Leaf(Sehun)
ကျောင်းတုန်းကသစ်ရွက်လေးတွေစုရတာဝါသနာပါခဲ့တယ်။ ဘာလို့လဲဆိုတော့ သစ်ရွက်လေးတွေက နှစ်ရှည်လကြာမှီခိုခဲ့တဲ့ သစ်ပင်ကို ခွဲထွက်ရဲတဲ့ သတ္တိရှိလို့ပါပဲ။ ကျောင်းတုန်းကကျွန်မနဲ့ သိပ်ကိုခင်ခဲ့တဲ့ ကောင်ကလေးတစ်ယောက်ရှိခဲ့တယ်။ သမီးရည်းစားလိုမဟုတ်ပဲ တကယ့် သူငယ်ချင်းကောင်းတစ်ယောက်လို ခင်ခဲ့တယ်။ ဒါပေမဲ့ သူ ပထမ ရည်းစားရတော့ ကျွန်မမှာ မလိုအပ်တဲ့ဝန်တိုမှု ၊ ရင်ထဲကနာကျင်မှုတွေကို ခံစားခဲ့ရတယ်။ နှစ်လလောက်နေပီး သူတို့ပြတ်သွားတော့ ပျော်ရွှင်မှုတွေ သူ မသိအောင် ကျွန်မ ထိန်းချုပ်ခဲ့တယ်။ ဒါပေမဲ့ နောက် တစ်လအကြာမှာ သူ ဒုတိယမြောက်ရည်းစားရသွားပြန်တယ်။
ကျွန်မသူ့ကိုချစ်နေတယ် ။ သူလည်းကျွန်မက်ုချစ်တယ်ဆိုတာ သိတယ် ။ဒါပေမဲ့ သူ ဘာလို့ ကျွန်မကိုဖွင့်မပြောသေးတာလဲ။ နှစ်ယောက်လုံးချစ်နေရက်နဲ့သူဘာလို့မတုန်လှုပ်သေးတာလဲ……………သူ ရည်စားတစ်ယောက်ပြောင်းတိုင်း ကျွန်မတစ်ခါရင်နာရပြန်တယ်။ ခံစားရတယ်။ တစ်ခါတစ်ခါ ကိုယ့်ကိုယ်ကို ပြန်သံသယဖြစ်မိတယ် ။ ကျွန်မကပဲ တစ်ဖက်သတ် သူ့ ကို ချစ်နေမိတာလား။ ကျွန်မကိုမချစ်ဘူဆိုလည်း ဘာလို့ ကျွန်မအပေါ် သဘောကောင်းနေရတာလဲ။ သူ သဘောကောင်းတာတွေဟာ ရိုးရိုးသူငယ်ချင်းထက်တောင် လွန်နေပီ။ လူတစ်ယောက်ကို ချစ်ရတာ ခံစားရလွန်းပါတယ် ။ သူ့ရဲ့ အကြိုက်တွေ အကျငိ့တွေ ကျွန်မ အပေါ်ဆက်ဆံမှု တွေကို ကျွန်မ ကောင်းကောင်းနားလည်ခဲ့ပေမဲ့ မိန်းကလေးကပဲ အရင်ဖွင့်ပြောရမလားဆိုတာကို ကျွန်မ မခန့်မှန်းတတ်ဘူး။
ဘာပဲဖြစ်ဖြစ်လေ သူဖွင့်ပြောလာမယ့်ရက်ကိုမျှော်ရင်း ကျွန်မ သူ့ဘေးမှာပဲ ရှိနေချင်ခဲ့တယ်။
သူ့ကိုပဲဂရုစိုက်ချင်နေမိတယ်။ ချစ်ချင်တယ်။ ညညသူ့ဖုန်း message ကို မျှော်ရသလိုပဲ ။ သူဘဟ်လောက်အလုပ်ရှုပ်ရှုပ် မအားတဲ့ကြားက ကျွန်မအတွက် အချိန်တစ်ချိန် သူ ချန်လှပ်ထားတတ်သေးတယ်ဆိုတာ ကျွန်မသိနေတယ်လေ ။
အဲဒီလိုနဲ့ စောင့်စားရင်း သုံးနှစ်လုံးလုံး သူ့ဘေးမှာ ကျွန်မရှိနေခဲ့တယ်။ စောင့်မျှော်ရတာဟာ ပင်ပန်းလွန်းလှပါတယ် ။ လက်လွှတ်ချင်ပေမယ့်လည်း ရောက်ရှိလာမယ့်ရက် ကို ကြိုတွေးပြီး ကြည်နူးရင်း ဆက်စောင့်မျှော်နေချင်တယ်။ ဒီလို ပင်းပန်းခြင်း နားပန်းခြင်း ပျော်ရွှင်ခြင်း တွေဝေခြင်းတွေဟာ ကျွန်မနဲ့အတူ သုံးနှစ်လုံးလုံး ရှိနေခဲ့တယ်။ ဒီလိုနဲ့ နောက်ဆုံးစာမေးပွဲ နီးလာတော့ တခြားအခန်းကကောင်လေးတစ်ယောက်က ကျွန်မကို အသည်းအသန် ပိုးပန်းတယ်။ စစချင်းမှာ ကျွန်မ ငြင်းဆန်ခဲ့ပါတယ်။ ဒါပေမဲ့ ကောင်လေးဟာ ကျွန်မနှလုံးသားရဲ့ တစ်စိတ်တစ်ဒေသကို တဖြည်းဖြည်းစိုးမိုးလာခဲ့တယ်။
ကောင်လေးကနွေးထွေးတဲ့လေလိုပါပဲ။ ကျွန်မရဲ့ နှလုံးသားသစ်ရွက်ကို လှုပ်ခါအောင် တိုက်နိုင်စွမ်းတယ်။ နောက်တော့ ကျွန်မရဲ့ နှလုံးသားတစ်နေရာမကတော့ပါဘူး။ ကျွန်မရဲ့ နာကျင်ခြင်း စောင့်စားခြင်းတွေနဲ့ ပြည့်နှက်နေတဲ့ နှလုံးသားသစ်ရွက်လေးကို လေနဲ့ အတူ ပျော်ရွှင်မယ့်နေရာကို ကောင်လေးဆွဲခေါ်သွားနိုင်လိမ့်မယ်လို့ ကျွန်မယုံကြည်လိုက်မိတယ် ။ သစ်ရွက်လေး သစ်ပင်ပေါ်က ကြွေကျသွားခဲ့ပါပြီ။ သစ်ပင်ကတော့ပြုံးနေတယ် ။ နေခဲ့ပါလို့လည်းမတားခဲ့ပါဘူး ။
'………………´
#သစ်ရွက်လေးကြွေတာလေရဲ့ခေါ်ဆောင်မှုကြောင့်လားသစ်ပင် ကနေခွင့်မပေးလို့လား…………
Leaf's fall from her Tree , cause of Wind ……or Tree don't give her to live in there ………………
-----await-----®|Hi( 你好 )
how's your feeling?
plz tell me , different feeling of #tree between #leaf !
What's going on between three of them in part of #Wind ?
How do you expect?
NEED YOUR OPTION !
THANKS!
YOU ARE READING
Tree , Leaf & Wind !
Fanfiction#သစ်ရွက်လေးကြွေတာ လေ ရဲ့ခေါ်ဆောင်မှုကြောင့်လား ...... သစ်ပင် က နေခွင့်မပေးလို့လား............ Leaf's fall from her Tree , cause of Wind ......or Tree don't give her to live in there .................. ( 你好 ) Cr:99Saturday