Unicode
တဖျက်ဖျက် လက်နေသည့် camera မီးရောင်တွေအောက်မှာ ကျနော်အတောက်ပဆုံး ဖြစ်နေဖြစ်သည် ။
မြောက်များစွာသော micတွေဆိုသည်မှာလည်း ကျနော့်ရှေ့မှာအပြည့် ။
ကျနော့်ရဲ့အောင်မြင်မှုအတွက် ထောပနာပြုသည့် လက်ခုတ်သံတွေဟာလည်း သောသောညံလို့ ။
ထိုအသံတွေကြားတိုင်း ပင်ပန်းသမျှ ယူပစ်သလိုပျောက်စေတာတော့ ကျနော်မငြင်းဆန်နိုင် ။
' မင်္ဂလာပါ Chanyeol ssi '
' ဟုတ်ကဲ့ မင်္ဂလာပါခင်ဗျ '
ဦးစွာပထမနှုတ်ခွန်းဆက်သသည့် presenterမမအား ပြုံးလို့ခေါင်းညိတ်ပြကာ ကျနော်ပြန်လည်နှုတ်ဆက်လိုက်သည် ။
' ပထမဆုံးအနေနဲ့ အစ်မတို့ရဲ့ အစီအစဉ်လေးမှာ ပါဝင်ဖြေကြားပေးလို့ ကျေးဇူးတင်ပါတယ် '
' ဟုတ်ကဲ့ ခင်ဗျ '
' ပြီးတော့လည်း Congratulationပါ မောင်လေး '
' ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ခင်ဗျ '
' တစ်နေ့က အစ်မတို့ကြည့်ခဲ့ရတဲ့ ပွဲစဉ်က တကယ့်က်ိုရင်သက်ရှုမောဖွယ်ရာပါပဲ ။ မောင်လေးအနေနဲ့ရော အဲ့ဒီ့ပွဲလေးကို ဘယ်လိုမြင်လဲ '
' ဟုတ်ကဲ့ ။ ကျနော်ထိုးခဲ့သမျှ ပွဲတွေတိုင်းမှာ အခက်ခဲဆုံးပွဲလို့ မြင်ပါတယ် ။ ပြိုင်ဘက်ကလည်း တောင့်တယ်လေ ။ ပြီးတော့ တကယ်လည်း အရည်အချင်းရှိတဲ့ လူတစ်ယောက်ပါ '
' Americanနိုင်ငံသား Aeroကလည်း တကယ့်ကို ရလဒ်ကောင်းတွေရခဲ့တဲ့ တကယ့်Boxerတစ်ယောက်လေ ။ အဲ့လိုလူမျိူးကို အနိုင်ရလိုက်တဲ့အတွက် မောင်လေးကိုယ်တိုင်လည်း ဂုဏ်ယူမိမှာပေါ့ '
' ဟုတ်ကဲ့ ။ အဲ့ခံစားချက်ဖြစ်မိတယ်ခင်ဗျ ။ ဘာလို့လဲဆိုတော့ ကျနော်က ပြိုင်ဘက်တိုင်းကို အနိုင်လိုချင်တဲ့သူလေ ။ ကျနော့်ရဲ့ပွဲစဉ်တစ်ခုပြီးဆုံးတိုင်း ကျနော်တွေးမိတဲ့အတွေးတစ်ခုရှိတယ်ဗျ ။ အဲ့ဒါဘာလဲဆ်ိုတော့ ကျနော်မှတ်တိုင်သစ်တစ်ခု စိုက်ထူနိုင်လိုက်ပြန်ပြီလို့လေ '
' မှန်တာပေါ့ ။ မှတ်တိုင်ကောင်းတွေပဲ စိုက်ထူခဲ့တဲ့မောင်လေးအတွက် Aeroကိုအနိုင်ရလိုက်ခြင်းက Boxingလောကကို ဖိန့်ဖိန့်တုန်အောင် စိန်ခေါ်လိုက်သလိုပါပဲ ။ အဲ့ဒီ့အတွက်ရော ဘယ်လိုတွေးခေါ်ဖြစ်သလဲ ။ '
YOU ARE READING
🤜KISS BOXING🤛
FanfictionUnicode 🤜ငါ့နှလုံးသွေးနဲ့ခြေဆေးရမှ မင်းရင်ထဲက ရန်ကြွေးကျေမယ်ဆိုရင် ငါ့နှလုံးသားတည့်တည့်ကို အသေသာထိုးလိုက်Baekhyun။🤛 🤜ငါ့နှလုံးသားကို ငါ့လက်နဲ့ ကိုယ်တိုင်အဆိပ်ခတ်ပြီးမှ နောင်တ,တရားဆိုတာ ခံစားလိုက်မိတယ်။ ...