မနက်ခင်း လေပြေညှင်းက တိုးဝှေ့စွာတိုက်ခတ်နေသည်။ မော်တော်ကားသံများနှင့် သွားလာလှုပ်ရှားနေသော လူများလမ်းမမှာပြည့်နှက်လျက်။ အနွေးထည်တွေ ဝတ်ဆင်ထားသည်က Koreaဧ။် ချမ်းအေးမှုကို ဖော်ပြနေသယောင်။
Busကားဂိတ်တွင် ရုံးသွားရန်ကားစောင့်နေသော လူများကတိုးဝှေ့လျက်...
ကားတစ်စီးလာပြီးသည်နှင့် ပျောက်ကွယ်သွားသောလူတစ်စု...ထိုကားဂိတ်ရဲ့မနီးမဝေးမှာတော့ ဆေးရုံတစ်ခု...
အခြားသော ဆေးရုံများနှင့်မတူရသည်မှာ ဆေးရုံဝင်းထဲတွင် ပန်းခြံတည်ရှိခြင်း.....
ပန်းခြံထဲတွင် မနက်ခင်းမို့ လေ့ကျင့်ခန်းလုပ်နေကြသောသူများကိုတွေ့ရသည်။ဘုရားသခင်ဧ။်အလိုအရ ကောင်းကင်ဟာကြည်လင်နေသည်။တိမ်တိုက်များကင်းစင်ကာ ငှက်များကတေးသီကျူးနေသည်။ ပုံမှန်မဟုတ်သည့် Sunday Morningသာဖြစ်လေသည်။
ထိုဆေးရုံဧ။်အခန်းတစ်ခုရဲ့ ခုတင်ပေါ်မှာတော့ ကောင်းကင်ကိုငေးကြည့်နေရှာတဲ့ ကောင်လေးတစ်ယောက်....
Seong Woo-Niel ဆေးရုံဆင်းတော့မှာကို ခုတင်ပေါ်တက်ထိုင်နေသေးတယ် ငေးမနေနဲ့ အန်တီကိုလာကူ
အကြောင်းအရင်းမရှိ ကောင်းကင်ကိုထိုင်ငေးနေသာ DanielကိုSeong Wooဆူလိုက်ခြင်း...
*Nielအကြောင်းမဲ့သက်သက် ကောင်းကင်ကိုကြည့်နေတဲ့အမူအရာကို ကျွန်တော်မကြိုက်။ သူ့ကိုကြည့်ရင်း မကောင်းတဲ့အငွေ့အသက်တွေရလာသည်။ဒါကြောင့် ဆူလိုက်ကာ လာကူခိုင်းခြင်းဖြစ်သည်။
ဒီလောက်ထိခိုက်ပြီးပြီပဲ တော်ပြီပေါ့...*Niel ကျွန်တော်နဲ့Ommaကိုလာကူကာ ဆေးရုံမှထွက်လာကြသည်။
Ommaကတော့စကားတွေပြောနေသလောက် Nielကတော့ ကြားပုံမပေါ်..သူ့အတွေးတွေကိုဘာတွေလွှမ်းမိုးနေပါလိမ့်။အိမ်အပြန်ကားပေါ်မှာလဲ မှိုင်တိုင်တိုင်နဲ့ ကောင်းကင်ကိုငေးတုန်း...