🤜Intro🤛

824 66 5
                                    

Unicode

သောင်းသောင်းဖျဖျသော လူတွေညာသံပေး အော်ဟစ်နေတဲ့ stadiumတစ်ခု ။

သူတစ်ပြန်ကိုယ်တစ်ပြန်ထိုးသတ်နေတဲ့ အားကောင်းမောင်းသန်ယောက်ျားနှစ်ယောက်ရဲ့ လှုပ်ရှားမှုအစုံအား မျက်တောင်မခတ်တမ်း ငေးကြည့်ရင်း ခုန်နေတဲ့ ရင်တွေဟာ မရပ်တန့်တော့ ။

ဒါတောင် ကျနော်stadiumမှာ သွားကြည့်နေတာ မဟုတ်သေး။

တိုက်ခန်းမှာထိုင်ပြီး TVက Liveကြည့်နေတာတောင် ဒီလောက်ရင်ခုန်နေရတာ Japanမှာ ကိုယ်တိုင်သာ သွားကြည့်မိရင် ကျနော်ရင်အခုန်လွန်ပြီး နှလုံးများရပ်တန့်သွားမလားမသိ ။

' Hey Bacon! ထမင်းစားပြီးပြီလားကွ '

Dracoရဲ့အမေးအား ကျနော်ပြန်မဖြေနိုင် ။

ကြိုးဝိုင်းထဲက လှုပ်ရှားမှုတွေကိုသာ အာရုံစိုက်နေဖြစ်သည် ။

' Hey ! Please attention me! Bacon '

ပခုံးအားဆွဲဖက်ကာ တမင်တကာ စနောက်နေသည့် Dracoရဲ့လက်တွေအား ဖယ်ခွာချကာ ။

' ငြိမ်ငြိမ်နေစမ်းDraco! Aeroမြင်သွားရင် တစ်မျိူးထင်သွားလိမ့်မယ် '

ပက်ကနဲပြန်ဖြေလိုက်တဲ့ ကျနော်အဖြေကြောင့် Dracoဟက်ဟက်ပက်ပက် အော်ရယ်တာမို့ လက်ထဲရှိခေါင်းအုံးသေးလေးနဲ့ ပစ်ပေါက်ပစ်လိုက်သည်။

' မျက်နှာကိုက ပြောင်ချော်ချော်နဲ့ '

' မင်းအဖြစ်သည်းတာကို သဘောကျလို့ပါကွာ ။ screenပေါ်က သူ့လူကြီးမြင်မှာကို စိုးရိမ်နေတယ်။ တကယ်ဟာသပဲ ဟားဟား ။ '

' အချစ်ဆိုတာ အတူရှိနေမှ မဟုတ်ဘူးကွ ။ အဲ့ဒါတွေ မင်းလိုFAကိုပြောလည်း နားလည်မှာမဟုတ်ပါဘူး '

' Hey Bacon ! ငါအောင်သွယ်လို့ မင်းနဲ့ငါ့အစ်ကို  RSဖြစ်တာပါကွာ '

' ငါတို့ကိုယ်တိုင်က ဖူးစာပါလို့ပါကွ ဟဟ '

Dracoအားရယ်ကျဲကျဲစရင်း လျှာထုတ်ပြလိုက်တော့ Dracoလက်သီးထောင်ပြသည် ။

' ပွဲအခြေအနေက ဘယ်လိုဖြစ်သွားပြီလဲ Bacon '

စားပွဲပေါ်က အာလူးကြော်တစ်ခုအား ပါးစပ်ထဲထည့်ဝါးရင်း မေးလာသည့် Draco ။

🤜KISS BOXING🤛Where stories live. Discover now