သာသောလကို ဖုံးကွယ်ထားသော ရန်ကုန်မြို့ရဲ့အလယ်တွင် ညလုံးပေါက်ထွန်းထားသော မီးတိုင်များကြောင့် လ၏အဆင်းကို ပုံဖော်၍ မရနိုင်အောင် ရှိလေသည်။
တစ်ဝီဝီသွားလာနေသော အင်ဂျင်သုံး ယာဉ်များကြောင့်ရော လှုပ်ရှားသွားလာနေသော သူများကြောင့်ပါ စည်ကားလို့နေလေသည်။သို့သော် ဆန့်ကျင်ဘက်အနေဖြင့် ထိန်ထိန်သာနေသော တန်ဖိုးကြီးအိမ်ရာ၏ အခန်းတစ်ခန်း၌ လူငယ် ခြောက်ယောက်။အတိအကျဆိုရလျှင် အဆင့်အတန်းမြင့်ဟန်တူသော မိန်းကလေးသုံးယောက်။ယောင်္ကျားလေးလေးယောက်သည် တစ်ခုခုကို စိတ်ဝင်တစားကြည့်ရှုနေဟန်တူသည်။
"သေသွားလား"
ယဉ်နွဲ့နွဲမူဟန်နှင့် ပုတုံးရောင် ဆံနွယ်တို့အား တစ်ပတ်ရစ်ထုံးထားသော ဖြူ နွဲ့နွဲ့ကိုယ်ဟန်နှင့် အမျိုးသမီးငယ်လေးက မေးလေသည်။
ကြည်တောက်သော မျက်လုံးဝိုင်းလေးများအား ပုတ်ခတ်ကာ ကြည့်နေပုံက အမှန်တစ်ကယ်စိတ်ဝင်စားနေမှန်းသာလှသည်။
လှသည်ထက်ပိုသော မဟာဆန်သည့် နဖူးပြင်၌ ချွေးလေးတွေပင်စို့၍ နေလေသည်။
နက်မှောင်နေသော မှဲ့နက်ကလေးရှိသည့် နှုတ်ခမ်းဖူးဖူးလေးကား တစ်လှုပ်လှုပ်ဖြစ်နေပုံကား ကြောက်ရွံ့နေပုံလည်း တူလေသည်။
ထိုမိန်းမလှလေးကား ရှုတိုင်းယဉ်။"ယဉ်" မေးသော အမေးအား အခြားသူများက သိချင်ဟန်ဖြင့် မျက်လုံးများက အရောင်တောက်စွာ ကြည့်၍ နေလေသည်။
ပုံပြောကောင်းသူအဖို့ climax ရောက်လျှင် ဒီလိုဘဲ ဈေးကိုင်ရမည်သာ။
ရှည်လျားသော ခြေတံရှည်များကို အခြားတစ်ဖက်သို့ တင်ကာ ခပ်မိန့်မိန့်ပြင်ထိုင်လိုက်သည်။
ပြောင်ရှင်းကာ နုဆင်းနေသော မေးစေ့ကိုပွတ်ကာ စဉ်းစားနေဟန်ပြုမူ၏။
အသည်းပုံ နီရဲရဲနှုတ်ခမ်းဟာ မဲ့ကာ Playboy အထာဖြင့် မထီမဲ့မြင်ငဲ့ကြည့်သည်။
တစ်ကျွတ်ကျွတ်အော်မြည်လျက် ဖြောင့်စင်းသော နှာတံရှည်များကို နှိပ်နယ်ကာ ခေါင်းခါပြန်၏။
ဤသည်ကား မြန်မာနိုင်ငံ၏ နာမည်ကြီး ထပ်တန်း host တစ်ဦးဖြစ်သူ ဧကရာဇ်ရှင်။"ဂွက်" ငါတို့က နင့်ဆိုက်ပိတာကို ကြည့်ရမှာလား အဲ့ဇာတ်လမ်းကို နားထောင်ရမှာလား"
YOU ARE READING
2.1.2013
Mystery / Thrillerညီအကိုမသိတသိအချိန်။ ဟောင်းနွမ်းဆွေးမြေ့နေသော အဆောက်အအုံတစ်ခု။ အခန်းတစ်ခန်းမှာ လေးပြေလေးတိုးဝှေ့သွားတော့ ခပ်ညစ်ညစ်ကုလားကာတစ်စ လွင့်ပြန်သွားသည်။ လွင်ပြန်သွားသော ကုလားကာနောက် နေထိုးနေသော တစ်ရာမှလွဲ၍ အခြားနေရာတွေ မှောင်မိုက်နေသည်။ ထိုနေထိုးနေသော နေရာမှာ...