* ㄱ,ㄷ,ㅂ သတ်တွေဖြစ်တဲ့ သံပြင်းအသတ်တွေနောက်မှာ ㄱ,ㄷ,ㅂ,ㅅ,ㅈ တို့ရှိရင် ㄲ,ㄸ,ㅃ,ㅆ,ㅉ အဖြစ်ပြောင်းပြီးအသံထွက်ရပါမယ်..
받다 ဆိုရင် 바အောက်မှာㄷသတ်ရှိတဲ့အတွက် 다ကို 따 အဖြစ်ပြောင်းဖတ်ပေးရပြီး မင်နီနဲ့ရေးတဲ့အတိုင်းအသံထွက်ပေးရမှာဖြစ်ပါတယ်..
"ဘာဒ်တာ'' ဆိုပြီးထွက်ရပါမယ်..ㄱ,ㄷ,ㅂ သတ်ကြီးပဲပြောင်းဖတ်ရမှာမဟုတ်ပါဘူးနော်...သူတို့ရဲ့အဖွဲ့ဝင်အသတ်တွေတွေ့လည်း နောက်ကပြောထားတဲ့ ဗျည်းတွေအသံပြောင်းဖတ်ရပါမယ်နော်..
( အသတ်အဖွဲ့ဝင်တွေကို ရှေ့အပိုင်းမှာပြောပြပြီးသားပါနော်)
*နောက်မှာ ㅇ ဗျည်းရှိရင်တော့ ရှေ့ကအသတ်ကို ㅇဗျည်းနေရာပြောင်းပြီး အသံထွက်ပေးရပါတယ်...
* ㄱ,ㄷ,ㅂ သတ်နောက်မှာ ㅎ ဗျည်းရှိရင်တော့ ㅋ,ㅌ,ㅍ အသံပြောင်းဖတ်ပေးရပါတယ်..
목욕하다 မှာဆိုရင် ㄱ သတ်ကနောက်ကㅇနေရာကိုရောက်သွားပါတယ်..ဘာလို့ဆို ㅇက အသံမရှိဗျည်းဖြစ်တဲ့အတွက်ကြောင့်ပါ..요အောက်က ㄱသတ်ကလည်း နောက်က ㅎနဲ့ပေါင်းပြီး ㅋ ဖြစ်သွားပါတယ်..အဲ့တာကြောင့် မင်နီနဲ့ရေးထားတဲ့အတိုင်း ''မိုဂယိုခါဒါ '' လို့အသံထွက်ပေးရပါတယ်..
YOU ARE READING
Let's study Korean Language
Non-Fictionကိုရီးယားဘာသာအခြေခံလေ့လာချင်သူများအတွက် သိသလောက်လေးမျှဝေပေးတာပါ