ကြွေရုပ်လေး မောင့်ချစ်သူ.........
Present for @perrynway..အေဒီ၈ရာစု....ချီမင်းဆက်...
"လိုက်ကြဟေ့!...လိုက်ကြ ...မလွတ်စေနဲ့....အပြစ်သားကို မိအောင် ဖမ်းကြစမ်း!!!!..."
ညာသံပေးကာ..အနောက်ကနေ တရစပ် ပြေးလိုက်လာတဲ့
လူတစ်အုပ်ကြီးရဲ့ အသံက....ဂါမိုတောအုပ်ထဲကနေ ပဲ့တင်ကာဟိန်း ထွက်လာပြန်တယ်...နန်းတွင်းရဲမက်တွေရဲ့ အဆောင်အယောင် ကို ဆင်ယင်ထားပြီး...ကိုယ်စီ ကိုင်ဆောက်ထားတဲ့ ဓားရှည်တွေက နေရောင်ခြည် အောက်မှာ ငွေရောင်တလက်လက်နဲ့ပင်..
အားလုံးရဲ့ မျက်နှာမှာတော့.ဒေါသရိပ်တစ်ချို့ က ထင်ဟပ်လျက်....လက်သုံးတော် ဓားတွေကလည်း သက်ရှိမှန်သမျှကို ဇီဝိန်ချူပ်ရန်အတွက် အသင့်ဖြစ်နေတော့သည်။
"Han!...အဆင်ပြေရဲ့လား....ကိုယ့်လက်ကို မလွှတ်နဲ့နော်....."
Sehunတစ်ယောက် လက်ထဲမှာ ရှိနေတဲ့ သူမရဲ့ လက်ဖဝါးလေးကို ခပ်တင်းတင်း လေး ဆုပ်ကိုင်လိုက်ပြီး သတိပေးစကားပြောလိုက်မိ၏..
အနည်းငယ်အေးစက်နေတဲ့ လက်ဖဝါးလေးရဲ့ အထိအတွေ့က သူမလေး ဘယ်လောက်တောင် ကြောက်နေသလဲဆိုတာကို ခန့်မှန်းကြည့်လို့ရပါတယ်..
"အင်း...အင်းပါ....hun သူတို့ လိုက်လာကြပြီ....ဟင့်..
Luတို့ ဘယ်လို လုပ်မလဲ ဟင်???..."မျက်ရည်စတစ်ချို့နဲ့ ပြောလာတဲ့ သူမလေးရဲ့ စကားသံကြောင့်..sehun ခြုံတစ်ခု ရဲ့ အကာအကွယ်ကို ယူလိုက်ပြီး...သူမလေးရဲ့ လက်ကို တွဲကာ...ထိုနေရာမှာ ခဏနားလိုက်တော့တယ်....
မောဟိုက်နေသော အသံကို အားယူပြီး sehunပြောနေမိ၏
"Han..ကိုယ့်ကို ယုံတယ်မလား...??..."
"အင်း....ယုံတယ်....lu..Hunကို ယုံပါတယ် "
ကျွန်မရဲ့ မျက်ဝန်းတွေထဲကို စိုက်ကြည့်ရင်း မေးလာတဲ့
Hunကို...တုန့်ဆိုင်းခြင်းမရှိပဲ ကျွန်မ ပြန်ဖြေလိုက်တယ်..
STAI LEGGENDO
ကြွေရုပ်လေး မောင့်ချစ်သူ{one Short}
Fanfictionညီမလေးတစ်ယောက်က မွေးနေ့လက်ဆောင်အဖြစ်ပေးထားတာပါ