အသတ်ဆိုတာ ဗျည်းနဲ့သရရဲ့ အောက်မှာပဲရှိပါတယ်..အသတ်အုပ်စုက 7 စုရှိပါတယ်..အခု ပထမဆုံး သံပြင်းအသတ် 3 ခုကိုပြောပြပါ့မယ်နော်..
ㄱ - -ဂ်
ㄷ - -ဒ်
ㅂ - -ဘ်
" -ဂ် '' က ပါးစပ်ပြီးထွက်တဲ့ အသံပါ..
" -ဒ် '' က လျှာဖျားကို အပေါ်သွားဖုံးမှာကပ်တဲ့ အသံပါ..
" -ဘ် '' က ပါးစပ်ပြီး အသံပြတ်ပါ...
-ဂ် ရဲ့အဖွဲ့ဝင်တွေကတော့...
ㄱ > ㄲ , ㅋ ( 악 ) 앆 앜
အဲ့ဒါကြောင့် ㄲ,ㅋ သတ်တွေကိုလည်းㄱ သတ်သံပဲထွက်ပါတယ်နော်...
-ဒ် ရဲ့အဖွဲ့ဝင်တွေကတော့..
ㄷ > ㅌ,ㅅ,ㅆ,ㅈ,ㅊ,ㅎ ( 앋 ) 앝 앗 았 앚 앛 앟
အဲ့ဒါကြောင့် ㅌ,ㅅ,ㅆ,ㅈ,ㅊ,ㅎသတ်တွေကိုလည်း ㄷ သတ်သံပဲ ထွက်ရပါမယ်...
-ဘ် ရဲ့အဖွဲ့ဝင်ကတော့ ၁ ခုပဲရှိပါတယ်...
ㅂ > ㅍ ( 압 ) 앞
ㅍသတ်ကိုလည်း ㅂသတ်သံပဲထွက်ပါတယ်နော်..တစ်ခုတည်းသော အဖွဲ့ဝင်ပါ..
ဒါကသံပြင်းအသတ် ၃ ခုပါနော်..အခု သံပျော့အသတ် 4 ခုကိုပြောပါမယ်..ကျန်တဲ့ အသတ်အုပ်စု 4 စုပါ...
ㄴ - -န်
ㅁ - -မ်
ㅇ - -င်
ㄹ - -လ်
" -န် '' က လျှာကိုရှေ့ထုတ်ပြီး သွားနဲ့ကိုက်တဲ့အသံပါ...
" -မ် '' က ပါးစပ်ပြီး လည်ချောင်းကထွက်တဲ့အသံပါ...
" -င် '' က ပါးစပ်ဟပြီး လည်ချောင်းကထွက်တဲ့အသံပါ..
" -လ် '' က လျှာကိုလိပ်ပြီး အာခေါင်ကိုကပ်တဲ့အသံပါ...
အခုဆို အသတ်အုပ်စု 7 စုပြီးပါပြီ...
နောက်တစ်ခုက အသတ်နှစ်ခုဆို ရှေ့သံထွက်တာနဲ့ နောက်သံထွက်တာဆိုပြီး ရှိပါတယ်..
YOU ARE READING
Let's study Korean Language
Non-Fictionကိုရီးယားဘာသာအခြေခံလေ့လာချင်သူများအတွက် သိသလောက်လေးမျှဝေပေးတာပါ