ညီမရဲ့ တစ်နေ့တာက အစ်ကိုနဲ့စတင်တယ်
မနက်မိုးလင်းလို့ နေ့တိုင်းမြည်နေကျ ၆နာရီအလန်းလေး မြည်လာတဲ့အခါ အလန်းကိုပိတ်ရင်း ညီမရဲ့ Wallpaperပေါ်က အစ်ကို့ရဲ့ မျက်နှာလေးကို တစ်ဝကြီးကြည့်ပြီးတော့မှ အိပ်ယာထတတ်တာညီမအကျင့်ပါ အစ်ကို
မျက်နှာသစ်နေတုန်းလည်း မှန်ထဲမှာမြင်ယောင်မိတာက အစ်ကို့ရဲ့မျက်နှာလေး အစ်ကို့မျက်နှာလေးမြင်တာနဲ့ ညီမရဲ့ နှုတ်ခမ်းပါးပါးလေးက အလိုလိုနေရင်း ပြုံးလာတတ်တယ် အစ်ကို
ထမင်းဟင်းချက်နေတုန်း ညည်းမိတာက အစ်ကို့ရဲ့ မြတ်နိုးလှပါချည်ရဲ့ဆိုတဲ့သီချင်းလေးတွေ အစ်ကို့လောက်မကောင်းပေမယ့်လည်း ကီးလေးတော့ တည့်မှာပါနော် အစ်ကို ညီမနဲ့တွေ့တဲ့အခါကျသင်ပေးပေါ့ အစ်ကိုရယ်
ထမင်းဟင်းချက်ပြီးတော့ အိမ်သန့်ရှင်းရေးလိုက်လုပ်ရင်း ညီမအခန်းထဲရောက်တော့ အလိုလိုနေရင်းပြုံးမိပြန်ရော ဘာလို့လဲဆိုတော့ ညီမအခန်းနေရာတစ်ဝက်လောက်က အစ်ကို့ပုံတွေနေရာယူထားတယ်လေ ညီမက အစ်ကို့ကိုမြင်နေရယုံနဲ့တင် ပျော်နေမိသူပါ အစ်ကို
မနက်စာစားပြီးတော့ TVကြည့်မယ်ဆိုပြီးကြည့်လိုက်တာက အစ်ကို့ဇာတ်ကား ဘယ်နှစ်ခါပြန်ကျော့နေမှန်းမသိလို့ အိမ်ကလူကြီးတွေကတောင် ညီမကိုမေးနေကြပြီ အလွတ်မရသေးဘူးလားတဲ့ အစ်ကိုနဲ့ပတ်သတ်ရင် ညီမက ကိစ္စသေးသေးလေးကိုတောင်မှ အသေးစိတ်မှတ်တတ်တဲ့သူပါ အစ်ကို
အစ်ကို့ဇာတ်ကားတွေအလွတ်ရနေပေမယ့် ဇာတ်ကားကိုကြည့်တာမှမဟုတ်ပဲ ညီမက အစ်ကို့ကိုပဲကြည့်တာကိုဒါပေမယ့် ညီမလုံးဝမကြည့်တဲ့အစ်ကို့ရဲ့ဇာတ်ကားလေးတစ်ကားတော့ရှိတယ် အစ်ကို ညီမဝယ်ထားပေမယ့်လည်း မကြည့်နိုင်လို့ပါ အစ်ကိုနဲ့အစ်ကို့ရဲ့ ချစ်လှပါချည်ရဲ့ဆိုတဲ့ ချစ်သူလေး အတူသရုပ်ဆောင်ထားတဲ့ ဇာတ်လမ်းကို ညီမက ဘယ်လိုအင်အားနဲ့ တောင့်ခံပြီးကြည့်ရမှာလဲ အစ်ကို
YOU ARE READING
Close My Eyes
Fanfictionအစ်ကို့ကို ညီမအမြဲငေးကြည့်ခဲ့ရပေမယ့် အစ်ကိုက ညီမကိုလှည့်တောင်ကြည့်ဖူးပါသလား အစ်ကို ညီမရှိမှန်းရော သိပါရဲ့လား ညီမကတော့ အစ်ကိုက ညီမရဲ့ကမ္ဘာပဲ အစ်ကိုမရှိရင် ညီမလည်း အသက်ဆက်မရှင်နိုင်ဘူး တစ်နေ့တော့ အွန်း တစ်နေ့နေ့တော့ အစ်ကိ...