Tree(Luhan)
ကျွန်တော့ကိုသစ်ပင်လို့ခေါ်ရတဲ့ အကြောင်းအရင်းက ကျွန်တော်က ပန်းချီဆွဲရတာဝါသနာ ပါတယ်။ ကျွန်တော်အကြိုက်ဆုံးက သစ်ပင်တွေ ဆွဲရတာကိုပဲ။
ကြာလာတော့ ကျွန်တော့် ပန်းချီကားအောက်မှာ သစ်ပင်လေးတစ်ပင်က ကျွန်တော်ထိုးနေကြလက်မှတ်လေးအစား ဝင်ရောက်လာခဲ့တယ်။ကျောင်းတုန်းကကျွန်တော်ရည်းစားအများကြီး ထားခဲ့ဖူးတယ်။ ရည်းစားတွေ အများကြီးထဲက ကျွန်တော်အရမ်းချစ်တဲ့ ကောင်မလေးတစ်ယောက်ရှိတယ်။ဒါပေမဲ့ သူ့ကိုကျွန်တော်ချစ်ကြောင်းဖွင့်မပြောမိဘူး။ သူ့မှာတစ်ဖက်သားကို ဆွဲဆောင်နိုင်တဲ့လှပတဲ့ရုပ်ရည်၊ ကိုယ်လုံး မရှိဘူး။ သာမန်မိန်းကလေးထဲက တကယ့်သာမန်မိန်းကလေးတစ်ယောက်ပါ။
ကျွန်တော်သူ့ကိုချစ်တယ်။ တကယ့်က်ုချစ်တယ်။ သူ့ရဲ့ချစ်စရာကောင်းတဲ့အပြုအမူ၊ သူ့ရဲ့အားနည်းချက်၊ သူ့ရဲ့အားငယ်မှုတွေကိုချစ်တယ်။ ကျွန်တော်အပျော်သဘောနဲ့သူ့ကိုချစ်တယ်ချစ်တယ်။ ကျွန်တော်အတွက် မထူးချားတဲ့သူက ကျွန်တော်နဲ့ မထိုက်တန်ဘူးလို့ ထင်မှာစိုးလို့ ကျွန်တော်သူ့ကိုဖွင့်မပြောခဲ့တာပါ။ ချစ်ခဲ့ ကြပြီးရင်လည်း နောက်ဆုံးခွဲခွာရမှာစိုးလို့ ချစ်ခဲ့ကြပီးရင်ပတ်ဝန်းကျင်ကလူတွေသူ့ကို ထိခိုက်အောင်ပြောမှာကြောက်လို့ တစ်နေ့ သူ့ကို ကျွန်တော် လုံးဝပိုင်ဆိုင်ရမယ်လို့ ကိုယ့်ကိုယ်ကို ယုံကြည်ထားမိပီး တထြားကောင်မလေးတွေနဲ့ တွဲချင်သေးလို့ သူ့ကို ကျွန်တော် ဖွင့်မပြောသေးတာလဲပါတာပေါ့။
ကျွန်တော် တခြားကောင်မလေးနဲ့တွဲနေတာကိုကြည့်ပီး သူ ကျွန်တော့ဘေးမှာ သူငယ်ချင်းလို သုံးနှစ်အတူ ရှိနေခဲ့တယ်။ သုံးနှစ်လုံးလုံးသူခံစားခဲ့ရတယ်။ ခံစားနေရတာတွေ ကျွန်တော်မသိအောင် သရုပ်ဆောင်ကောင်းတစ်ယောက်လို သူကြိုးစားခဲ့တယ် ။ ဒါပေမဲ့ကျွန်တော်က ပါးနပ်တဲ့ ဒါရိုက်တာတစ်ယောက်လေ။ တစ်ခါက ကျွန်တော့်ကောင်မလေးနဲ့ ကျောင်းအဆောင်ဘေးမှာ ချိန်းတွေ့ပီးနမ်းနေကြတာကို သူနဲ့ပက်ပင်းတိုးမိတယ် ။ သူက ဟန်ဆောင်ရယ်ရင်း go on ဆိုပီးထွက်ပြေးသွားတယ်။ နောက်တစ်နေ့မှာ မို့မောက်နေတဲ့ သူ့မျက်ဝန်းဟာ ညတုန်းကဘယ်လောက်ခံးပီး ငိုထားတယ်ဆိုတာသက်သေခံနေတယ်။
YOU ARE READING
Tree , Leaf & Wind !
Fanfiction#သစ်ရွက်လေးကြွေတာ လေ ရဲ့ခေါ်ဆောင်မှုကြောင့်လား ...... သစ်ပင် က နေခွင့်မပေးလို့လား............ Leaf's fall from her Tree , cause of Wind ......or Tree don't give her to live in there .................. ( 你好 ) Cr:99Saturday