Wind(Xuimin)
ကျွန်တော်ချစ်တဲ့ ကောင်မလေးကို ချစ်စနိုးနဲ့ သစ်ရွက်လို့ခေါ်ခဲ့တယ်။ သူမက သူချစ်တဲ့သစ်ပင်တစ်ပင်မှာ ခံစားချက်တွေကိုဖုံးကွယ်ရင်း မှီခိုနေတယ်။ ကျွန်တော်လေလုပ်ရတော့မယ်။ သစ်ရွက်လေးပျော်ရွှင်အောင် ကူညီစောင့်ရှောက်ပေးရတဲ့ လေလုပ်ရတော့မယ်။ ကျွန်တော်သူ့ကို စပြီးသတိထားမိတဲ့အချိန်ဟာ ကျွန်တော် ဒီကျောင်းကို ပြောင်းလာပြီး တစ်လအကြာမှာပါ။ သေးငယ်ပိန်ရှည်တဲ့ သူ့ကိုယ်လုံးလေးနဲ့ ဘောလုံးကွင်းဘေး မှာထိုင်ရင်း မျက်ဝန်းတစ်စုံဟာ ဘောလုံးလေ့ကျင့်နေတတ်တဲ့ ကောင်လေးတစ်ယောက်ကို စူးစိုက်ကြည့်နေတတ်တယ်။ သူတစ်ယောကါတည်းပဲဖြစ်ဖြစ် သူငယ်ချင်းတွေနဲ့ပဲဖြစ်ဖြစ် အဲဒီနေရာလေးမှာ ထိုင်ပြီး ငေးကြည့်နေတတ်တာ အားကစားအချိန်တိုင်းပဲ။ ကောင်လေးက တခြားကောင်မလေးတွေနဲ့ ရယ်မောနေရင် သူမရဲ့မျက်ဝန်းအိမ်ထဲမှာ မျက်ရည်စတွေနဲ့။ ကောင်လေးသူ့ဘက်လှည့်လာပီဆိုရင် သူ့ရဲ့မျက်ဝန်းမှာ အပြုံးစတွေနဲ့။
သူ အဲ့ကောင်လေးကို အမြဲစောင့်ကြည့်နေတတ်သလိုပဲ။ သူ့ကို အမြဲစောင့်ကြည့်ရမယ့်အလုပ်ဟာ ကျွန်တော့်အတွက် အကျင့်တစ်ခုလိုဖြစ်လာခဲ့တယ်။
တစ်နေ့တော့ ထိုင်နေကျနေရာလေးမှာ သူ့ကိုမတွေ့လို့ ကျွန်တော့်စိတ်ထဲမှာစိုးရိမ်မှုတွေ ဝင်ရောက်လာတယ်။ ဘယ်လိုစိုးရိမ်မှုမျိုးလည်းဆိုတာ ကျွန်တော်မပြောပြတတ်ဘူး။ ဘောလံးကွင်းထဲမှာ သူအမြဲစောင့်ကြည့်နေကျ ကောင်လေးလည်းရှိမနေလို့ ကျွန်တော်စိတ်မချတာနဲ့ သူ့ရဲ့စာသင်ခန်းဘက်ကို အပြေးလာခဲ့မိတယ်။ အထဲကိုကြည့်လိုက်တဲ့အချိန်မှာ ကောင်လေးရဲ့ဆူပူသံ ၊ သူ့ရဲ့ငိုရှိုက်သံ ကောင်လေးရဲ့ထွက်ခွာသံကို ကြားမြင်ခဲ့ရတယ် ။ နောက်ရက်တွေမှာ သူဟာ အရင်လိုပဲ ဘောလုံးကွင်းမှာ ကောင်လေးကို ငေးနေပြန်တယ် ။
ကျွန်တော်သူ့ဘေးကို လျှောက်သွားပီး ပြုံးပြလိုက်တယ်။ နောက် စာရွက်တစ်ရွက်ကမ်းပေးလိုက်တယ် ။
သူကအံ့သြတဲ့ပုံစံနဲ့ ကျွန်တော့်ကိုကြည့်တယ်။ နောက်ပြုံးပြပြီး စာရွက်ကိုယူလိုက်တယ်။ နောက်တစ်နေ့မှာ စာရွက်ခေါက်လေးကို ကိုင်လို့ ကျွန်တော့်အနား သူမ ရောက်လာတယ်။

YOU ARE READING
Tree , Leaf & Wind !
Fanfiction#သစ်ရွက်လေးကြွေတာ လေ ရဲ့ခေါ်ဆောင်မှုကြောင့်လား ...... သစ်ပင် က နေခွင့်မပေးလို့လား............ Leaf's fall from her Tree , cause of Wind ......or Tree don't give her to live in there .................. ( 你好 ) Cr:99Saturday