Chapter❇25❇

4.9K 633 143
                                    

[UNICODE]

Chapter [25]


တရိပ်ရိပ်ထိုးတက်လာသော
စိုးရိမ်ပူပန်နေသောစိတ်တို့ဖြင့်
Jiminတုန်လှုပ်နေချိန်မှာ ဝင်လာတဲ့
ph.call တစ်ခု ...
ဘာလုပ်ရမှန်းမသိအောင်
ခြောက်ခြားသွားစေခဲ့သည်က..

Yoongi hyungရဲ့ အဘိုးဆီမှ
Companyကို Yoongiရောက်မလာဘူး
ပျောက်နေတယ် .....
ဆိုသောစကား...

ကြားလိုက်ရချိန်ပင်
လူကိုရေခဲရေလောင်းချလိုက်သလိုအေးစက်တောင့်တင်းသွားခဲ့တာ..။

**ကျွန်တော် ခုလာခဲ့ပြီ **

အတန်းရှေ့တွင် အားပါးတရ
စာရှင်းနေသောဆရာကိုလည်း
ထပ်ပြီးလျစ်လျူရှုခဲ့မိပြန်ပြီ။

Taxiတစ်စီးအမြန်တားစီးရင်း
GPSတွင် ပေါ်နေသောနေရာသို့ ဦးတည်စေလိုက်သည်။
မြို့ပြင်တစ်နေရာတွင် ပေါ်နေသောအစက်လေးသည်
မျက်စိရှေ့တွင်ပင် လုံးဝကွယ်ပျောက်သွားသောအခါ..
စိုးရိမ်မှု တို့သည် အထွတ်အထိပ် ဆီသို့... ။

ထိုအကြောင်းနှင့် GPSနောက်ဆုံးတည်နေရာအား
Yoongi hyungရဲ့အဘိုးဆီလှမ်းအကြောင်းကြားလိုက်သည်။

**Yoongi ကလမ်းမှားသွားတာများလား**

**အဘိုး!!!လမ်းပျောက်ရအောင် Hyungက ကလေးလား!!!**

သူထင်တာလေးပြောမိရုံနဲ့
အအော်ခံလိုက်ရသော ဥက္ကဌ ကြီးMin....

စူးနေအောင်အော်လိုက်သောအသံတွင်
ပျော်ဝင်နေသောစိုးရိမ်ထိတ်ပြာမှုတို့သည်
အထင်အရှား ကပ်ပါလာခဲ့တာကြောင့်
သူ့မှာ စိတ်ဆိုးဖို့တော့မတတ်သာခဲ့ပါ။

ငါ့မြေးသမက်လောင်းလေးက Yoongiဆိုတဲ့ကောင်စုတ်လေးကို
အတော်တော့ ချစ်ပုံရသည်။

**ရဲစခန်းကိုတိုင်ချက်ဖွင့်ပြီး လိုက်ခဲ့ပါ ကျွန်တော်အရင်သွားနှင့်ပြီ**

**အေး အေး**

..... ..... ..... ..... ..... .... .... ....

အတော်အသင့်မှောင်နေသောပတ်ဝန်းကျင်...

တစ်ခုတည်းလင်းနေသောအရာသည် က
အရှိန်နှင့်တောက်လောင်နေသောမီးဖိုတစ်ခုတည်းသာ...

My Little Adorable Bodyguard [YM ] ✅Hikayelerin yaşadığı yer. Şimdi keşfedin