ဆောင်းနှင်းညရဲ့အလယ်မှာ လမင်းကြီးချမ်းလို့ထင့်
မိုးပြာရောင်တိမ်သားကို စောင်သဏ္ဍာန် ခြုံအုပ်ကာ သူ၏ လုပ်ငန်းကို လုပ်ဆောင်လျက်ရှိလေသည်။
ဤမျှ ချမ်းလောက်သော ရာသီဥတုတွင် လမင်းနှင့်အပြိုင် ရွေ့လျားသွားလာနေသော ကားလေးတစ်စီးရှိနေလေသည်။ ကားခေါင်မိုးဝယ် Taxi ဟုရေးထားသော်လည်း ကားပေါ်၌ driver မှလွဲ၍ လူမရှိနေ။အနည်းငယ်ကောင်းနေဟန်တူသော လူလတ်ပိုင်းအရွယ် driver သည် မည်သူ့ကိုဒေါသ ထွက်နေမှန်းမသိ ကားပေါ်တွင် ဆဲဆိုသွားလေသည်။
သူ၏ ဆဲဆိုသံကို ကားပေါ်၌ ပါလာသော ခေါင်းလုပ်တုတ်နှင့် မျက်လုံးပြုးပြုး အရုပ်ကား ထောက်ခံ၍ နေလေသည်။
ရန်ကုန်ကနေ ထွက်လာဟန်တူသော ထိုကားကလေးသည် ရေနံမြေလမ်းဆုံအကျော် ဝမ်းတရိုးအကွေ့၌ ရုတ်တစ်ရက် ထိုးရပ်သွားလေသည်။
ထိုးရပ်သွားသည့်နေရာတွင် နတ်ကွန်းသဖွယ် အဆောင်အယောင်အသေးလေးနှင့် သရက်ပင်တစ်ပင်လည်းရှိလေသည်။"ချီးထဲမှ သတောင်းစားကားကလည်း စောက်ကျင့်ယုတ်ပြန်ပြီ "
ကားပေါ်က ဆင်းဆင်းချင်း ထိုလူလတ်ပိုင်းအရွယ် ယောင်္ကျားသည် သရက်ပင်ရှေ့ အပေါ့မတ်တပ်သွားကာ သူ၏ ကားအား ဆဲဆို၍ နေလေသည်။
"ပန်းစပယ် အော် နန်းလယ် မပေါ်ခိုက်ကာမို့……"
"အာ ချီးထဲမှ သောက်ဖုန်းကလည်း လန့်တောင်လန့်တယ် ဟဲလို………"
ဖုန်းသံမှာ နားထဲတကျီကျီ သာ အော်မြည်နေလေသည်။
တ်ဖန် အမျိုးသမီးငယ်၏ တီးတိုးသံလား ငိုရိုက်သံလားလည်း ကြားရပြန်သည်။
အရာရာတိတ်ဆိတ်သော လမ်းမပေါ်ဝယ် ဆောင်းတွင်းမို့ လေများတဝူးဝူးတိုက်ရာ ဘေးနားရှိ ယိမ်းနွဲ့နေသော အပင်များမှလွဲ၍ ထိုသူ့ကို အဖော်မပြုနေ။"ရပ်မနေနဲ့ပြေး ပြေး ဟီးဟီး………"
တစ်ကျီကျီ အော်မြည်နေရာမှ ရုတ်တစ်ရက် ထအော်သော အသံကြောင့် ထိုလူလတ်ပိုင်း အမျိုးသားသည် လက်ထဲက nokia ခလုတ်နှိပ်ဖုန်းလေးပြုတ်ကျသွားလေသည်။
ဖြစ်ချင်လှတော့ ထိုဖုန်းလေးသည် ကား body အောက် တစ်လှိမ့်လှိမ့်ဝင်သွားလေသည်။
YOU ARE READING
2.1.2013
Misterio / Suspensoညီအကိုမသိတသိအချိန်။ ဟောင်းနွမ်းဆွေးမြေ့နေသော အဆောက်အအုံတစ်ခု။ အခန်းတစ်ခန်းမှာ လေးပြေလေးတိုးဝှေ့သွားတော့ ခပ်ညစ်ညစ်ကုလားကာတစ်စ လွင့်ပြန်သွားသည်။ လွင်ပြန်သွားသော ကုလားကာနောက် နေထိုးနေသော တစ်ရာမှလွဲ၍ အခြားနေရာတွေ မှောင်မိုက်နေသည်။ ထိုနေထိုးနေသော နေရာမှာ...