အမြန် လမ်းမကြီးအဝင်ရောက် လာသည်။
ကားများတိုက်ထားသည့်အပျက်အဆီး များ
ရှုပ်ပွနေသောအမှိုက်များ.....
တချို့နေရာတို့၌ မီးကျွမ်းနေပြီဖြစ်သောရုပ်အလောင်းများတွေ့ရသည်။ထိုအလောင်းများသည် ကားတိုက်မှုများကြောင့် ပေါက်ကွဲမှုများမှဖြစ်လာသော မီးတောက်များကြောင့် လောင်ကျွမ်းခံခဲ့ရသောအလောင်းများ ဖြစ်ပုံရသည်။
ရိက္ခာသည် အနည်းဆုံး
စားရရှိသော် ၁၇ ရက်စာနီးပါးကျန်သေးသည်။အမြန်ဆုံးနည်းဖြင့်နေပြည်တော်သို့ရောက်ချင်နေမိသည်။
ကားမောင်း၍သွားချင်ပါသော်လည်း ကားကိုတယောက်မှမမောင်းတတ်။တိုးဂိတ် အဝင်....
တိုးဂိတ်မှ ပိုက်ဆံကောက်သောအခန်းမှ မှန်တံခါးတွင် သွေးများ.....
သွေးဖြင့်ပေရေနေသောလက်ဝါးရာများ
Zombie များမှာတော့မတွေ့ရသေး..ရောက်ရောက်ချင်းတော့
အချိန်က နေဝင် ခါနီးအချိန်.....လမ်းကိုမှန်မှန်လျောက်ခဲ့သည်။
ဂါးးးး......
Zombie တစ်အုပ်....ဒိုင်း....ဒိုင်း.......
မောင်စိုင်းနှင့်သက်မောင်၏ ကျည်များဖြင့် တိုက်ပွဲစတင်လိုက်သည်။"သုတ....ဂရုစိုက်ပါ....''
"စိတ်ချ ကိုကို.....''"ရဲဘော်တို့....
တက်ကြ.....''"ကျား''
"ယား''အကုန်လုံးသည် တစ်ဟုန်ထိုး အပြင်းအထန် ခုတ်ထစ်သတ်ဖြတ်နေကြသည်။
တစ်သုတ်ပြီးတစ်သုတ်နှင့် zombie များကလဲမကုန်နိုင် မခန်းနိုင် ထွက်လာနေကြသည်။
ထိုထွက်သမျှကို သတ်နေရသည်မှာလဲ ကြာတော့ လက်တွေ ညောင်းညာ ပြီးပင်ပန်းလာသည်။
လက်ထဲမှာရှိသော လက်နက်ကိုမှမကိုင်နိုင်လောက်အောင် နာကျင်ခြင်းကားအတိုင်းမသိ
သို့ပေမဲ့ အသက်ရှင်မှဖြစ်မည်ဟူသောအသိကြောင့်
နာကျင်မှုကိုအံတု ဟန်ပြု၍နေခဲ့ရသည်။ယခုလဲ သတ်သာသတ်နေရသည်
နာကျင်မှုကားအထွတ်အထိပ်ရောက်ရှိနေပြီ
Zombie များမှာလဲကုန်ခါနီးတော့မည်ဖြစ်သဖြင့်
အားတင်း၍သာ သတ်နေရတော့ပေသည်။