💓I Need Your Love💓Part-34

810 91 1
                                    

Zawgyi

After 1year ago

Planအိပ်ရာကနိုးနိုးချင်းဝင်လာတဲ့အမှတ်တရတွေ ဝမ်းနည်းချင်းတွေ ဘာလိုလိုနဲ့တစ်နှစ်တောင်ပြည့်သွားပြီ

အိပ်ရာဘေးကပြတင်းပေါက်အပြင်ဘက်ကိုမျှော်ကြည့်နေတဲ့ချစ်ရသူရဲ့နောက်ကျောကိုရုတ်တရတ်ဖက်လိုက်တဲ့Mean

Mean-အချစ်ဘာတွေတွေးနေတာလဲ
ကိုတယောက်လုံးကိုဘေးမှာထားပြီးတော့

စိတ်ဆိုးသည့်လေသံဖြင့်Meanပြောလိုက်သည်

Planနောက်ဖက်ကိုလှည့်ပြီးMeanကိုပြန်ဖက်လိုက်သည်

Plan-ဒီနေ့ဘာနေ့သိရဲ့လားကိုကို

Mean-မသိပဲနေမလား Saintဆုံးတာတစ်နှစ်ပြည့်တဲ့နေ့လေ
ရေမြန်မြန်ချိုးပြီးအဆင်သင့်လုပ်ထားလိုက်လေ ကို့တို့Saintဆီသွားကြမှာမလား

Plan-အင်း

ခေါင်းလေးငြိမ့်ပြကာရေချိုးခန်းထဲဝင်သွားတဲ့သူရဲ့ကလေးလေးကိုကြည့်ရင်းMeanတွေးနေမိသည်

သူ့စိတ်ထဲတွင်တော့Saintကိုသာကျေးဇူးတင်နေမိသည်

Saintဆုံးပြီးတဲ့နောက်မှာPlanကပိုပြီးရင့်ကျက်လာသည် ဟိုအရင်ကလိုကလေးမဆန်တော့
ထို့အတူPerthလဲဒီတိုင်းပင်
အစပြီးကသူ့Companyတွင်ဝင်လုပ်ပြီးအချိန်ခဏလေးအတွင်းမှာပင် Companyခွဲတွေဖွင့်လာနိုင်သည်

Saintသေရတာအမှန်တော့သူ့ကြောင့်ပင်
သူသာPlanကိုကောင်းကောင်းကာကွယ်မည်ဆိုရင်Planလဲပြန်ပေးဆွဲမခံရနိုင်
တရားခံကိုသိနေပေမယ့် Perth&Planက တရားမဆွဲခိုင်းပဲအမှုကိုပိတ်ခိုင်းခဲ့သည်
သူတို့ကပြောကြတော့ Saintကဒီလိုမျိုးမလိုချင်ဘူးဆိုပြီးတော့
ဘာပဲဖြစ်ဖြစ်Saintအတွက်တရားမျှတမှုကိုတော့ပေးချင်မိသည်

Plan-ကိုကို ကိုကိုလို့ဆို

Mean-အချစ်ရယ်လန့်လိုက်တာ ဘာလို့အကျယ်ကြီးခေါ်တာလဲ နီးနီးလေးကို

Plan-ခေါ်နေတာဖြင့်ကြာပြီ ဘာတွေတွေးနေမှန်းမှမသိတာ

Mean-ဟုတ်ပါပြီ ကိုအတွေးလွန်သွားလို့
လာ အောက်မှာ Breakfastပြင်ပြီးပြီသွားစားကြမယ်

💖I NEED YOUR LOVE💖[Completed]Nơi câu chuyện tồn tại. Hãy khám phá bây giờ