကို သူ စိတ်ပျက်စွာနဲ့ လှည့်ကြည့်လိုက်တယ်။

ပြီးတော့ သူ သက်ပြင်းတစ်ချက်ကို အချိန်ဆွဲပြီး
ချတယ်။...

နှုတ်မှထုတ်မပြောပေမဲ့ သူ့စိတ်ပျက်ခြင်းတွေကို
ဒီကောင်လေး အလိုလိုသိအောင်လို့
ရည်ရွယ်လိုက်တာဖြစ်တယ်။...

" အစ်ကို ဒီလိုသက်ပြင်းချတာလောက်နဲ့
ကျွန်တော် စိတ်ပျက်သွားမှာ မဟုတ်ဘူး အစ်ကို။"

ကောင်လေးရဲ့ အသံဟာ ယောကျာ်းသံပီသပေမဲ့
သိပ်ကိုနူးညံ့လွန်းတယ်။...

အရင်တုန်းက သူဟာ ဒီ အသံကို သဘောခွေ့လွန်းလို့
ကောင်လေးဆွံ့အသွားမှာကိုတောင်
အဓိပ္ပာယ် မဲ့စွာ စိုးရိမ်ခဲ့ဖူးတယ်။...

The Starless Sky[Complete]Where stories live. Discover now