လူသတ်မှုကျူ.းလွန်ခြင်းပြသနာ

246 22 9
                                    

အပိုင်း-၄:အသုဘအိမ်

Sမြို့တော်ရဲ့အသုဘအိမ်ဝင်ပေါက်မှာတော့
ငွေဖြူ ရောင်spyker C8ကားတစ်စီးက
ပါကင်ထိုးလာတယ်။ဒီနေရာဝန်းကျင်က
ဖြတ်သွားဖြတ်လာလူတွေနည်းပေမဲ့လဲ
ဒီလိုမျက်စိနောက်လောက်အောင်
တောက်ပနေတဲ့ပြိုင်ကားတစ်စီး
ှရောက်လာခြင်းအပေါ် အားလုံးက
စိတ်ဝင်စားနေကြလေတယ်။
Armaniမီးခိုးရောင်ကုတ်ကိုဝတ်ထားပြီး
Gucciနေကာမျက်မှန်ကိုတပ်ဆင်လို့
ကားထဲကထွက်လာသူကတော့
ပိုင်ယွီထန်ဘဲဖြစ်တယ်။မင်းတို့ကတော့
သူ့ကိုနာမည်ကြီးတစ်ယောက် ဒါမှမဟုတ်
မော်ဒယ်တစ်ယောက်လို့ထင်မိသွားကြမဲ့အပြင်
သူကရဲအရာရှိတစ်ယောက်ဖြစ်လိမ့်မယ်လို့
မင်းတို့တွေ ဘယ်တော့မှ တွေးမိကြမှာ
မဟုတ်ပေဘူး။

ကျန်ကျောက်ကတော့စိတ်ပျက်လက်ပျက်ပုံနဲ့
ကားထဲကနေထွက်လာရှာတယ်။

" ဘယ်သူကမှမင်းကိုအပြစ်မပြောဘူးလား? "

" ဘာအပြစ်ပြောရမှာလဲ? "

ပိုင်ယွီထန်ကနေကာမျက်မှန်ကိုချွတ်လိုက်ပြီး
အိမ်ထဲကိုလှမ်းဝင်လိုက်တယ်။

" မင်း အဲ့ဒီ$400,000တန်တဲ့ကားမောင်းပြီး
ရဲဋ္ဌာနကိုဝင်လိုက်ထွက်လိုက်လုပ်တဲ့အခါ
ဘယ်သူကမှမင်းကိုအပြစ်မပြောကြဘူးဆိုတာ
ငါလုံးဝမယုံဘူး "

" ဒီကားကငါ့အစ်ကိုပေးတဲ့လက်ဆောင်လေ
ပြီးတော့ ဒါဥပဒေနဲ့လွတ်ကင်းတဲ့ငွေတွေနဲ့
ဝယ်ပေးတဲ့ကားဘဲဟာ "

ပိုင်ယွီထန်ဟာပုခုံးအသာတွန့်ပြရင်း
ဆက်ပြောလိုက်တယ်။

" ငါဒီကားကိုကြိုက်တယ်။ဒါကအသံရဲ့
အလျင်လိုဘဲမောင်းနှင်နိုင်တယ် ပြီးတော့
ဒါကလူဆိုးတွေဖမ်းဖို့သုံးရင်တော့
ပထမတန်းစားဘဲလေ။ "

" အာ $400,000တန်တဲ့spyker C8ကြီးကို
မောင်းပြီးအဲ့ဒီလူဆိုးတွေကိုဖမ်းဖို့
ဘယ်သူကလုပ်ကြလို့လဲ။ဒါ မင်းရဲ့
လူနေမှုပုံစံကို တိတိကျကျဖွင့်ဆိုလို့
မရဘူးဆိုတာကိုပြနေတာဘဲ။ "

" ကောင်းပြီကြောင်လေး ငါက
ငါ့မိဘတွေဆီကနေမွေးလာထဲက
ပုံမှန်လူတစ်ယောက်မဟုတ်ဘူးဆိုတဲ့အချက်ကို
မင်းကသက်သေပြဖို့ကြိုးစားနေတာဘဲ။"

S.C.I Mystery Special Criminal Investigation(Myanmar Translation) Where stories live. Discover now