🤜2🤛

306 33 6
                                    

Unicode

Kyungsooနဲ့ကျ ငြိမ်သက်နေတဲ့ ထိုစုတ်ဖွားရဲ့ အခြေအနေက ထူးတော့ထူးဆန်းသည် ။

စောစောကလို အိပ်စက်မနေတော့ပဲ earphoneအားတပ်ကာ ခေါင်းတဆက်ဆက်ဖြင့် နှုတ်ခမ်းပါးလှုပ်ခတ်၍ သီချင်းညည်းနေသည် ။

ဤအခြေအနေက အမှန်တကယ်တော့ မသင်္ကာချင်စရာ ။

ကျနော်နဲ့တုန်းက ဗြောင်းဆန်နေတာလေ ။

အခုတော့ သူမဟုတ်သည့်အတ်ိုင်း ။

ဧကန်န ကျနော့်ရဲ့Anti-fanများလား ။

ဒါမှမဟုတ် တမင်တကာ ကျနော့်ဆီက attentionလိုချင်လို့ ဂွင်ဆင်တာများလား ။

ဘာပဲဖြစ်ဖြစ် ကျနော် နည်းနည်းလေးမှတော့ မကျေနပ်ပါ ။

နံစော်နေတဲ့ အနံ့အသက်ကိုတွေးမိတိုင်း ထွီ အန်ချင်တုန်း ။

မသထီစိတ်နဲ့ လက်မောင်းတို့အား မြှောက်ပင်ကာ ဟိုနမ်းသည်နမ်း လုပ်ဖြစ်ပြန်သည် ။

Oh My God! တော်တော်နေရခက်တာပဲ ။

ခေါင်းကိုခါယမ်းလိုက်ပြီး မျက်လုံးတို့စုံမှိတ်ကာ ကြိတ်မှိတ်အိပ်စက်လိုက်သည် ။

ခပ်မြန်မြန် Seoulကိုရောက်ချင်ပြီ ။

Incheon Airport;;

သောင်းသောင်းဖျဖျ ကြိုဆိုနေတဲ့ ပရိသတ်တို့အား လက်ဝေ့ယမ်း၍ နှုတ်ဆက်ပြီး အတောက်ပဆုံး ပြုံးပြဖြစ်သည် ။

' The Greatest Park Chan Yeol ' ဆိုတဲ့ Bannerတွေ တလွှင့်လွှင့်နဲ့ လာရောက်ကြိုဆိုကြသည့်သူတွေက ကြောက်ခမန်းလိလိ ။

လက်ဆောင်ပေးသူက ပေး ။

ဓာတ်ပုံရိုက်သူကရိုက်နှင့် ကျနော့်ပုံစံက K-idolတစ်ယောက်အလား ။

အချိန်အတော်ကြာ တိုးဝှေ့နေရသည့် လူအုပ်ကြား အတင်းတွန်းတိုက်ကာ ဖြတ်ဝင်လာသည့် Laggageတစ်ခု ။

မလွတ်တဲ့နေရာမှန်းသိရက်နဲ့ အတင်းနင်းကန်တွန်းလာသည့် Laggageနှင့် တိုက်မိမည်ကို ရှောင်ရှားရင်း ကိုယ်က ညာဘက်ကို 180°တိမ်းစောင်းသွားသည် ။

ဒါတောင် မလွတ်လပ်စွာ တံခေါက်ကွေးနှင့် Laggageစောင်း မိတ်ဆက်မိသွားသေး ။

You've reached the end of published parts.

⏰ Last updated: Nov 17, 2019 ⏰

Add this story to your Library to get notified about new parts!

🤜KISS BOXING🤛Where stories live. Discover now