အပိုင်း(၂) zaw&uni

24 8 0
                                    

မွေး​နေ့ရှင်​မပါတဲ့ ​မွေး​နေ့ပွဲ​လေး

ဒီ​နေ့အစ်​ကို့ရဲ့​မွေး​နေ့မဟုတ်​လား...ညီမက​တော့ တက်​ကြွပြီး ခါတိုင်းထက်​​စောနိုး​နေပြီ အစ်​ကို့ရဲ့​မွေး​နေ့ပွဲအတွက်​​ပေါ့
ညီမမြန်​မြန်​ပြင်​ဆင်​လိုက်​ပြီး အစ်​ကို့အတွက်​မှာထားတဲ့ ကိတ်​မုန့်​​လေးကို သွားယူလိုက်​တယ်
မွေး​နေ့ကိတ်​​ပေါ်မှာ​တော့
My Yeobor Luhan
29 years
ကိတ်​​လေးကိုကြည့်​ရင်း ညီမပြုံးလိုက်​မိ​သေးတယ်
မ​နေ့ညကတည်းက အစ်​ကို့အတွက်​ကိုယ်​တိုင်​ဖုတ်​ထားတဲ့ကိတ်​​လေး
အိမ်​မှာလည်းလူ​တွေဆုံ​နေကြပြီ

ညီမဖိတ်​ထားတာ​လေ ဟီးဟီး အမျိုး​တွေအကုန်​လိုက်​ဖိတ်​ထားတာ သူတို့က​တော့ လုပ်​ချင်​ရာသာလုပ်​ဆိုတဲ့အတိုင်းလွှတ်​ထားတဲ့ပုံပဲ အဲ့တာနဲ့ ညီမလည်း တစ်​အိမ်​လုံး အစ်​ကို့ပုံ​တွေလည်းလိုက်​ကပ်​ထားတယ်​ အစ်​ကို့ပုံပါတဲ့ ပစ္စည်း​လေး​တွေနဲ့လည်း အလှ​ဆင်​ထားတယ်​ ​မွေး​နေ့ကိတ်​လည်းပြင်​ဆင်​ပြီးပြီဆို​တော့ ညီမတို့​မွေး​နေ့ပွဲကိုစလိုက်​ကြ​တော့မလားဟင်​ အစ်​ကို

အစ်​ကို့အတွက်​ရည်​စူးထားတဲ့ထိုင်​ခုံ​နေရာ​လေးကလွဲရင်​ ကျန်​တဲ့​နေရာ​တွေအကုန်​လုံး အပြည့်​ပဲ အစ်​ကိုရဲ့ အစ်​ကို့​မွေး​နေ့​လေးကအရမ်းစည်​တာ သိလား.. အစ်​ကိုသိမှာမဟုတ်​​ပေမယ့်​ အစ်​ကိုက​တော့ အစ်​ကို့ရဲ့ချစ်​ရသူ​လေးနဲ့ ​မွေး​နေ့ပွဲဆင်​နွှဲ​နေ​လောက်​မှာ​ပေါ့​နော်​ ဒါ​ပေမယ့်​ သူမက​အားပါ့မလား...မအားရင်​​ကောင်းမယ် ​ညီမအတ္တကြီးစွာနဲ့ အစ်​ကို့ရဲ့​မွေး​နေ့မှာ ​ပြောမိတယ်

happy birthday song​လေးကိုဆိုပြီး​တော့ ညီမကပဲ အစ်​ကို့အစား ဖ​ယောင်းတိုင်​မီးမှိုတ်​​ပေးလိုက်​တယ်​ ​နောက်​နှစ်​ကျကိုယ်​ဟာကိုယ်​လာမှုတ်​ချည်​ သိလား
ပြီး​တော့ ညီမဘာဆု​တောင်းလဲ သိလား အစ်​ကို

& အစ်​ကိုအ​ပေါ်ထားတဲ့ ညီမရဲ့အချစ်​​တွေက အစစ်​အမှန်​မို့လို့ အစ်​ကို့ဆီက အချစ်​​တွေကိုလည်း ညီမတစ်​​ယောက်​ထဲ ပိုင်​ဆိုင်​ရပါလို၏

Close My EyesDonde viven las historias. Descúbrelo ahora