"ကိုစန္ဒီ့  ကိုပိုဂရုစိုက်ပေးနော် ကိုကအရမ်းဂရုစိုက်တတ်တဲ့ပုံမဟုတ်ပေမယ့်စန္ဒီကအရမ်းအားငယ်တတ်တာမို့ကိုနားလည်ပေးနော်"
တစ်ခါတစ်လေကျတော့စန္ဒီမှားများနေလား
တစ်ချို့မိန်းကလေးတွေဆိုသူတို့ကောင်လေးရဲ့ချစ်ခြင်းကိုအပြည့်အဝရကြသလိုပဲစန္ဒီတစ်ယောက်ပဲဘာလို့ချစ်သူရဲ့ဂရုစိုက်မှုကိုအမြဲတောင့်တနေရတာလဲသူစန္ဒီ့  ကိုချစ်မှချစ်ရဲ့လားလို့ပူပန်နေမိတာလဲ စန္ဒီကပဲလောဘကြီးနေတာလားအလိုကြီးအရနည်းဖြစ်နေတာလားစန္ဒီရဲ့အချစ်ဦးဖြစ်သလိုစန္ဒီ့ကိုချစ်တတ်စေတဲ့သူမို့စန္ဒီသူ့ကိုယုံထားတယ်သူစန္ဒီကိုချစ်ပေမယ်မချစ်ပြတတ်တာဖြစ်မှာပါ"ခုလည်းငါမင်းကိုဂရုစိုက်တာပဲဒါငါ့ဂရုစိုက်ခြင်းမိုင်ကုန်ပဲမကျေနပ်ရင်မင်းထပ်ရှာလို့ရတယ်မင်းမှာပေါပါတယ်"
"ကိုရယ်ဘာလို့မကျေနပ်ရင်ထပ်ရှာရမှာလည်းကိုရယ်စန္ဒီကစန္ဒီ့  စိတ်ကိုကိုသိထားအောင်ပြောပြတာပါစန္ဒီလိုချင်တာကိုပြောပြတာပါ"
"ငါ့တစ်ခြားကောင်လေးတွေနဲ့လာလာမယှဉ်နဲ့ငါကငါ"
"စန္ဒီယှဉ်နေလို့လားကိုကကိုမို့ချစ်ခဲ့တာကိုလည်းသိတာပဲ"
"ငါအိပ်ချင်ပြီဖုန်းချလိုက်တော့မယ်"
"တီ........"
စန္ဒီသိပါတယ်ကိုစိတ်ရှုပ်သွားပြီဆိုတာ
တစ်ခုခုဆိုဘာမှမပြောတော့ပဲရှောင်သွားတတ်တာကို့အကျင့်လေ
ဒါကြောင့်လည်းစန္ဒီနားလည်ပေးနိုင်ပါတယ်အရမ်းတွေးပြီးမခံစားဖြစ်ဘူး
စန္ဒီကကိုမို့ကို့ကိုချစ်တာပါ*****
"ဟဲ့စန္ဒီ နင့်မှာလည်းအမြဲငိုနေတာပဲဟာ "
တပတ်ကိုနှစ်ခါတော့စန္ဒီအမြဲငိုတတ်တယ်ခုလည်းသီဟနဲ့အပြင်ခဏသွားပြီးပြန်လာခါရှိသေးတရှုံ့ ရှုံ့နဲ့
စန္ဒကအသဲငယ်တဲ့သူမျိုးသူငယ်ချင်းတွေနဲ့စကားအခက်မသင့်ဖြစ်ရုံတောင်သူကငိုတတ်တယ်
စန္ဒီကပွင့်လင်းတယ်သူ့ရင်ထဲမှာတစ်ခုခုလျှို့ဝှက်ပြီးမနေတတ်ဘူးပြီးတော့အရှိအတိုင်းနေတယ်သိပ်ပြီးမူယာမာယာတွေမထားတတ်ဘူး
အဲ့တာကြောင့်ဟိုကောင်ကောင်းရဲရင့်ကဂျိုကြွနေတာ
စန္ဒီသူ့ကိုချစ်တာသူသိတယ်စန္ဒီ့  ကိုဆိုနိုင်တယ်
တစ်ခုခုဆိုန္ဒီကပဲအလျော့ပေးတာများတယ်သူကဆင်ခြေဆင်နားရွက်ပြလိုက်တာနဲ့စန္ဒီကပစ်ယုံပေးနားလည်ပေးတော့တာပဲ
စန္ဒီ့  ကိုလည်းသံသာနားမလည်ပါဘူး ပုံမှန်အပေါင်းအသင်းတွေကတော့စန္ဒီဆိုတာထက်မြက်ရဲရင့်ပြီးအဆင်ပြေနေတဲ့သူလို့မြင်ကြမှာ အချစ်နဲ့ဆိုရင်တော့ဘာလို့အနေမှန်းမသိဘူး
မဟုတ်ဘူးကောင်းရဲရင့်နဲ့ဆိုရင်လုံးဝမျက်စိသူငယ်နားသူငယ်နဲ့ဖြစ်နေတတ်တဲ့စန္ဒီခုလည်းသူ့ကြောင့်ပဲနေမှာပေါ့"သူလေ
သူကငါ့ကိုချစ်တယ်ဆိုတာထင်ယောင်ထင်မှားဖြစ်တာနေမှာတဲ့""အာ စန္ဒီကလည်းစတာနေမှာပါမချစ်ပဲဘယ်သူကတွဲမှာလဲစန္ဒီရဲ့မငိုနဲ့မငိုနဲ့"
"မဟုတ်ဘူးတကယ်နေမှာ သူ့ကိုအဆက်အသွယ်မလုပ်နဲ့တဲ့ စန္ဒီမှားသွားတာ စန္ဒီသူ့ကိုစိတ်ရှုပ်အောင်လုပ်မိလိုက်တာ
စန္ဒီမshareရင်ဘာမှမဖြစ်ဘူး
အက်တာကြောင့်သူစန္ဒီ့ ကိုမချစ်ဘူးဆိုတာသေချာသွားတာ...... ""တိတ်ပါစန္ဒီရယ် စန္ဒီကဘာshareတာလည်း"
"မချစ်ပြတတ်ဘူးဆိုတာမရှိဘူးမချစ်ပြတာပဲရှိတာ
သူလာပြောသင့်တယ်လေစန္ဒီ့ကိုချစ်ပါတယ်လို့ ဘာလို့ထင်ယောင်ထင်မှားဖြစ်တာလို့ပြောရတာလဲ
စန္ဒီလိုချင်တာကစန္ဒီကိုချစ်ပါတယ်လို့ပြောစေချင်တာ သူနားလည်မှုလွဲသွားတာနေမှာစန္ဒီမရှဲယ်သင့်ခဲ့ဘူး""စိတ်အေးအေးထားနော် အိပ်လိုက်ထပ်မငိုနဲ့တော့သူကအခြားစိတ်ရှုပ်စရာရှိလို့နေမှာပါနောက်နေ့မနက်ဆိုအဆင်ပြေသွားမှာ"
စန္ဒီရယ်နင်ကကောင်းရဲရင့်တစ်ခုခုဆိုနင့်အပစ်လို့ပဲတွေးပစ်တော့တာပါလား......
*****
ဘေးနားကတရှုံ့ရှုံ့နဲ့မို့ကြည့်လိုက်တော့
"ဟဲ့ဟဲ့ စန္ဒီ စာသင်ချိန်ကြီးလေ ဘာဖြစ်ပြန်ပြီတုန်း"
"သူငါ့ကိုချစ်တယ်တဲ့ ငါဝမ်းသားလွန်းလို့"
"ရော့ရော့tissueနက်သုတ်အုံး"
စန္ဒီနင့်ငါနားမလည်တော့ဘူး.....
#Aမွန်းသေချာစိတ်နှစ်ပြီးရေးထားပါတယ်နော်
#ပထမဆုံးဖန်တီးခြင်းမို့အဆင်မပြေရင်လည်းနားလည်ပေးပါလို့
#feedbackလေးတွေပြန်ရေးပါလို့
#love you ❤
#စန္ဒီ့ အချစ်ကိုဘယ်လိုသဘောရလဲဟင်
YOU ARE READING
အချစ်သာဆိုရင်
Short Storyအချစ်စစ်ဆိုတာကိုယုံကြည်မိပြီ # ဒီficလေးကိုပထမဆုံးစရေးဖြစ်တာမို့အမှားတွေပါပြီးဖတ်ရသိပ်အဆင်မပြေရင်ခွင့်လွတ်ပေးပါနော်ပထမဆုံးficလေးမို့short storyလေးအတိုင်းပေါ့ပေါ့ပါးပါးလေးပဲရေးသွားမှာပါနော် Aမွန်းရဲ့ဖြစ်မျှော်လင့်ချက်တစ်ချို့ကိုကိုယ်တိုင်ခံစားပြီးကြို...