Chapter ❇21❇

4.6K 677 109
                                    

[UNICODE]

Chapter [21]

Seoulကို Jiminပြန်ရောက်ချိန်မှာ
သူမျှော်မှန်းထားတဲ့သူက တော့
စောင့်ကြိုမနေခဲ့ပါ။

လေဆိပ်ကို လာကြိုခဲ့သူမှာ.. သူ့ရဲ့ ommaတစ်ယောက်ထဲသာ.. ။

**Omma ကဘာလို့ လာကြို ?? လာကြိုမယ်လည်းမပြောဘဲ**

**ommaသားလေးကိုသတိရလို့ပေါ့ သားရဲ့ **

**အာ. ဟုတ် သားလည်းသတိရတယ်omma ဒါနဲ့ Yoongi hyungကိုတွေ့မိလားဟင် Hyungကလာကြိုမယ်တဲ့**

**Yoongi ကို လားမတွေ့မိဘူး..မ မေးနဲ့တော့ သားရယ် အိမ်ပြန်ရအောင်**

**Hyung လာခဲ့ရင်.. **

**သူအလုပ်များနေလို့ မလာဖြစ်တာနေမှာပေါ့ သားရဲ့... ommaတို့မှမတွေ့တာ သားappaလည်း စောင့်နေတယ် ပြန်ရအောင်နော်**

**ဟုတ်ကဲ့ omma**

ဘာလို့မလာတာလဲ Hyungရယ်??
ကတိပေးထားတဲ့ဟာကို လာကြိုပါ့မယ်လို့
ကတိမတည်တဲ့ Hyungကို ကျွန်တော်မမုန်းချင်ပါဘူး....

....

မထင်မှတ်ဘဲ ခွဲခွာရတာ
ရုတ်တရက် ကြီးဝေးကွာသွားရတာက
သိပြီးမှ ခွဲခွာရတာထက်
ပိုပြီးနာကျင်ခံစားရတယ်။

...

အိမ်ပြန်ရောက်ပြီးညနေခင်းမှာတော့
Yoongi hyung ဆီဖုန်းဆက်ခဲ့သည်။
ဘာလို့လာမကြိုတာလဲ ဆိုပြီး
အပီအပြင် စိတ်ကောက်ဖို့လုပ်ထားသော်လည်း

လူကြီးမင်းခေါ်ဆိုသောဖုန်းမှာ သတ်မှတ်ချိန်အတွင်း ပြန်လည်ဖြေကြားခြင်းမရှိ ပါ တဲ့။

ခဏအကြာမှာတော့

Hyung အလုပ်များနေလို့နောက်မှပြန်ဆက်မယ်
ဆိုသော message ဝင်လာခဲ့ချိန်မှာတော့
Jiminရဲ့စိတ်ထဲမှာ အလိုမကျဖြစ်သွားခဲ့ရသည်။

အမြဲတစ်စေ ကလေးငယ်ကပိုအရေးကြီးတယ်
ကျန်တာဘာမှအရေးမကြီးဘူး လို့ဆိုခဲ့တဲ့ Hyungက
အလုပ်များနေတယ်ဆိုတာ.... တစ်စုံတစ်ခု က အကြီးအကျယ် မှားယွင်းနေခဲ့သလို... ။

နောက်တစ်နေ့မှာတော့ ဖုန်းပြန်ဆက်လာခဲ့ပါတယ်။

ဒီနေ့ကစပြီး အလုပ်လာစရာမလိုတော့ဘူး
သူအလုပ်ရှုပ်နေလို့
မနှောင့်ယှက်ပါနဲ့တော့လား ဆိုသည့်
အေးစက်စက်ထွက်ပေါ်လာသော
ထိုစကားလုံးတို့အားဆိုရင်း
Jimin အား ပြန်ဖြေခွင့် တောင်
မပေးဘဲ ဖုန်းချသွားခဲ့သည်။

My Little Adorable Bodyguard [YM ] ✅Onde histórias criam vida. Descubra agora