Part 9

121 8 0
                                    

*****

"မေမေ မေမေ သာစတွေ့ပြီမေမေ သားသူ့ကိုတွေ့ပြီ"

"ရောသားငယ်အလောတကြီးနဲ့ မေမေထွက်မပြေးပါဘူးသားရဲ့"

ဓာတ်ပုံလေးတစ်ပုံနဲ့ပြေးဆင်းလာသောသားငယ်
လွန်ခဲ့တဲ့ဆယ်နှစ်ကပြောက်သွားတဲ့သားရဲ့အပြုံးများကိုမာလာပြန်တွေ့လိုက်ရတယ်
သားဘာလို့များဒီလောက်ပျော်နေပါလိမ့်
ဟို .......

မာလာ့စိတ်တွေအတိတ်ဆီသို့

"မေမေဖေဖေ
ကိုကိုကြီးကိုကိုလေး
သိတယ်မို့လားသွန်းမိန်းကလေးမဖြစ်ချင်ဘူး သွန်းကိုကိုကြီးကိုကိုလေးတို့လိုဝတ်ရတာကစားရတာကြိုက်တာမေမေသိတယ်မို့လား
သွန်းကိုယောက်ျားလေးနာမည်ပြောင်းပေး
ပြီးတော့သွန်းယောက်ျားလေးလိုနေချင်တယ်"

သွန်းအစားမစားပဲအခန်းထဲနေနေခဲ့တာ
အားလုံးနဲ့လည်းစကားမပြော
တစ်အိမ်လုံးကအထွေးလေးတစ်ဦးတည်းသောသမီးလေးမို့သူကြိုက်သလိုသာနေစေခဲ့တာ
ခုလိုမျိုး သမီးလေးကယောက်ျားလေးစိတ်ဝင်နေတာသတိတော့ထားမိခဲ့တယ် သူ့အရွယ်ရောက်ရင်အဆင်ပြေသွားမယ်လို့ပဲ မာလာကောကိုကောတွေးထားကြတာ
ခက်တာကသမီးလေးကမိန်းကလေးဆိုပေမယ့် ကလေးယူနိင်ဖို့သားအိမ်ပါမလာခဲ့ဘူး
ခုထိအပျိုဖော်ဝင်ဖို့စဦးလက္ခဏာတွေမတွေ့ရဘူး
တစ်ကိုယ်လုံးကယောက်ျားလေးတစ်ယောက်နဲ့မထူးမခြား
ခုမိသားစုနဲ့မျက်နှာချင်းဆိုင်ပြီးပြောနေပုံကသေချာဆုံးဖြတ်ထားတဲ့ပုံ
ဆယ်နှစ်သမီးအရွယ်လေးကခုလိုရင့်ကျက်ပုံပြနေတော့

"ကိုကို"

ကိုကတော့နားလည်တဲ့ပုံနဲ့ခေါင်းညိမ့်ပြပြီး

"သွန်းလေး ဖေဖေပြောမယ် ဖေဖေတို့အတွက်သွန်းလေးဟာဖေဖေတို့ရင်သွေးပဲ ဖေဖေတို့သမီးလေးရချင်ခဲ့ကြတာ သွန်းလေးမွေးပြီးတော့ဖေဖေတို့ပျော်လိုက်ကြရတာ
အကယ်၍ သွန်းဟာသားလေးအဖြစ်နဲ့ဆိုလည်းဖေဖေတို့ကကိုယ့်ရင်သွေးလေးမို့ချစ်ကြမှာပဲ
သွန်းလေးစိတ်ကိုသာသေချာအောင်မေးပါ
အချိန်ယူပြီးစဉ်းစားပါ
ဒီလောက်ပဲ အားလုံးအဆင်ပြေသလိုသာနေကြနော်
ဖေဖေစာကြည့်ခန်းထဲရှိမယ် "

အချစ်သာဆိုရင်Where stories live. Discover now